Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%80%99%e1%80%b1%e1%80%94%e1%82%94%e1%80%80%e1%80%94%e1%80%b2%e1%82%94%e1%80%99%e1%80%90%e1%80%b0%e1%80%95%e1%80%ab

စိတ်ဝင်စားရင်တော့ ဒီနေရာကနေ သွားရောက်ကစားနိုင်ပါတယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame
ROR GAME ရဲ့ ရလာဒ်က ဒီနေ့သိပ်ကောင်းနေပါတယ် ကစားရတာ ဂျက်တည့်သွားတော့ တော်တော်လေး အဆင်ပြေပါတယ် မနေ့ကလို အဆင်မပြေသောနေ့မဟုတ်ပါဘူး မနေ့ကတော့ ကစားသာ ကစားလိုက်ရတယ် အဆင့်နှစ်ဆယ်အတွင်းဝင်ပါ့မလား စိတ်ပူနေမိတာပါ ဖြစ်ချင်တော့ မနေ့ကဂိမ်းမှာ ပြိုင်ပွဲဝင်ကစားသမား အတော်နည်းတာနဲ့သွားကြုံပြီး အကျိုးအမြတ်ခွဲဝေမှုမှာ ခွဲတန်းကောင်းကောင်းရခဲ့ပါတယ် မဆိုးဘူးပြောရမှာပါဘဲ အဆင်မပြေတာတွေကြားကဘဲ အဆင်ပြေလာတယ်ဆိုရမယ်

ဒီနေ့မှာတော့ မနေ့ကလိုမဟုတ်ပါဘဲ စကစားတည်းက အခြေအနေကောင်းတွေကြုံရပါတယ် အစမ်းကစားတာတွေလုပ်မနေတာ့ဘဲ ချက်ချင်းဘဲ DIA ပေးပြီး ၀င်ကစ်လိုက်တာပါဘဲ စိတ်ကလည်း ခပ်မြန်မြန်လက်ကလည်း ခပ်မြန်မြန်လှုပ်ရှားလိုက်ပါတယ် အတန်အသင့်လောက်ရတော်ပြီလို့ဘဲ ရည်မှန်းခဲ့ပါတယ် ဖြစ်ချင်တော့ လက်ဆလေးက အနည်းငယ် ကောင်းသွားပုံရပါတယ် အခြေအနေတစ်ခုထိတော့ ရလိုက်တယ်ထင်ပါတယ် အဖြေကတော့ မနက်ဖန်မှသိရမှာဆိုပေမယ့် မနေ့ကလောက်တော့မဆိုးပါဘူး

ဂိမ်းရဲ့ သတင်းထုတ်ပြန်မှုအသစ်ထွက်လာပါတယ် အသစ်အသစ်တွေ ဖန်တီးတာလုပ်ဆောင်ဦးမှာဖြစ်ပေမယ့် လက်ရှီအခြေအနေအတိုင်းဘဲ စတင်ပြီး အသက်သွင်းတော့မယ်လို့ သတင်းသဲ့သဲ့ အရိပ်အမြွတ်ဖွင့်ဟလာပါပြီ မကြာခင်မှာ တရားဝင်စတင်လည်ပါတ်တော့မယ့်သဘောထင်ပါတယ် လက်ရှိမှာ ကစားသူဦးရေ ငါးထောင်ဝန်းကျင်ကို ရောက်တော့မယ်ဆိုလာပါပြီ ဒီဂိမ်းရဲ့ ကြီးကျယ်မှုက စတင်းအပြင်ဘက်ကို ရည်ညွှန်းတယ်ဆိုတာ အစကတည်းက သိပြီးသားဖြစ်မှာပါ တကဘာလုံးက ၀ိုင်းပြီး ကစားနေကြတယ်ဆိုပါတယ် သိပ်ပြီးကြီးကျယ်လာရင်တော့ အကျိုးအမြတ်က မနည်းလောက်ပါဘူး ပေးရင်ရမယ်ဆိုရမှာပါ

ဒါပေမယ့် တစ်ခုတော့ အားမရပါဘူး ကစားသူငါးထောင်ဝန်းကျင်မှာ နေ့စဉ် တန်းစိဇယားဝင်ရောက်ကစားသူက သုံးဆယ် ၀န်းကျင်လောက်သာမြင်ရပါတယ် ဒါကတော့ ကွဲလွဲချက်ပေါ့ ဘယ်အချက်အလက်ကိုအခြေခံပြီး ကစားသူဦးရေ ငါးထောင်နီးပါးလို့ ဆိုတယ် မပြောတက်ပါဘူး ဘာဖြစ်စြဖ်ပါ ဒီဂိမ်းက အခြားစတင်းဂိမ်းတွေထက် တာသွားမယ့်သဘောမှာရှီပါတယ်
Posted from my blog with SteemPress : https://bobokyaw.000webhostapp.com/2020/03/%e1%80%99%e1%80%b1%e1%80%94%e1%82%94%e1%80%80%e1%80%94%e1%80%b2%e1%82%94%e1%80%99%e1%80%90%e1%80%b0%e1%80%95%e1%80%ab
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit