ယနေ့ခေတ်မှာယောက်ျားမိန်းမရင်ဘောင်တန်းလာပြီးကမ္ဘာကြီးကိုထုဆစ်ပုံဖော်ချိန်မှာတစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံရေးကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။လုပ်ငန်းအများစုကပူးပေါင်းဆောင်ရွက်မှုteam workဆိုပြီးဖြစ်လာချိန်မှာဟိုလူကိုတော့မခေါ်ချင်ဘူး ဒီလူကိုလည်းငါစကားမပြောချင်ဘူးဆိုပြီးတစ်ဦးတည်းသီးသန့်နေလို့မရတော့ပါဘူး။
"မချစ်သော်လည်းအောင့်ကာနမ်း"ဆိုသလိုပဲကိုယ်ကမခေါ်မပြောချင်ပေမယ့်တာဝန်အသီးသီးကြောင့်ခေါ်ပြောဆက်ဆံနေရမှာပါ။ထိုကဲ့သို့ပြောဆိုဆက်ဆံဖို့အလွယ်ကူဆုံးနည်းလမ်းလေးကိုအကြံပေးချင်ပါတယ်။
လူတစ်ဦးကိုပြောဆိုဆက်ဆံဖို့ဆိုရင်ထိုလူဟာသင်နဲ့အမြင်ချင်းတူသည့်လူဖြစ်စေအမြင်ချင်းမတူသည့်လူဖြစ်စေကိုယ်ချင်းစာစိတ်လေးပဲထားလိုက်ပါ။သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့စိတ်လေးထားလိုက်ပါ။ဒါဆိုမည်သို့သောလူဖြစ်စေသင်နဲ့အဆင်ပြေသွားမှာပါ။ကျွန်မဘာကြောင့်အခုလိုပြောနိုင်တာလဲဆိုတော့ကျွန်မကိုယ်တွေ့နဲ့ပြောပြခြင်းဖြစ်ပါတယ်။
- Image credit - pixabay
ကျွန်မလွန်ခဲ့တဲ့တစ်ပတ်ကAmerican Centerကိုသွားခဲ့ပါတယ်။ သူငယ်ချင်းအစုံအလင်နဲ့ သွားတာဆိုတော့တစ်လမ်းလုံးဆူညံပွက်လောရိုက်နေတာပါပဲ။ACထဲရောက်တော့ကျွန်မသူငယ်ချင်းနှစ်ယောက်library cardလုပ်နေတာနဲ့ထိုင်စောင့်နေလိုက်ပါတယ်။သိပ်မကြာခင်မှာပဲကျွန်မသူငယ်ချင်းထဲကတစ်ယောက်ရဲ့အသိကလာနှုတ်ဆက်ပါတယ်။ဒါပေမယ့်ကျွန်မသူငယ်ချင်းကသိပ်ပြီးဖော်ဖော်ရွေရွေမပြောခဲ့ပါဘူး။ကျွန်မလည်းအားနာမိပါတယ်။တစ်ဆက်တည်းမှာပဲကျွန်မကိုယ်ချင်းစာစိတ်လေးဝင်လာမိပါတယ်။ကျွန်မသာဆိုကိုယ်သိတဲ့သူငယ်ချင်းတစ်ယောက်ကိုသွားနှုတ်ဆက်တဲ့အခါသူကသေချာမပြောမိရင်ကျွန်မအနည်းငယ်တော့ရှက်ရွံ့မိမှာပါ။ဒါကြောင့်ကျွန်မချက်ချင်းပဲကျွန်မသူငယ်ချင်းအစားလာနှုတ်ဆက်သူကိုပြန်ပြီးစကားပြောလိုက်မိပါတယ်။သိပ်မကြာခင်မှာပဲသူနဲ့ကျွန်မစကားတော်တော်များများပြောမိပါတယ်။နောက်တော့သူကACမှာအလုပ်လုပ်နေသူတစ်ယောက်ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။နောက်ပြီးသူကနောက်တစ်ခေါက်လာလည်ရင်ကျွန်မတို့တွေကိုACကိုလျှောက်ပြပေးမယ်၊မုန့်လည်းဝယ်ကျွေးပါမယ်ဆိုပြီးကတိပေးလိုက်ပါတယ်။
အပြန်ကျတော့ကျွန်မသူငယ်ချင်းတွေကကျွန်မကိုပြောပါတယ်။နင်ကတော်တော်ပေါင်းတတ်သင်းတတ်တာပဲတဲ့။ကျွန်မလူမှုဆက်ဆံရေးမကျွမ်းကျင်ပါဘူး။ဒါပေမယ့်ကျွန်မကိုယ်ချင်းစာစိတ်လေးထားပြီးလူတိုင်းကိုဆက်ဆံပါတယ်လို့ပြောလိုက်ပါတယ်။
နှင်းအိခိုင် ရေးသားသည်။
Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=213