ဆင်​နဲ​ခွေး

in steemit •  7 years ago 

" "ဆင်က ဆ​င်​​​ခွေးကခွေး ၊ သင်က သင်…သူက သူ

စကားပုံ​လေး တခုကြားဖူးတယ်​….
ဆင်​ အလုပ်​ ဆင်​လုပ်​ ၊ မြင်း အလုပ်​ မြင်းလုပ်​တဲ့…
စကားပုံ​လေးက ရိုးရှင်းပါတယ်​၊ ဆင်​​တွေရဲ့
အလုပ်​ကို မြင်းကလုပ်​လို့မရဘူး….အဲ့လိုပဲ မြင်းရဲ့
အလုပ်​ကိုလဲ ဆင်​​တွေ မလုပ်​နိုင်​ဘူး…အဲ့ဒီစကားပုံ​လေးနဲ့ ထပ်​တူနီးပါကျတဲ့စာစုလေးပါ။

တစ်ခါက ဆင်တစ်ကောင်နဲ့ခွေးတစ်ကောင်တို့ဟာ တစ်ချိန်တည်း ကိုယ်ဝန်ဆောင်ကြပါတယ် ။ သုံးလကြာတဲ့အခါခွေးမ
ဟာခွေးလေး ၆ကောင်မွေးပါတယ်​နောက် ၆လမြောက်မှာခွေးမက
ကိုယ်ဝန်ထပ်ဆောင်ပြန်ပါတယ်။

ကိုးလရောက်တော့ခွေး ၁ဒါဇင် ထပ်မွေးပြန်ပါတယ်။အဲဒီအတိုင်းပဲ လည်ပတ်ရင်း ၁၈လ ကြာတဲ့အခါခွေးမဟာ ၃ကြိမ် ကိုယ်ဝန်ဆောင်ပြီး ၃ခါမွေးပြီးသွားပါပြီ။ဆင်မကတော့ ကိုယ်ဝန်ဆောင်နေတုန်းပါပဲ။

ဒီတော့ခွေးမက ဆင်မ ကိုမေးပါတယ်….“ဟဲ့ ဆင်မ နင့်ဟာက ကိုယ်ဝန်ရော ဟုတ်ရဲ့လားဟယ် ၊ ငါဆိုရင် ကလေး ၃ခါမွေးပြီး တချို့တွေဆိုခွေးကြီးတွေတောင်​ဖြစ်နေကြပြီ ၊ နင်က ခုထိကိုယ်ဝန်ဆောင်နေတုန်းပဲလား”​ပေါ့…

ဒီတော့ ဆင်မက ပြန်ဖြေပါတယ်….” ဒီမှာ မခွေးမ ရှင်ပြောတာကို ကျွန်မနားလည်ပါတယ် ၊ ဒါပေမယ့် ကျွန်မလွယ်ထားတာ
ဆင်ပါခွေးမဟုတ်ပါဘူး ၊ ကျွန်မဟာ တစ်ခါမွေးဖို့ ၂နှစ် ကိုယ်ဝန်ဆောင်ရပါတယ်၊

ကျွန်မကလေးမွေးလာတဲ့အခါမြေကြီးက သိတယ် ၊ ဒီဆင်ကလေး လမ်းလျှောက်တဲ့အခါ လူတွေ တအံတသြနဲ့ ရပ်ကြည့်ကြလိမ့်မယ် ၊ ဒီလို ခွန်အားကြီးမားပြီး လူတွေစိတ်ဝင်စားရတဲ့ သန္ဓေသား ကိုယ်ဝန်ကို လွယ်ထားရတာကြောင့် အချိန်ဒီလောက်ကြာနေတာပါ”တဲ့…..

အခြားသူတွေအောင်မြင်သွားချိန်မှာ သင်မအောင်မြင်သေးလို့ သင့်ယုံကြည်မှုတွေ မပျောက်ဆုံးပါစေနဲ့ ၊ သူတို့ကိုလည်း မနာလိုမဖြစ်ပါနဲ့ ၊ကြီးမားတဲ့အောင်မြင်မှုကို ရဖို့ မဆုတ်မနစ်ဇွဲ ၊ ယုံကြည်မှုနဲ့ အချိန်တွေအများကြီး ရင်းရပါတယ်။

သင်လွယ်ထားရတဲ့အောင်မြင်မှုဟာ အခြားသူတွေထက် အများကြီးပိုနိုင်ပါတယ်။အဲဒီတော့ အခြားသူတွေကိုမြင်ပြီး စိတ်ဓာတ်ကျ ၊ မနာလိုဖြစ်နေမယ့်အစား ကိုယ့်ရဲ့မနက်ဖြန်ကို ယုံကြည်မှုခွန်အား အပြည့်နဲ့လျှောက်လှမ်းလိုက်ပါ မိတ်ဆွေ……

cd----- Sai Sain Pha
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

excellent post

a nice post!
I've upvoted your post!