ဝန်တွေ ထမ်းကြပါစို့ 

in steemit •  7 years ago 

ဝန်တွေ ထမ်းကြပါစို့ 

image

Serve ဆိုတာကို အစေအပါးလုပ်တယ်။ အခိုင်းခံ အသုံးခံတယ်ဆိုတဲ့ သဘောမဟုတ်ဘဲ အကျိုးဆောင်တယ်။ ဝန်ထမ်းတယ်၊ တာဝန်ထမ်းဆောင်တယ်လို့လည်း အဓိပ္ပါယ် ဖော်နိုင်ပါတယ်။ ဒါကြောင့် Civil Servant´Public Servant´ လို့ ပြည်သူ့ဝန်ထမ်း (နိုင်ငံတော်ဝန်ထမ်း) တွေကို ခေါ်ပါတယ်။ ပြည်သူတွေရဲ့ အစေအပါးများလို့ ပြောရင်လည်း မှားမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေရာမှာ အစေအပါးဆိုရာပင် ဂုဏ်သိက္ခာရှိတဲ့ ဝေါဟာရဖြစ်ရခြင်း အကြောင်းက စဉ်းစားစရာ။

`ငွေဝယ်ကျွန်ဆိုတာ မိမိဆန္ဒမပါဘဲ တစ်ပါးသူရဲ့ အစေအပါးဖြစ်ရတဲ့ သဘောရှိပါတယ်´။ ကိုယ်ပိုင်ဆန္ဒအရ အကျိုးဆောင်တာ၊ တာဝန်ယူတာနဲ့ မတူပါဘူး။ စေတသိတ် ကွာခြားမှုပါ။

`မလွဲမရှောင်သာလို့ ခိုင်းတာကို လုပ်ရတယ်ဆိုရင်ပဲ ဘယ်လောက်ပဲ ပေါ့သည့်အလုပ်ဖြစ်စေ၊ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာရပါတယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ လိုလိုချင်ချင် ခံယူလိုက်တဲ့ တာဝန်ဝတ္တရားများဟာ ဘယ်လောက်ခက်ခက်ခဲခဲနဲ့ ပင်ပန်းကြီးစွာ ထမ်းဆောင်စေရကာမူ ကျေကျေနပ်နပ်နဲ့ ပေးဆပ်ခြင်း ဖြစ်တာကြောင့် နှလုံးသားအင်အား တိုးပွားစေပါတယ်´ ..

ပေးဆပ်´ တယ်ဆိုတဲ့ ဝေါဟာရဟာ အင်မတန်မှ လှပပါတယ်။ မိမိက အထက်ကနေပြီး အောက်ကိုချပေးတဲ့ သဘောမဟုတ်ဘဲ မော်ကြည့်တဲ့ အပေးမျိုး။ရယူခြင်း ရဲ့ ဆန့်ကျင်ဘက်မျိုး´ ပါ။

`ပေးဆပ်တဲ့စိတ်နဲ့ ထမ်းတဲ့ဝန်ဆိုတာ အာဏာအမြင့်ဆုံး ဘုရင်ဧကရာဇ်တို့ဦးမှာ ဆောင်းတဲ့ ကျောက်မျက်ရတနာတွေအပြည့်နဲ့ သရဖူထက်ပိုပြီး တောက်ပတန်ဖိုး မြင့်မားပါတယ်။ တကယ်တော့ တန်ဖိုးတောင်ဖြတ်လို့ မရပါဘူး´ ။

အင်္ဂလိပ်ဘာသာစကားမှာ နိုင်ငံဝန်ထမ်းအဖွဲ့ကို Civil Service လို့ ခေါ်သလို ၊ နိုင်ငံရဲ့ လက်နက်ကိုင်ကာကွယ်ရေးတပ်များကို Services လို့လည်း သုံးနှုန်းပါတယ်။ နိုင်ငံအကျိုး သယ်ပိုးရမယ့် နိုင်ငံတာဝန်ထမ်းဆောင်ရမယ့် အဖွဲ့အစည်းတွေပေါ့။ ဒီလိုတာဝန်ထမ်းဆောင်ခွင့် ရသူများဟာ `မိမိတို့ အလုပ်အကိုင်၊ အပြု အမူနဲ့ ပတ်သက်လို့ ဂုဏ်ယူနိုင်စေမယ့် သိက္ခာ၊ သမာဓိနဲ့ ပြည့်စုံတယ်ဆိုရင် နိုင်ငံရဲ့ ဂုဏ်ဟာလည်း ကြီးမားပါလိမ့်မယ်´။ ဒါကြောင့် နိုင်ငံဝန်ထမ်းများ အရည်အချင်းပြည့်စုံရေး၊ စိတ်ဓာတ်မြင့်မားရေးတို့ဟာ အဓိကကျ ပါတယ်။

ဝန်ထမ်းများသာ ပေးဆပ်ခြင်းသဘောနဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူပြည်သား တစ်ဦးချင်းလည်း ကိုယ်နိုင်ရာ နိုင်ရာ တိုင်းပြည်နဲ့ ပြည်သူပြည်သားများအတွက် တာဝန်တွေကို လိုလိုလားလားနဲ့ ကျေပြွန်အောင် ထမ်းဆောင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်။

အထူးသဖြင့် ယခုအချိန်လို ကျွန်မတို့ နိုင်ငံမှာ အကောင်းဘက်ကို ပြောင်းလဲနိုင်မယ့်ကာလမှာ ပေးဆပ်ခြင်းရဲ့ ပီတိကို ခံစားတတ်ကြမယ်ဆိုရင် ဒီပေးဆပ်မှုတွေရဲ့ အသီးအပွင့်တွေကို ကျွန်မတို့ ပြည်ထောင်စုကြီး ခံစားလိုမှာပါ။

ပြည်သူပြည်သားတွေရဲ့ တာဝန်ဟာ ဘာလဲလို့ မေးခွန်းထုတ်သူများ ရှိနိုင်ပါတယ်။ တစ်ဦးချင်းရဲ့ အလုပ်အကိုင်၊ ပတ်ဝန်းကျင်အလျောက်ရှိတဲ့ တာဝန်တွေအပြင်၊ `အားလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ကတော့ ကျွန်မတို့ နိုင်ငံအတွင်း ညီညွတ်မှု၊ အေးချမ်းမှု၊ သဟဇာတဖြစ်မှုတို့ ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ရပ်တွေလို့ပဲ ပြောချင်ပါတယ်။

အချင်းချင်း အပြန်အလှန် နားလည်မှု၊ အပြန်အလှန် လေးစားမှုကို ပြုစုပျိုးထောင်ချင်တဲ့စိတ်ဓာတ်ပေါ် အခြေခံတဲ့ အပြုအမူတွေဟာ တာဝန်သိပြည်သူများရဲ့ သက်ေတပါပဲ။ ကျယ်ဝန်းတဲ့အမြင်၊ နက်နဲတဲ့အမြင်၊ အရှည်ကိုမျှော်မှန်းတဲ့ အမြင်တွေနဲ့ ကျွန်မတို့တွေ လျှောက်လှမ်းသွားနိုင်မယ်ဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ဟာ တင့်တယ်လှပမှာပါ..

ဒေါ်အောင်ဆန်းစုကြည်…

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!