စိတ်က မိဘအတွက်
ခန္ဓာကိုယ်က လင်ယောင်္ကျားအတွက်
အချိန်တွေက သားသမီးအတွက်
ကိုယ့်အတွက်တော့ မျက်နာပေါ်က
အရေးအကြောင်းတွေရယ်
ပင်ပန်းနွမ်းနယ်မှု့တွေပဲ ကျန်ခဲ့တယ်။
လှပလွန်းရင် အန္တရယ်များတယ်
ရုပ်ဆိုပြန်တော့လည်း
ဘယ်သူမှအဖက်မလုပ်ချင်
ပွင့်လင်းတော့
အပေါစားထင်မယ်
စကားနည်းတော့
ပေါင်းသင်းရခက်တယ်
တကိုယ်တည်းနေမယ်ဆိုတော့
လိုချင်တဲ့သူမရှိလို့တဲ့....
အိမ်ထောင်ပြုတော့လည်း
လွတ်လပ်မှု့ရှုံးဆုံးပြန်တယ်...။
ကိုယ်ယူလိုက်တဲ့
လင်ယောင်္ကျားက
ခန့်ညားလွန်းတော့လည်း
သူများအတွက် အလွယ်တကူ
ဖြစ်ပြန်တယ် မချောတော့လည်း
ကိုယ့်အမြင်က နိပ့်ကျတယ်ဖြစ်မယ်
ကလေးမယူပြန်တော့လည်း
မိန်းမ မပီသဘူး ကဲ့ရဲ့ကြမယ်
ယူပြန်တော့လည်း ပင်ပန်းရတာကိုယ်ပဲ။
ပြန်မှ အလုပ်ထွက်လုပ်တော့လည်း
အိမ်မှု့ကိစ္စ မပိုင်နိုင်ဘူ
အပြင်ပဲထွက်ချင်တယ် ပြောမယ်
ငွေမရှာပြန်တော့လည်း
အရည်အချင်းမရှိဘူး
ယောင်္ကျားကိုပဲ
အားကိုးနေတယ် ပြောဦးမယ်။
အလှပြင်ပြန်တော့လည်း
ပဲများတယ်ပြောမယ်
မပြင်ပြန်တော့လည်း
မိန်းမဖြစ်ပြီး သပ်ရပ်မှု့မရှိ
မပြင်းကြီးတယ် ပြောမယ်။
သူငယ်ချင်း မရှိတော့
စိတ်ညစ်တဲ့အခါ
ရင်ဖွင့်စရာမရှိပြန်တယ်
သူငယ်ချင်းများပြန်တော့လည်း
ရှုပ်ရှုပ်ရှက်ရှက် နဲ့
အတည်တကျ မရှိဘူး ပြောမယ်။
တကယ်တော့ လောကကြီယမှာ
မိန်းမသားတွေက ကိုယ်ပိုင်တဲ့
အချိန်ဆိုတာ မရှိဘူး.....
မိန်းမဖြစ်ရတာ
ယောင်္ကျားဖြစ်ရတာထက်
ခက်ပြီးရင်းခက်နေတော့တယ်။
မိန်းမဖြစ်ရတာ အယူဝါဒအရ
မမြတ်ရင်သာနေမယ်.....
ယောင်္ကျားတွေထက်နိပ့်ကျတာမရှိဘူး...
ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ
အားနွဲ့တယ်ထင်ရပေမယ့်
စိတ်ဆင်းရဲဒုက္ခတွေကို
ယောင်္ကျားတွေထက် ပိုပြီး
ဒဏ်ခံနိုင်စွမ်းရှိတယ်.....။
good
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit