Bail clamp ခေါ် Stirrup clamp နှင့် Hot line clamp

in steemit •  7 years ago 

Tap ထုတ်မယ်

ဓာတ်အားဖြန့်ဖြူးရေး စနစ်မှာ Overhead Main လိုင်းတွေကနေ လိုင်းခွဲလို့ဖြစ်ဖြစ်၊ ထရန်စဖေါ်မာ ကိုဝင်ဖို့ပဲဖြစ်ဖြစ် ကြိုးခွဲထွက်ခြင်း (Tap လုပ်ခြင်း) အတွက် PG clamp သုံးမည့်အစား 90̊ Tap ထုတ်သည့်နေရာတွင် သုံးသည့် Bail clamp ခေါ် Stirrup clamp နှင့် Hot line clamp တို့ကို သုံးသင့်ပါသည်။ သို့မှသာ T ပုံစံ 90̊ Tap ကို ရရှိမည်ဖြစ်ပါသည်။

image

PG clamp သည် Parallel groove clamp ဆိုသည့်အတိုင်း အပြိုင်ဖြစ်နေသော ကြိုး ၂ ချောင်းကိုဆက်သည့်နေရာမှာ သုံးသော clamp ဖြစ်ပါသည်။ T ပုံစံ Tap ထုတ်ခြင်းအတွက် မသင့်တော်ပါ။ ထိုသို့မသင့်တော်သောကြောင့် PG clamp တပ်ပြီး 90 Tap ဖြစ်အောင်ကြိုးကို အတင်းချိုးရခြင်း၊ Tap ထုတ်သည့်ကြိုးကို ဘေးနားမှာတဲ့အရာတွေနဲ့ ဟိုချည်ဒီချည် အတင်းကြီး လုပ်ရခြင်းများ ရှိတတ်ပါသည်။ Application မတူတာကို အတင်းသုံးသည့်အတွက် ဖြစ်ပါသည်။

image

တပ်ဆင်နည်းမှာ Bail clamp ခေါ် Stirrup clamp ကို Run conductor ဟုခေါ်သည့် Main လိုင်း (တည့်တည့်သွားသည့် လိုင်း) ပေါ်တွင်တပ်၊ ထို့နောက် Hot line clamp တွင် Tap ကြိုးကိုတပ်ခါ Stirrup clamp တွင်ပါသည့် Stirrup (မြန်မာလို မြင်းကုန်းနှီးခြေနင်း) တွင် Hot line clamp ကို လာတပ်ရတာ ဖြစ်ပါတယ်။ အကယ်၍ Fault တစ်ခုခုဖြစ်ပါက Main လိုင်းကြိုးကို မထိခိုက်ပဲ Stirrup နေရာ Hot line clamp နေရာတို့မှာသာ ပြုတ်ပျက်ထွက်ကုန်တာ ဖြစ်ပါတယ်။ အမေရိကန်၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် ကမ္ဘာအနှံ့အပြား အသုံးပြုကြပါတယ်။

image

ဗီယက်နမ်လုပ် Stirrup clamp နှင့် Hot line clamp တစ်စုံကို မြန်မာငွေ ၃ သောင်း၊ 3 phase ၃ စုံအတွက် ၉ သောင်းကျပ်ခန့်တော့ ကျနိုင်ပါတယ်။ ဗီယက်နမ် Hardware & fittings တင်သွင်းသူတွေ လွယ်ကူစွာ တင်သွင်းရောင်းချနိုင်ပါတယ်။ သက်ဆိုင်ရာ လျှပ်စစ်အဖွဲ့အစည်းများအနေနှင့် သူ့ Application နှင့်သူ သင့်တော်သော ပစ္စည်းများကိုအသုံးပြုခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

လေးစားလျက်
အေးကျော်ကျော်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!