Battery

in steemit •  7 years ago 

5.jpg

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာဖြစ်လုပ်တဲ့ ၅၆ကြိမ်မြောက် ဘက်ထရီဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုမှာ ဘက်ထရီအမြန်အားသွင်းနည်းပညာသစ်တစ်ခုကို Huawei ရဲ့ Watt Lab က နမူနာပြသခဲ့ဖူးပါတယ်..
အဲဒီ နည်းပညာသစ်ကတော့ lithium-ion ဘက်ထရီတစ်လုံးကို ၅ မိနစ်အတွင်း ၅၀% ရောက်အောင် သွင်းနိုင်တဲ့စနစ်ပါ..
နမူနာဗွီဒီယိုတစ်ခုမှာ 3000mAh ဘက်ထရီတစ်လုံးကိုဖြုတ်ပြီး အားသွင်းခွက်နဲ့ ၅ မိနစ်အားသွင်းပြခဲ့ရာမှာ ၄၈% အားပြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်..
မနေ့က Youtube ပေါ်မှာတင်လိုက်တဲ့ Huawei ရဲ့ ကြော်ငြာဗွီဒီယိုတစ်ခုမှာ အဲဒီစနစ်ကို မြင်တွေ့ခဲ့ကြတာပါ..
ဒီဗွီဒီယိုကိုမြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်သူတွေက Huawei ဟာ အမြန်အားသွင်းနိုင်တဲ့ နည်းပညာတစ်ခုကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဖေဖေါ်ဝါရီ ၂၆ ကနေ မတ်လ ၁ ရက်နေ့ထိ ကျင်းပမယ့် ကမ္ဘာ့ မိုဘ Mobile World Congress (MWC) မှာ တရားဝင် ထုတ်ဖေါ်ပြသဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်..
အချိန် ၂ နှစ်ကြာ ပြင်ဆင်တီထွင်မှုတွေလုပ်ပြီးတဲ့နောက် Huawei ရဲ့ အမြန်အားသွင်းနည်းပညာဟာ တော်သင့်တဲ့ အဆင်ပြေမှုတွေရှိနေနိုင်တယ်ဆိုတာကို သံသယဖြစ်ဖွယ်မရှိဘူး လို့လည်း ပြေကြပါတယ်..
Huawei ရဲ့ အမြန်အားသွင်းစနစ်ဟာ physical ပိုင်းရော၊ Chemical ပိုင်းမှာပါ lithium-ron အားသိုလှောင်မှုစနစ်ကို အမြန်ဖြည့်ဆည်းပေးတဲ့ mulecular structure ဖြစ်တယ်လို့ Huawei က ပြောပါတယ်..
ဒီလို အမြန်အားသွင်းလိုက်လို့ ဘက်ထရီသက်တမ်းကို ဘာမှထိခိုက်စရာမရှိဘူးလို့လည်း Huawei က ရှင်းပြထားပါတယ်..
ဒါပေမယ့် ပြဿနာတစ်ခုက ကျွန်တော်တို့ ဖုန်းထဲကနေ တိုက်ရိုက်အမြန်အားသွင်းလို့ရမှာမဟုတ်ဘဲ သီးခြား Charger တစ်ခုနဲ့ သွင်းရမှာပါ.. ဘက်ထရီအသေတပ်ဆင်ထားတဲ့ဖုန်းတွေအတွက်တော့ ဒါဟာ အဆင်ပြေမယ့် နည်းလမ်းမဟုတ်ပါဘူး..
Huwei ဟာ Charger ကို ဒီထက်သေးအောင်လုပ်ပြီး ဖုန်းဘက်ထရီကို ဖြုတ်စရာမလိုတဲ့ နည်းစနစ်နဲ့ ပွဲထုတ်လာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း...

4.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @poem777! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!