မန်းတလေးမြို့  အမရပူရမြို့ နယ် မှာ တည်ရှိသော ဦးပိန်တံတားဟာ
မန်းလေးမြို့ရဲ့အထင်ကရ သမိုင်းဝင်နေရာတခုအဖြစ် လူသိများကြပါတယ်
မြန်မာပြည်သို့ အလည်လာရောက်ကြသူ နိုင်ငံခြားသားများ လာရောက်လေ့လာကြည့်ရှု့ သော နေရာတခုလည်းဖြစ်ပါတယ်ရှင်
ဦးပိန်တံတားကို သစ်သားတိုင်လုံးများဖြင့် 1849ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး 1851ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်
တံတားအရှည်မှာ 0.75မိုင် ရှည်လျားပြီး အင်းဝဘုရင်ဟာ အမရပူရသို့ ရွှေ့ပြောင်းနေထိုင်စဉ်မှာ ဘုရင့် အမှုထမ်းမြို့တော်ဝန်ဖြစ်သော ဦးပိန်ကဆောက်လုပ်ခဲ့ခြင်းဖြစ်သောကြောင့် ဦးပိန်တံတားဟု အမည်တွင်ပြီး တောင်တမန်အင်းကို ဖြတ်ကူးရာပေါင်းကူးတံတားလည်းဖြစ်ပါသည်
photo#google search
မိုးရာသီရေတက်ချိန်တွင်တမျိုး
နွေရာသီရေကျချိန်တွင်လည်းတမျိုး
နေထွက်ချိန် နေဝင်ချိန်တွင်လည်းတမျိုး
တံတားကြီး၏ အလှမှာ ပေါ်လွင်ထင်ရှားပြီး အမှတ်တရလာရောက်ဓာတ်ပုံရိုက်သူများဖြင့် စည်ကားလှပါတယ်
photo#google search
ရေတက်ချိန်မှာတာင်တမန်အင်းရဲ့ရေပြင်မှာ လှေ ငှက် သဗ္ဗာန်များစီးကာတံတားကြီးကိုကြည့်ရှု့ ရတာလဲပျော်စရာကောင်းလှပါတယ်
photo#google search
ရေကျချိန်မှာလည်း အင်းမှမြေများကို သီးနှံများစိုက်ပျိုးကြပြီး တံတားပေါ်မှနေ၍ ရှု့ ခင်းအလှကို တမျိုးခံစားနိုင်ပါတယ်
photo#google search
တောင်တမန်အင်းရဲ့ပတ်ဝန်းကျင်မှာလည်း ဈေးသည်များ လှေ သဗ္ဗာန်များဖြင့်
လာရောက်သူတို့ အဆင်ပြေစွာ စားသောက်လည်ပတ်ရန်လည်း အလွယ်တကူဖြင့် အဆင်ပြေလှပါတယ်
photo#google search
ကျမတို့ မန်းလေးမြို့ရဲ့ အထင်ကရသမိုင်းဝင်နေရာတခုဖြစ်တဲ့ ဦးပိန်တံတားကိုလည်း လာရောက်လေ့လာကြည့်ရှု့ ရင်း မန်းလေးမြို့ရဲ့ တခြားသမိုင်းဝင်နေရာအများကိုလည်း လာရောက်လေ့လာဘို့ ဖိတ်ခေါ်ပါတယ်ရှင်
great
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit