အစားတစ်လိုင်း 😂

in steemit •  7 years ago 

#ရှမ်းခေါက်ဆွဲ လွယ်လွယ်လုပ်စားရအောင်

အစားအသောက်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။ အစားကောင်းအသောက်ကောင်းကို နှစ်သက်တတ်ကြပေမဲ့ ကိုယ်တိုင်စမ်းသပ်လုပ်စားကြဖို့ တော့ အများစုက ၀န်လေးနေတတ်ကြပါတယ်။ မြန်မာပြည်တနှံတလျားခရီးသွားနေသူ သွားဖူးသူဆိုရင် ဘယ်ဒေသမှာ ဘယ်အစားအစာက ထူးဆန်းပြီးအရသာရှိတယ် ဘယ်အစားသောက်ကဖြင့် ၄င်းဒေသရဲ့ ရိုးရာအစားအစာဖြစ်တယ်။ အဲ့ဒေသရောက်ရင် အဲ့ဒီအစားသောက်လေးတော့ မြည်းကြည့်အုံးမှဆိုတဲ့သူတွေလည်း ဒုနဲ့ ဒေးရယ်။

ဟုတ်ပြီ မိမိလည်း လက်လှမ်းမီမယ် တကယ်လည်း ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ရှမ်းခေါက်ဆွဲလို့ အများခေါ်ကြတဲ့ ( ရေစိမ်) ခေါက်ချက်ပြုတ်နည်းလေးကို မေးထားတဲ့ မိတ်ဆွေများအတွက် တတ်သလောက် မှတ်သလောက်လေး မျှဝေပေးချင်ပါတယ်။

ဒီနေရာမှာ တစ်ခုမေတ္တာရပ်ခံချင်တာက အစားသောက် လူနေမှုစတိုင်လ်က လူတစ်ဦးနဲ့ တဦးမတူညီတာကြောင့် ကြိုက်နှစ်သက်ပုံခြင်းလည်း ကွာခြားနိုင်တာကြောင့် မိမိနှစ်သက်တဲ့ အရသာကို ကိုယ်တိုင် တစ်ခါကနေ နှစ်ခါ မြည်းစမ်းပြီး ပြုလုပ်ချက်ပြုတ်ရင်တော့ အရသာထူးကဲပြီး ပိုမိုကောင်းမွန်တဲ့ ရှမ်းခေါက်ဆွဲ တစ်ပွဲတော့ သေချာပေါက်ဖြစ်လာမယ်လို့  တိုက်တွန်းချင်ပါတယ်။ သူများချက်ကျွေးတာတော့ စားကောင်းလိုက်တာ ကိုယ်တိုင်ချက်ရင် စားမကောင်းဘူးဆိုတဲ့သူတော့များပါတယ်။ လူတိုင်း အမေဆီကနေပဲ လက်ဆင့်ကမ်းလာကြတဲ့သူတွေချည်းပဲဆိုတော့ ဇွဲတော့မလျော့ကြနဲ့ ။ အများစုက အပျိုဘ၀မှာ ထမင်းတောင်ကောင်းကောင်းချက်တတ်ကြတာမဟုတ်ဘူး။ အိမ်ထောင်တွေဘာတွေကျ တကယ့်ဘ၀တိုက်ပွဲတွေထဲရောက်မှ ရုန်းရင်းကန်ရင်း စမ်းတ၀ါးဝါးနဲ့ ချက်ရင်းပြုတ်ရင်းနဲ့ မှ ချက်တတ်ကြတာများတယ် :P :P :P

၁။ ပထမဦးစွာ ရှမ်းခေါက်ဆွဲ (ရေစိမ်ပြား) တစ်ထုပ်ကို ၁၂ နာရီလောက်ကြိုတင်ပြီး ရေစိမ်ထားပါ ၂။ ၀က်ရိုး ( ကြက်ရိုး ) နှစ်သက်ရာ ကို ရေစင်အောင်ဆေးပြီးတော့ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ပါ ၃။ ကြက်သွန်ဖြူ အလုံးလိုက်+ ဂျင်းတက်နည်းနည်းကို ထုပြားပြီး အရိုးအိုးထဲထည့် ပြီးရင် သကြားနည်းနည်း ဆားနည်းနည်းကိုရောထည့်ပြီး အရိုးနူးနေအောင် ပြုတ်ထားပါ။ ၄။ ဟင်းအနှစ်အတွက် ကြက်သွန် ဖြူ+နီ ကို ဆီသပ် ပြီး ၀က်သား ( ကြက်သား) ကို အနေတော် အတုံးလေးတွေတုံးထားပြီး တရုတ်ပဲငပိ+သကြား+ရှကောပကော နည်းနည်းထည့်ပြီး ဆီကျန်ရေကျန်လေး လုံးချက်ထားမယ် ၅။ ကြက်သွန်ဖြူ လုံးခွဲထောင်းပြီး ဆီချက် ချက်ထားမယ် ၆။ ငြုပ်သီးဆီချက် ချက်ထားမယ် ၇။ ကြက်သွန်မြိတ်ပါးပါးလေးလွာထားမယ် ဂ။ ပဲရွက် သို့ မဟုတ် ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ထားမယ်
ရှမ်းခေါက်ဆွဲ အသုပ်အတွက်
********************* ရေနွေးပွက်ပွက်ဆူထဲကို ရေစိမ်ခေါက်ဆွဲနဲ့  ပဲရွက်နည်းနည်းကို တစ်ပွဲစာထည့်ပြုတ်မယ် အချိန်အကြာကြီးပြုတ်ဖို့ မလိုပါ။ ခေါက်ဆွဲသားပေါ်မူတည်ပြီးပြုတ်ရန်သာလိုအပ်ပါတယ် ပြုတ်ပြီးဆိုရင်တော့ ထည့်စားပြင်ဆင်မဲ့ပန်းကန်ထဲထည့် မယ် အချိုမှုန့် နည်းနည်းထည့်မယ် ပဲငံပြာရည်အကြည်ထည့်မယ် ပဲငံပြာရည်အနောက် ထည့်မယ် ဆီချက်ထည့် မယ် တရုတ်ပဲငပိထည့်မယ် ချက်ထားတဲ့ ဟင်းအနှစ်ထည့် ကြက်သွန်မြိတ်ဖြူးပြီးသွားပြီဆိုရင်တော့ ခေါက်ဆွဲအသုပ်က အဆင်သင့်ဖြစ်ပါပြီ။ တွဲဖက်မဲ့ ဟင်းရည်ကို ကြက်သွန်မြိတ်လေးခပ် ငြုပ်ကောင်းလေးထည့်ကာ ရှမ်းခေါက်ဆွဲအသုပ်နဲ့ တွဲဖက်စားသုံး နိုင်ပါတယ်။
ရှမ်းခေါက်ဆွဲ အရည်ဖျော်အတွက်
*********************** ခေါက်ဆွဲပြုတ်ထားတဲ့ ပန်းကန်ထဲကို ဟင်းအနှစ်က အဖတ်ကိုထည့် ပဲငံပြာရည်အကြည်ထည့် ဆီချက်ထည့် တရုပ်ပဲငပိထည့် ကြက်သွန်မြိတ်ထည့် တို့ ဟူးကြော်ညှပ်ထည့်ပြီးသွားပြီဆိုရင်…..၄င်းတို့  အပေါ်ကနေ ဟင်းရည်ကို လိုသလောက်လောင်းထည့်ပြီးရင်တော့ ရှမ်းခေါက်ဆွဲ အရည်ဖျော်စားသုံးဖို့ အဆင်သင့်ဖြစ်ပါပြီ
တွဲဖက်စားသုံးဖို့ အတွက် ငြုပ်သီး ၊ မှုန့် ညှင်းချဉ် / မျှစ်ချဉ် အကောင်းဆုံးပါပဲ :D

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @wannakaungkyaw! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @wannakaungkyaw! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!