Silver I ရောက်ပြီ

in steempress •  5 years ago  (edited)

ခက်ခက်ခဲခဲနဲ့ ကြိုးစားပြီး သကာလ နောက်ဆုံးမှာတော့ Silver I ကို ရောက်ခဲ့ပြီ ဖြစ်ပါတယ်။

Dec capture rate ကတော့ အတော်ကို ကျသွားပါတယ်။

၅၇ % ပဲ ကျန်ရှိပါတော့တယ်။ နီးလာမှ တင်မဲ့အတူတူ အခုထဲကနေပဲ တင်ထားလိုက်ပါတယ်။ ဒါမှလဲ reward ကဒ် များမျာ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့မနက်တော့ card တွေကို အဆင့်ထပ်မြှင့်လိုက်ပါတယ်။ အချို့ ကဒ်တွေက summoner လယ်ဗယ် ၄ ဖြစ်နေပါပြီ။ အချို့တွေကတော့ လယ်ဗယ် ၃ ပဲ ရှိနေပါသေးတယ်။ သစ်ပင်၊ စစ်သားနဲ့ မီးတော့ လယ်ဗယ် ၄ အထိ မြှင့်ထားပါတယ်။ ရေနဲ့ သရဲ့ကတော့ လယ်ဗယ် ၃ ပဲ ရှိပါသေးတယ်။ စစ်သားမှာ Gold summoner တစ်ကောင် အငှားရထားပါတယ်။ အဲဒီအတွက် စစ်သားကို အရင်တင်လိုက်ပါတယ်။ စစ်သားတပ်ဖွဲ့ကတော့ အတော်လေးကို ကောင်းနေပါပြီ။ Reward ကဒ်တွေကိုပဲ တင်ဖို့ ကျန်နေပါတော့တယ်။ အဲဒီ ကဒ်တွေကတော့ အလကားများရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်နေဆဲပဲ ဖြစ်ပါတယ်။

Legendary နဲ့ gold ဆေးတစ်ဗူးစီ ဝယ်ထားတဲ့အတွက် တစ်ခုခုတော့ ထူးလာမယ်လို့ ထင်ပါတယ်။ GFL တွေ မပေါ်ကရင်လဲ မတတ်နိုင်ဘူးပေါ့ဗျာ။ မျှော်လင့်လျက် စောင့်နေဆဲပါပေါ့။

https://steemmonsters.com?p=battle&id=87afffa9ad4dbcb56cc4109d66e9a36e2be67ad1&ref=mmunited

အပေါ်ကပွဲကတော့ ကံကောင်းလို့ နိုင်သွားတာပါ။ ရှုံးပြီးတောင် ထင်နေတာ။ ကို @aggamun ရေ ဒီတစ်ခါတော့ တစ်ကယ် ရှုံးတော့ မလို့ဗျ။ ဒါပေမဲ့ Pit Orge နဲ့ Giant Roc က သူ့တာဝန် သူကျေသွားပါတယ်။ အဲဒီအတွက် ကျွန်တော့်အနေနဲ့ နိုင်ပွဲ တစ်ခုရလိုက်ပါတယ်။ အခုနောက်ပိုင်း အဲဒီအတွဲကို အတော်သုံးဖြစ်ပါတယ်။ တစ်ဖက်က သွေးဖြည့်တဲ့ ကောင်တွေ ပါလာရင်လဲ အဲဒီအတွဲ သုံးပါတယ်။ မူးနေရင် သွေးလဲ မဖြည့်နိုင် တိုက်လဲ မတိုက်နိုင်ပါဘူး။

နောက်ပြီးတော့ သွေးဖြည့်တဲ့ကောင်ပါလာခဲ့ရင် Selena Sky နဲ့ စစ်သားနဲ့ တွဲသုံးပါတယ်။ သူသွေးဖြည့်တာက ၆ အထိပဲ ဖြည့်နိုင်တာပါ။ ကိုယ်က အဲဒီထက် ၃ လောက်ပိုပစ်နိုင်ရင် သူနှစ်လှည့်ထဲနဲ့ သေပါတယ်။ အဲဒါဆိုရင် ကိုယ့်ဘက်က နိုင်ဖို့များနေပါပြီ။

https://steemmonsters.com?p=battle&id=18a6ef5ee3da5cd1e14370940d51916b273f4b8a&ref=mmunited



Posted from my blog with SteemPress : https://steemhosting.com/?p=137
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဒို ပိုစ့်မှာ ကျနော့ အတွက် မေးစရာ တွေ ထွက်လာတယ်ဗျ။
ပထမ တိုက်ပွဲက miss ပေါ့နော်။ အဲဒီ miss တွေနဲ့ rule တွေနဲ့ summoner တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပြောနေကြတယ်။ ကျနော်လည်း တစ်တွဲ မိထားတယ်။ ဒီ rule ကို ဒီလောက် mana နဲ့ လာရင် အဲဒီ အတွဲသာ မျက်စိမှိတ် စီလိုက် ပွဲသိမ်း။
ဘဒိုက ဆရာ ပိုကျတော့ ကျနော်ပြောတာ ပိုသဘောပေါက်ပါလိမ့်မယ်။

Posted using Partiko Android

Yes. bro.

Hi, @mmunited!

You just got a 2.71% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.