ရွှေလင်ဗန်းနဲ့အချင်းဆေးသူ
လူမှုရေးတော့ ညံ့တတ်တယ်။
' ချစ်သေးရဲ့လား ' လို့
ခဏခဏ မမေးပါနဲ့
အကြွေးပူပြီး ခေါင်းရှုတ်နေတာ
နင်မသိဘူး။
မချစ်လည်း လွမ်း
မုန်းလည်း လွမ်းနဲ့
အလွမ်းနဲ့ နေ
လွမ်းရင်း သေမယ့်
ချစ်မိုက်သားကောင်
ဘဝမှောင်မို့
ကိုယ့်အတွက်ဆို
ယမင်းပျိုရဲ့
အသည်းတံခါး ပိတ်၍ သွားခဲ့ ။
လိုချင်တာ မိဖုရား
ညားတော့ ဘုရင်မတော့အဖြစ်မခံဘူး ၊
ချော်လဲရောထိုင်လျှပ်ပြေးအလုပ်နဲ့
မိန်းမထဘီနားကပ်စားတဲ့သူထဲ ငါမပါဘူး ၊
မင်းလမ်းခွဲချင်ရင် ငါ့ဘက်ကအဆင်သင့် ။
အလှည့်ကျ မနွဲ့ကြစတမ်းလို့
ကြံဖန်ကြုံးဝါးတတ်တဲ့ လူစားတွေထဲ
ငါမပါဘူး ။
လက်မတွဲနိုင်တော့ရင်
ကိုယ့်အသိနဲ့ ထွက်သွားပေါ့ ။
မချစ်လို့ မုန်းတာကို
အပြစ်မမြင်ဘူး ။
ငါ့ချွေးနည်းစာလေးတွေကို
အကြောင်းအမျိုးမျိုးပြပြီး
ဖြုန်းပစ်ခဲ့တာကိုပဲ
ဒေါသထွက်တာ ~~~
စိတ်ကူးယဉ် နှလုံးသားကို
အတွေးအိပ်မက်တွေနဲ့
အသက်သွင်းနိုင်ဖို့အတွက်
ငါ့ကို မင်းချစ်မှဖြစ်မယ် ။
ရွာကျော်ခဲပစ်ပြီး
ရည်းစားလေးတစ်ယောက်ထားမိပါတယ်။
အသဲကွဲတာပဲအဖတ်တင်ရဲ့ --------
ရာဇဝင်ထဲမှာ -
သီဟဗာဟု ပစ်လိုက်တဲ့မြားက
ပန်းဖြစ်သွားသတဲ့ ။
ပစ္စုပ္ပန်မှာ -
မင်းပစ်လိုက်တဲ့ အမုန်းမြားက
ငါ့ရင်ထဲက အသွေးအသားကိုဖောက်ခွင်းပြီး
ငါ့အသည်းကို ကြွေစေတယ် ။
မမြင်ကွယ်ရာ
မလှမ်းမကမ်းမှာ
နာကျင်စရာတွေနဲ့
ငါ လွမ်းလိုက်ပါ့မယ် ။
အလှကိုချစ်တာဟာ
မေတ္တာတဲ့လား ?
ဒါဆို -
မြင်သူငေးလောက်တဲ့
မင်းအလှတရားကို
ငါစွန့်ခွါသွားတော့မယ် ။