လူရိုင်းများနှင့်တွေ့ဆုံခဲ့ခြင်း

in steemit •  7 years ago 

image

بسم الله الر حمن الر حيم

လူရိုင်းများနှင့်တွေ့ဆုံခဲ့ခြင်း

(စေကန်ဒရ်) ဘုရင်ကြီးရောက်ရှိနေသော ထိုအနောက်ဖက်အစွန်းဆုံးရှိ ဗွက်အိုင်ကြီးအနီးတွင် နေထိုင်ကြသော လူမျိုးများသည် လုံးဝယဉ်ကျေးမှုမရှိသော လူရိုင်းများနေထိုင်လျက်ရှိကြသည်။

တိရစ္ဆာန်များကို ဖမ်းယူစားသောက်ကြသည်။ တိရစ္ဆာန်များ၏သားရေကို ကိုယ်ခန္ဓာများအပေါ်တွင် ရစ်ပတ်ထားကြသည်။

ထိုလူမျိုးစုတို့သည် မည်သည့်သာသနာဝင်မျှ မဟုတ်ကြပေ။

ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ထိုလူရိုင်းများအား အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးကွယ်မှုနှင့်ပတ်သတ်ပြီးဟောကြားရန် (အိလ်ဟာမ်) အသိပေးခြင်းဖြင့် (စေကန်ဒရ်) မင်းကြီးအား အမိန့်ပေးတော်မူခဲ့သည်။

ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်က (စေကန်ဒရ်) မင်းကြီးအားထိုလူရိုင်းများ အလ္လာဟ်အရှင်မြတ် ရှိတော်မူကြောင်း ငြင်းဆန်ပါက လူရိုင်းများကို ပြုလုပ်လိုရာပြုပိုင်ခွင့်အာဏာပေးခဲ့လေသည်။ ကျေးကျွန်အဖြစ် ပြုလုပ်လိုပါက ပြုနိုင်သည်။ ချုပ်နှောင်လိုကချုပ်နှောင်ပိုင်ခွင့်ရှိသည်။

မင်းကြီးသည် အလ္လာဟ်အရှင်မြတ်၏ ကူညီစောင်မမှုကို တောင်းခံပြီးနောက် သာသနာပြုလေ၏။ လူရိုင်းများသည် အံ့သြစွာဖြင့် နားထောင်ကြလေသည်။ ကမ္ဘာလောကကြီးနှင့် မိုးကောင်းကင်ရှိ နေ လ နက္ခတ်တာရာများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တန်ခိုးတော်ကို နာခံလျက်ရှိကြောင်းနှင့် အဖန်ဆင်းခံများသာဖြစ်ကြောင်း လူရိုင်းများသိရှိနားလည်းပြီးနောက် အလ္လာဟ်အရှင့်မြတ်ရှိတော်မူကြောင်း အီမာန်ယူခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကိုလည်း နားလည်လိုက်နာကြကုန်သည်။

သို့ဖြင့် ထိုလူရိုင်းများ၏ စိတ်နှလုံးသားအတွင်း၌ အီမာန်ပြည်စုံသော အဆင့်အတန်းသို့ ရောက်ရှိကြသောအခါ (စေကန်ဒရ်) မင်းကြီးသည် ကမ္ဘာကြီး၏ အရှေ့ဘက်ခြမ်းသို့ ခရီးထွက်ရန် ပြင်ဆင်တော်မူလေသည်။

(ဟဇရသ် မော်လာနာ ကာရီ မုဟမ္မဒ် ယူနွတ်(စ်) ဆရာကြီးရေတာထားသည်)
(စေကန်ဒရ် ဘုရင်မင်းကြီးအကြောင်းနှင့် အဆ်ဟာဗေ့ကဟဖ် ထူးဆန်းဂူတွင်းလူသားများ အကြောင်းစာအုပ်မှကောက်နှုတ်တင်ပြပါသည်)

بنده محمد بلال @ Islam Light့ 

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!