ကပ်ခွာ ခွာကပ် ဂွပ်ဂွပ်ဂွပ်
ကျနော်က ကျောင်းဆင်း အင်ဂျင်နီယာတစ်
ယောက် မဟုတ်ပါဘဲနဲ့ အလုပ်မှာ ဆရာတွေ
စီနီယာ အကိုတွေရဲ့ သင်ကြားပေးမှုတွေ အထိ
အတွေ့များမှုတွေကြောင့် မော်တာတွေကို မဂ္ဂနပ်
နဲ့ မောင်းတဲ့ပုံစံတွေကို တပ်ဆင်လာနိုင်ခဲ့ပါ
တယ်။ အတန်းပညာကလဲ နည်း၊ အတန်း ပညာနည်းတော့ အသိပညာကလဲနည်း၊
အသိပညာနည်းတော့ စိတ်ဓာတ်ပါညံ့ဖျင်းလှတဲ့
ကျနော်ဟာ ဒီလိုမျိုး မဂ္ဂနပ်တွေ ကို ကြိုးတွေဝင်
ပြီး ဂွပ်ဂွပ်နဲ့ ကပ်အောင် ဆင်နိုင်လာတဲ့ အခါမှာ
တော့ နဂိုကတည်းက စိတ်ဓာတ်ညံ့ဖျင်းပြီးသား
ကျနော်ဟာ စိတ်ဓာတ်အောက်တန်းကျ သူ
ပညာတတ်ရင် ဂုဏ်မောက်ယုတ်မာလာတယ်
ဆိုတဲ့ အတိုင်း တတ်သည့် ပညာအပေါ်မှာ မာန်
တက်ယုတ်မာ လာပါတော့တယ်။
ကျနော်သိနေ တတ်နေတာလေးကို အဟုတ်ကြီး
ထင်ပြီး ဘဝတူ လုပ်ဖော်ကိုင်ဘက်တွေ အပေါ်
မှာလည်း ငါသိငါတတ်ဆိုပြီး မာန ထားတတ်
လာတာပေါ့ ကိုယ့်ဆရာတို့ရာ။ ကျနော့ရဲ့ လုပ်
ဖော်ကိုင်ဘက်တွေက သူတို့နားမလည်လို့ တစ်
ခုခုအကြောင်းကို မေးရင်လည်း ကျနော်က ကျနော်သိတာကို ပြောမပြဘဲ ဝေ့လည်ကြောင်ပတ်နဲ့
ပညာကို လျှူိ တတ်လာတဲ့အထိ စိတ်ဓာတ်က
အောက်တမ်းကျလာပါတယ်။
တစ်နေ့တော့ စက်ရုံ တစ်ခုအတွက် pannel ကို
မီးဆင်ကြတာ မဂ္ဂနပ် တွေ အများကြီးထည့်ဆင်
ပေးရပါတယ်။ အဲဒီအချိန်မှာ ကျောင်းဆင်းညီလေး တွေကလည်း အတွေ့အကြုံ လာယူတဲ့ အနေနဲ့ ကျနော်တို့အလုပ်ထဲမှာ ဝင်လုပ်နေတဲ့ အချိန်
ပေါ့။ ကိုယ့်ဆရာတို့လဲ ကျနော့စိတ်ကိုသိနေပြီပဲ
ဟာ။ ဒီလို မဂ္ဂနပ် တွေ ဆင်ပြီဆိုရင် ကျနော်
ပညာပြရတော့မှာမို့လို့ ကျနော်ပျော်ပြီလေ။
တကယ်လည်း မဂ္ဂနပ် တွေဆင်မယ့်အခါလည်း
ကျရော ဆရာက ပုံလေးတွေထုတ်ပေးပြီး ပုံထဲက အတိုင်းဆင်ကြဖို့ ပြောလာတဲ့အခါမှာတော့။
ကျောင်းဆင်းညီလေးတွေက ခေါင်းလေးတွေ
တငြိမ့်ငြိမ့်နဲ့ ဆရာပြောနေတာတွေ နားလည်
နေသလောက်၊ ကျနော်ကတော့ ဒုန်းဝေးပါပြီ။
ကိုယ့်ဘာသာကိုယ် ဆင်ဆိုရင်တော့ ဂွပ်ဂွပ်နဲ့
ဆင်နိုင်ပေမယ့် ပုံတွေဘာတွေနဲ့ ရော့အင့် ဒီ
တိုင်းဆင်ဆိုရင် မလုပ်တတ် မကိုင်တတ်တော့
တာ ကျနော့ လို ပညာမဲ့တွေရဲ့ ထုးံစံပဲများလား
ကိုယ့်ဆရာတို့ရာ။
အဲဒီနေ့က ကျနော့်ရဲ့ပုံစံကိုတော့ ကိုယ့်ဆရာတို့
မြင်မိမှာပေါ့၊ ဆရာနဲ့ ကျောင်းဆင်းညီလေး တွေ
Pannel ကို အားရပါးရ ဆင်နေကြတဲ့ အခါမှာ
သူတို့အားလုးံရဲ့ helper အဖြစ်နဲ့ ကုပ်ကုပ်နဲ့ ခိုင်းတာမှန်သမျှ တောက်တိုမယ်ရလုပ်နေရတာကို။
ညနေထုးံစံအတိုင်း လက်ဘက်ရည် ဆိုင် ထိုင်
ကြတော့။ ဆရာက သူတို့ဒီနေ့ဆင်ကြတဲ့
စတား ဒယ်တာ control ပတ်လမ်းရဲ့ ပုံအကြောင်း ကျောင်းဆင်းညီလေးတွေကို ရှင်းပြပေးနေ
ပါတယ်။
ပုံမှာ N ဟာ Mc တွေရဲ့ A2 တွေကို join ရပြီး
Timmer မှာတော့ သူအလုပ်လုပ်ဖို့ မီးကြွေးရတဲ့
နံပါတ်ဟာ 7 နဲ့ 2 ဖြစ်ပြီး၊ 7 ကို phase 2 ကို N
ကြွေးရမှာဖြစ်တာကြောင့် ၊timmer ရဲ့ 2 ကိုလည်း N ဆက်ထားရမှာဖြစ်ကြောင်း၊
ုပြီးရင် source တစ်ခုက လာတဲ့ phase ဟာ
Overload 95 ကို အရင်ဝင်၊ 96 ကနေstopကိုဝင် ၊ ကြိုးနှစ်ပင် ပြန်ထွက်လာပြီး တစ်ပင်က မိန်းမဂ္ဂနပ် 43၊
နောက်တစ်ပင်က start ခလုပ်ရဲ့ တစ်ငုတ်ကို
ဝင်ကြောင်း၊ start ရဲ့ နောက်တစ်ငုတ်ကနေ
ကြိုးနှစ်ပင် ထပ်ထွက်လာပြီး တစ်ပင်က ဒယ်တာမဂ္ဂနပ် 31 နဲ့ နောက်တစ်ပင်က စတားမဂ္ဂနပ် 44
ကို သွားကြောင်း၊ တစ်ဖက်မှာ လည်း ခုနက မိန်းမဂ္ဂနပ် 43 မှာရောက်နေပြီးတဲ့ နေရာကနေ မိန်းမဂ္ဂနပ်44 ကနေ ကြိုးနှစ်ပင် ထပ်ထွက်လာပြီး တစ်ပင်က မိန်းမဂ္ဂနပ် A1 ကိုဝင်ပြီး၊ နောက်တစ်ပင်က စတားမဂ္ဂနပ် 31 ကို ဝင်သွားကြောင်း၊
တစ်ဖန် စတားမဂ္ဂနပ် 44 မှာ ရောက်နေတဲ့ ကြိုး
နေရာမှနေ စတားမဂ္ဂနပ် 43 ကနေပြန်ထွက်လာပြီး စတားမဂ္ဂနပ် 31 နေရာမှာ မိန်းမဂ္ဂနပ် 44 ဘက်ကနေလာတဲ့ကြိုးနဲ့ အတူတူလာပေါင်းပြီးဝင်
ကြောင်း၊ ပြီးရင် စတားမဂ္ဂနပ် 32 ကနေထွက်လာပြီး ဒယ်တာမဂ္ဂနပ် A1 ကို ဝင်သွားကြောင်း၊
ဒယ်တာမဂ္ဂနပ် 31 မှာ ဝင်နေတဲ့ကြိုးကလည်း
ဒယ်တာမဂ္ဂနပ် 32 ကနေ နှစ်ချောင်းပြန်ထွက်
လာပြီး တစ်ချောင်းက timmer ရဲ့ 7နဲ့ နောက်တစ်ပင်က timmer ရဲ့ 5 ကို ဝင်သွားကာ
Timmer ရဲ့ 6 ကနေပြန်ထွက်လာပြီး စတားမဂ္ဂနပ် A1 ကိုဝင်သွားကြောင်းရှင်းပြနေပါတယ်။
စတားဒယ်တာ ပတ်လမ်းအလုပ် လုပ်ပုံက
N မှာတော့ mcရဲ့ A2 တွေနဲ့ Timmer ရဲ့2 မှာ
ရောက်နေပြီ။ OL 95. 96 ကို ဖြတ်စီးလာတဲ့
လျှပ်စစ်ဟာ stop ကိုရောက်။ stop ကနေ mc 43နဲ့. Start ကိုရောက်ပြီး လျှပ်စစ်ဟာ ဆက်လက်မစီး နိုင်တော့ပဲ စောင့်နေရတယ်။
ဒါဟာ သူ့ရဲ့ မော်တာမောင်းဖို့ ခလုတ်မနှိပ်ခင်
အခြေအနေ။ start ခလုပ်နှိပ်လိုက်တာနဲ့ လျှပ်စစ်ဟာ start ကိုဖြတ်စီးပြီး လမ်းကြောင်းနှစ်ခုနဲ့
လာပါတယ်။ တစ်ခုက စတားမဂ္ဂနပ် 44 ကိုရောက်ပြီး ဟိုဘက်ကို ဆက်စီးလို့မရပဲ စောင့်နေပြန်
ပါတယ်။ နောက်တစ်ခုက ဒယ်တာ 31. 32 ကနေ ဖြတ်စီးပြီး လမ်းကြောင်းနှစ်ခုထပ်ကွဲကာ
တစ်ခုက timmer ရဲ့ 7 ကို လျှပ်စစ်ရောက်ပြီး
Timmer ကို အလုပ်လုပ်စေတယ်။
နောက်တစ်ခုက timmer ရဲ့ 5.6 ကိုဖြတ်စီးပြီး
စတားမဂ္ဂနပ် A1ကိုလျှပ်စစ်ရောက်ပြီး စတား
ကပ်သွားတယ်။
ဒီအချိန်ထိ start ခလုတ်ကို မလွှတ်ရသေးဘူး
သဘောထားလိုက်။ စတားကပ်သွားတဲ့အတွက်
စတားမဂ္ဂနပ် 44 မှာစောင့်နေတဲ့ လျှပ်စစ်ဟာ
စတား 43 ဘက်ကိုကူးသွားပြီး စတား 31 ကို
ရောက်ပါတယ်။ ဒီအချိန်ဟာ စတားကပ်နေတဲ့အတွက် စတား 31 ဟာ 32 ဘက်ကို မကူးနိုင်သေးဘဲ စောင့်နေပြန်တယ်။ ဒါပေမယ့် အဲဒီ စတား 31 မှာ နှစ်ချောင်းဝင်ထားတာကို သတိရ
လိုက်။ တစ်ချောင်းက ခုကောင်ဆိုရင် နောက်
တစ်ချောင်းက မိန်း 44 ကလာတဲ့ကောင်။ ဒီ
တော့ လျှပ်စစ်က မိန်း 44 ဘက်ကို ဆက်စီးပြီး
အဲဒီမိန်း 44 မှာလည်း ကြိုးနှစ်ချောင်းဖြစ်ပြီး
တစ်ချောင်းက မိန်း 44 ကနေ မိန်း A1 ကိုသွားတာဖြစ်တဲ့ အတွက် ဒီအချိန်မှာ မိန်း ကပ်သွား
တယ်။
မိန်းကပ်ပြီဆိုရင် မိန်း 43.44 ဟာထိသွားပြီး အရင်က မိန်း43 မှာစောင့်နေတဲ့ လျပ်စစ်ဟာလည်း
မိန်း44 ဘက်ကို ဆက်စီးလာပြီး မိန်း A1 နဲ့ စတား 31 ဘက်ကို ထပ်ရောက်လာတယ်။
ဒီအချိန်မှာ start ကိုလွှတ်လိုက်ပြီလို့ သဘောထား။ ဒါဆိုရင် start ဘက်က လာနေတဲ့ လျှပ်စစ်ဟာပြတ်တောက်သွားပေမယ့် မိန်း 43.44
ဘက်ကလာတဲ့ လျှပ်စစ်နဲ့ စတားတို့ timmer တို့
မိန်းတို့ဟာ အလုပ်ဆက်လုပ်နေတယ်။
Timmer ဟာသတ်မှတ်ထားတဲ့ အချိန်ပြည့်လို့
Timmer ရဲ့ 5 နဲ့ 6 ဟာကွာသွားပြီး စတားပြုတ်
သွားပါတယ်။ စတားပြုတ်ပြီးဆိုတာနဲ့ စတား 44နဲ့ 43 က ပြန်ကွာသွားပြီး စတားနဲ့ timmer
ဘက်ရောက်နေတဲ့ လျှပ်စစ်ကို ဖြတ်ချလိုက်ပါ
တယ်။ စတား 31. 32 ကပြန်ထိသွားပြီး စတား
31 မှာ အသင့်စောင့်နေတဲ့ လျှပ်စစ်က စတား 32
ကိုကူးသွားလို့ ဒယ်တာ A1 ကို လျှပ်စစ်ရောက်ပြီးဒယ်တာကပ်သွားပါတော့တယ်။
ဒယ်တာ ကပ်သွားတဲ့အတွက် ဒယ်တာ 31.32
ဟာလည်းကွာပြီး စတားဘက်မှာ လျှပ်စစ်မဝင်
အောင် lock လုပ်ထားလိုက်တယ်။ ဒီအချိန်မှာ
စတားတို့ timmer တို့မှာ မီးမရောက်တော့ပဲ
မိန်းနဲ့ ဒယ်တာတို့ အလုပ် လုပ်နေကြပြီဖြစ်တယ်။ အိုဗာလုပ် ကြောင်း ol 95.96 ကွာသွားလို့ပဲ
ဖြစ်ဖြစ် stop နှိပ်လိုက်လို့ stop နှစ်ငုတ်ကွာသွားလို့ပဲဖြစ်ဖြစ် သူတို့အောက်ပိုင်းက ပတ်လုးံတစ်ခုလုးံ လျှပ်စစ်ပြတ်သွားပြီး မော်တာမမောင်းခင်က
အခြေအနေကို ပြန်ရောက်သွားတယ်။
ဒီပတ်လမ်းမှာ မိန်းနဲ့ စတားကပ်တဲ့ဖြစ်စဉ်မှာ
စတားအရင်ကပ်ပြီးမှ မိန်းကပ်တဲ့အတွက် စတား
မဂ္ဂနပ် မှာ spark ထွက်တာသက်သာစေပြီး
စတားမဂ္ဂနပ် ကို သက်တမ်း ကိုကြာကြာခံစေ
တယ်။ ဒယ်တာကပ်သွားတဲ့ အချိန်မှာ Timmer
မှာ မီးမရောက်တော့တဲ့အတွက် Timmer ကို
ကြာရှည်ခံစေတယ်။ နောက်ပြီး ဒယ်တာပတ်လမ်းမှာ စတား NC ကိုထားတယ်။ စတားပတ်လမ်း
မှာ ဒယ်တာ Nc ကိုထားပြီး electrical interlock. လုပ်ထားတဲ့အတွက် စတားနဲ့ ဒယ်တာဟာ ဘယ်တော့မှ တစ်ပြိုင်တည်းမကပ်တော့ပဲ စတားကပ်နေစဉ် ဒယ်တာမကပ်နဲ့ ။
ဒယ်တာကပ်နေစဉ် စတားမကပ်နဲ့ ဆိုပြီး
Lock လုပ်ပေးထားတယ်လို့ရှင်းပြပါတယ်။
စိတ်ပုတ်တဲ့ကျနော်ဟာ ဆရာရှင်းပြနေတာကို
နားသာထောင်နေတယ်၊ ဘာမှနားမလည်ပါဘူး။ကပ်ခွာ ခွာကပ် ဂွပ်ဂွပ် ဂွပ်ပဲကြားနေပါတော့
တယ်။
interesante informacion lo felicito
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good you post.
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit