ကယန်းလူမျိုးတို့ ကိုးကွယ်သော ကန်ခွမ်
Credit photo
ကယန်းလူမျိုးစတင်ပေါက်ဖွားစဉ်ကပင် ဤ ကန်ခွမ်(ဝါ) တံခွန်
တိုင်သာသနာတော်ကို တပါတည်း ယုံကြည်ကိုးကွယ်ကြပါသည်
ကရင်နီမျိုးနွယ်မှ ကယားလီ ကယန်းနှင့် ယင်းတလဲ စသော
မျိုးနွယ်(3)ရပ်မှ ယခုထိတိုင်အချို့ သက်ဝင်ယုံကြည်ဆဲဖြစ်ပါ
သည် အခြားဘာသာသက်ဝင်ယုံကြည်ခြင်းမရှိမှီ ကယန်းလူမျိုး
ယုံကြည်သော ဘာသာရပ်တခုဖြစ်သည် ကယန်းဘာသာစကား
အခေါ် ကန်ခွမ်မှာ ”ကန်” သည် တိုင်းပြည်ဖြစ်ပြီး ”ခွမ်” မှာ
ဗွေတော် ဟုခေါ်ရာ တိုင်းပြည်၏ ဗွေတော်ဟု အနက်အဓိပ္ပါယ်
ရသည် ကမ္ဘာ့လူသားများ၏ ယုံကြည်ကြသော ခရစ်ယာန်
အစ္စလမ် နှင့် ဗုဒ္စဘာသာတို့ကဲ့သို့ပင် ကရင်နီမျိုးနွယ်တို့မှ သက်
ဝင်ယုံကြည်သော ကန်ခွမ်(ဝါ) ကေထိုးဘိုး(တံခွန်တိုင်)မှာ
၎င်းရှေးရိုးဘာသာသာသနာနှင့် အမျိုးသား လက္ခဏာတရပ်
ဖြစ်သည် ကမ္ဘာလူသားများအတွက် ထူးခြားသော ကိုးကွယ်မှု
တရပ်ဖြစ်သည် ကန်ခွမ်မှာ အဝိုင်း တရပ်ဖြစ်ပြီး ၄င်အဝိုင်းတွင်
ကန်ထိန်ဘော ကန်တန်ဘော တိုင်များနှင့် ဆန်လူ(သေဆုံးပြီး
သော ရွာလူအတွက် ကတောရိုသေခြင်း)အိမ်ငယ်တော်တို့ကို
နှစ်စဉ် စိုက်ထူလာသော အဝိုင် ဖြစ်သည် ကန်ထိန်ဘော
အဓိပ္ပါယ်မှာ ကမ္ဘာမြေဖြစ်ထွန်းရန် အစပြုခြင်း တိုင်တော်ဖြစ်ပြီး
ကန်တန်မှာ ပူဇော်ခြင်းဆိုင်ရာ အရာတော် မြေတိုင်တော် ဟူ၍
ဖြစ်သည် ကယန်းအခေါ် ကန်ခွမ်(ခ)တိုင်းပြည်၏ ဗွေတော်မှာ
တနည်းအားဖြင့် ဆီလျှော်သောအဖြေက တိုင်းပြည်၏ အလံ
တော် အထိမ်းအမှတ်ဟု ခေါ်ဆိုနိုင်ပေသည် ကန်ခွမ်းဖြစ့်ပေါ်
လာပုံကို ကျမ်းဦး၏ ရှေ့စာမျက်နှာ အခန်း(3)မှ အခန်း (12)
အထိ အကြောင်းအရာတို့တွင် ဖေါ်ပြခဲ့သည့်အတိုင်း ကယန်း
လူမျိုးတို့ ကိုးကွယ်ယုံကြည်သော ကန်ခွမ်သာသနာတော်
ပေါ်ပေါက်လာရပါသည်
ကမ္ဘာရေလွမ်းပျက်စီးပြီးသည့်နောက်တွင် ကယန်းလူမျိုးတို့
သည် ပုံဖလုံဒေသ နေထိုင်စဉ်ကပင် ဤကန်ခွမ်သာသနားအား
ကိုးကွယ်ဆောင်ရွက် သွားခဲ့ပြီး ဖြစ်သည် ထိုအရပ်ဒေသမှ
အရှေကမ္ဘာ မွန်ဂိုလီးယားမှ တာကစ္စတန်. တိဗက် ယူနန်
တဂွန်း နှင့် ကအူဒေသတို့မှ BC 739 ခုနှစ်တွင် ကရင်နီ
ငွေတောင်အရပ် ဒီးမောဆို ချက်မြှုပ်တောင် ရောက်လာသည်
အထိ နှစ်ပေါင်းမြောက်များစွာ၌ ထို ”ကန်ခွမ်”အား သက်ဝင်
ယုံကြည်ခဲ့ပါသည် ယင်းခရီးထွက်လာရာ ဒေသလမ်းတလျောက်
တွင် အခြားသောလူမျိုးစုကဲ့သို့ ကယန်းတိုင်းနိုင်ငံ ထူထောင်လိုသောလည်း ”ကန်ခွမ်”စိုက်ထူရာ မြဲမြံခြင်းမရှိသလို
ကြက်ရိုးထိုးအခါပေးဗေဒင်လည်း နိမိတ်မကောင်းခဲ့ပါ
ကယန်းတို့၏ ပါးစပ် ရာဇဝင်အရ ပအဲ သထိန့် ကဖတ် တဂွမ်း နှင့် ကအူ အရပ်တို့တွင် တိုင်းနိုင်ငံ ထူထောင်နေသော်လည်း
နိမိတ်အခြေမလှခဲ့ဟု ဆိုပါသည် ဒီးမောဆိုအရပ်သို့ ရောက်ရာ၌
”ကန်ခွမ်”စိုက်ထူခဲ့ရာမြဲမံခဲ့သလို ကြက်ရိုးထိုး အခါဗေဒင်မှာ
လည်း အလွန်ကောင်းမွန်ပါသည် ထိုအခါ ကရင်နီသားချင်း
ကယန်း အပါအဝင်တို့သာ ထိုမြေနေရာကို အောင်မြေနင်းဝင်
သော ပြည်တော်အဖြစ် ဝမ်းသာမဆုံးပျော်မြူးခဲ့ကြသည်
ဒီးမောဆို တောင်တော်ဗဟိုနေရာမှ အရပ်ရှစ်မျက်နှာ
မျက်စိတဆုံးအထိ ကရင်နီပြည်သားတို့၏ နယ်နိမိတ်အဖြစ်သတ်
မှတ်ပြီး ကရင်နီပြည်တော် ညီနောင်သားချင်းများနေထိုင်ရာ
တိုင်းနိုင်ငံဟု သတ်မှတ်ခဲ့ကြသည် တိုင်းနိုင်ငံအဖြစ် ရရှိသော
ကယန်း(ကရင်နီ)ညီနောင်သားတို့မှာ ကိုးကွယ်ပူဇော်ပသနေကြ”ကန်ထိန်းဘော)တိုင်တော်အရှည်
ကြီးကို ကန်တန် နှင့် ဆန်လူ တို့နှင့်တကွ စိုက်ထူ၍ စုပေါင်းပြီး
ဝမ်းပန်းတသာ ”ပွိုင် ”(ဂါဝရဝတ်ပြုခြင်း)တရပ်ပြုခဲ့ကြပါသည်
......ထို BC 739 နှစ်နောက်ပိုင်းတွင် ကယန်းရွာ လူအစုအဖွဲ့မှာ
နှစ်စဉ်ချိန်ခါ ကျရောက်သည့် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူး
ကာလဖြစ့်သော(Lă Nithi. Lă Niha)မတ်လ ဧပြီလတွင်
ကန်ခွမ်တိုင်တော် စိုက်ထူပြီး ပူဇော်”ပွိုင်”ပြုလာခဲ့ကြပါသည်
အကယ်၍ ရွာသစ်တည်ပြီး စတင်ပူဇော်
”ပွိုင်”သော ပထမနှစ်”ကန်တန်”ကို စိုက်
ထူကာ ဒုတိယနှစ်မှ ရွာရွှေ့ ပျက်ချိန်အထိ ”ကန်တန်” ကန်ထိန်ဘော”နှင့် ဆန်လူအားတွဲး၍ စိုက်ထူပူဇော်”ပွိုင်”ပြု
သွားကြပါသည် ပထမနှစ်စိုက်ထူသော ကန်တန်တိုင်တော်မှာ
အမြင့်(10)ပေဝန်းကျင်ဖြစ်ပြီး လုံးပတ်မှာ(30)လက်မ ဝန်း
ကျင်ခန့်ဖြစ့်သည် နောင်နှစ်ဆက်တိုက်မှာ အမြင့(4)ပေခန့်သာ
ဖြင့်ပြီး လုံးပတ်(10)လက်မ ခန့်သာဖြစ်သည် ကန်ခွမ် အဝိုင်တွင်
သာမက ပုဂ္ဂလိက မှ သန့်ရှင်းမြေရာသတ်မှတ်လိုသော နေရာတို့
တွင် ကန်တန်အား စိုက်ထူပူဇော်ပသသွားနိုင်ကာ ”ပွိုင် ”ဘို့
မလိုအပ်ပါ ကန်တန်ပေါ်တွင်ယစ်ပူဇော်ရာ နိမိတ်ကြည့်ပြီးသား
ကြက်ရိုးများနှင့် ငှက်ပျော်းသီးများ တင်ဆောင်သော လောက
ဝတ် ယစ်ပလ္လင် အဖြစ် အသုံးပြုသွားပါသည် ကန်ထိန်ဘောမှာ
ရွာတည်ပြီး ဒုတိယနှစ်မှ စ၍ နှစ်စဉ်ဆက်တိုက်စိုက်ထူ ”ပွိုင် ”
လာခဲ့ပါသည် တိုင်တော်အမြင့်မှာ(36)ပေ ဝန်းကျင်ရှိပြီး
လုံးပတ်မှာ(35)လက်မ ဝန်းကျင်ဖြစ်သည် ကန်ထိန်ဘော တိုင်
တော်အားနှစ်ပိုင်းခွဲးထားရာ တိုင်တော်၏ ဝါး သစ်ပြားဖြင့်
မွမ်းမံသော နိဗ္ဗာန် ဖူးဘူးကသင် စံအိမ်နန်းဖြစ်ပါသည်
ယစ်ဆရာ၏(3)နှစ်တကြိမ် သတ်မှတ်ချက်အရ ကန်ထိန်ဘော
”အမ ”တိုင်စိုက်ထူပါသည် ကန်ထိန်ဘော ”အဖို ”တိုင်ကို
(2)နှစိဆက်တိုက် စိုက်ထူသွားပါသည် လောကတွင် ဖိုနှင့်မ
အရာနှစ်ခုမှာ အမြဲးဒွန်တွဲးသောကြောင့် ဘုရားရှင်ပူဇော်သော
ကန်ခွမ်တိုင်တော်စိုက်ထူရာ၌ ဤကဲ့သို့ ”ဖို ”တိုင် ”မ”တိုင်တွဲး၍
အလှည့်ကျ ပူဇော်သွားရခြင်းဖြစ်ပါသည်
.................ပွဲတော်စတင်ရန်...........
ကန်ထိန်ဘောတိုင်တော်အားရှာတော်ပုံထွက်ခြင်း ကယန်းလူမျိုး
တို့သည် ကန်ခွမ်ပွဲတော်ကျင်ပရန် အချိန်အခါရောက်လျှင်
ကန်ခွမ်အဝိုင်းကို ထိုအခါမှသာ သန့်ရှင်းသုတ်သင်ရှင်းလင်းမှု
ပြုလုပ်ပါသည် အကယ်၍ တနှစ်တကြိမ်ပွဲချိန် မဟုတ်ပါက
ယင်းကန်ခွမ်အဝိုင်းကို ရှင်းလင်းခြင်းလုံးဝမလုပ်ပါ အဘယ်
ကြောင့်ဆိုသော် ကျမ်းဦးအခန်း(12)အပုဒ်(5)အမှတ်(11)ပါ
အချက်အရ လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါသည် နှစ်စဉ်ပွဲတော်
ချိန်ခါကျရောက်သည့်ရက်တွင် ရွာသားများစုပေါင်းပြီး ဓါး
ပုဆိန် ကြိုးရှည်နှင့် ဗုံမောင်းနှင့်တကွ ကန်ခွမ် အဝိုင်းသို့
စုပေါင်း၍ လာရောက်ကြပါသည် ကန်ခွမ်အဝိုင်းတွင် ယစ်ဆရာ
နှင့် လူကြီးတို့က ကြက်ရိုးထိုးကာ ကြက်ရိုးအခါ ဗေဒင်ညွန်ကြား
ရာအရပ်ကို ဗုံမောင်းနှင့်တကွ တီးမှုတ်ကာ တိုင်တော်အားရှာတော်ပုံ ထွက်လေတော့သည် တိုင်တော်အား
ကမ္ဘာဦးက အပင်တကာ စတင်ပေါက်ခဲ့သော သပြေပင်ကို
ဦးစားပေး ခုတ်သုံးကြပါသည် အခြားသစ်ပင်တို့မှာ ကျွန်း
သစ်ယာ အင် နှင့် သစ်စေးပင်တို့ကို ခုတ်ယူအသုံးပြုနိုင်သည်
သိုသော် အဆိုပါသစ်ပင်တို့ကိုသုံးပါက တိုင်လုံးတော်ချောသပ်ပြီး
သောအခါ သပြေအခက်အရွက်တို့ဖြင့် တိုင်တော်၏ ထိပ်တွင်
ကပ်ပြီးချည်နှောင်ရသည် တိုင်တော်ရွှေးချယ်ရာတွင် အဖုအထစ်
များခြင်း ပိုးထိုးခြင်း နှစ်ပင်ပူးခြင်း ပင်စည် ခါးလယ်တို့တွင်
အကိုင်းရှိခြင်း မိုးကြိုးပစ်သော အပင်ဖြစ်ခြင်း ကန်ပူဇော်ထား
သော အပင်ဖြစ်ခြင်း သင်္ချိုင်းမြေအဝိုင်းတွင်းရှိအပင်ဖြစ်ခြင်းနှင့်
အလွန်ကောက်ကွေးခြင်းစသည့်ချွတ်ယွင်းချက်ရှိသည့်အပင်တို့ကို မသုံးရပါ တိုင်တော်ရွှေးချယ်သောအပင်အား ယစ်စရာမှနေ
ပြီး ယခင်ကာလ၌စုဆောင်းထားသော ကြက်ရိုးအဟောင်းကို
သစ်ပင်တွင်သပ်ပြီး မင်္ဂလာရှိမရှိ ကြက်ရိုးထိုးသွားပါသည်
ကြက်ရိုးအခါ ဗေဒင်မကောင်းပါက အခြားသစ်ပင်သို့ ရွှေ့ပြောင်း
ရွှေးချယ်သွားပါသည်
ကြက်ရိုးထိုးဗေဒင်အရ ရွှေချယ်ခံရသော
တိုင်တော်အပင်ကို ရှေ့ဦးစွာ ယစ်ဆရာမှ
အသင့်ပါလာသော ဆန်ဖြင့်ပက်ကျဲပါသည် ထိုအခါယစ်ဆရာမှ
နေထွက်သောအရပ်ရှိ အပင်၏ တနေရာတွင် ပုဆိန်ဖြင့် အမှတ်
အသားပြုလုပ်ကာ ဆက်၍ တိုင်တော်အပင်ကို လှဲချရန်ခုတ်သွား
ပါသည် တိုင်တော်အပင်ကို လှဲချရန်အတွက် အခြားသော ဗုံမောင်းနှင့်တကွ လိုက်ပါလာသော လူများတို့မှ ဝိုင်းခုတ်ကြပါ
သည် အပင်လှဲသောအခါ ယစ်ဆရာက တိုင်တော်အပင်၏ သစ်
ငုတ်ပေါ်တွင် ကွမ်းသီး ကွမ်းရွက် ဆေးသေး ထုံး ချည်ပင်နှင့်
ငွေအကြွေတချပ်တို့ကို ဖက်ရွက်ဖြင့် တင်ထားပါသည် ဤတိုင်
တော်ခုတ်ရန် လူအုပ်တွင်လိုက်ပါကြသော လူတဦးဦးသည်
နေအိမ်၌ ဥပုဒ်စောင့်မှုတရပ် ဖြစ်နေပါက အပင်ရှာဖွေရန် ကြက်
ရိုးထိုး မင်္ဂလာကို အဟန့်အတားဖြစ်စေသည် ထို့ကြောင့်
ဤတိုင်တော်ကို သွားရောက်ခုတ်ယူစဉ် နေအိမ်၌ဥပုဒ်စောင့်နေ
သူဖြစ်လျှင် လိုက်ပါသွားခြင်းမပြုရပါ တိုင်တော်အား ဓါး ပုဆိန်
တို့ဖြင့် ခုတ်၍လှဲကျသောသစ်ပင်ကို အချေားသပ်ပြီး လုံးကြမ်းအဖြစ် ပြုပြင်သွားသည် ထို့နောက် အသင့်ပါလာသော
ကြိုးတို့ဖြင့် တိုင်တော်ကို ထမ်းရန် ဝါးလုံး(10)ချောင်းခန့် ချည်
နှောင်ကာ ရွာသို့ဦးတည်သယ်ဆောင်လာပါတောသည် တိုင်တော်အား သစ်လုံးကြမ်းအဆင့်အဖြစ့် ဗုံမောင်း နှင့်တကွ
မြူးတူး သယ်ဆောင်လာကာ ရွာ ကန်ခွမ် အဝိုင်တွင်လာချထား
ပြီး အချေားသပ်မွမ်းမံပြင်ဆင်ကြသည် ယခင်တော၌ ခုတ်လှဲပြီး
အကယ်၍ သစ်ပင်အနည်းငယ် ကောက်ပါက ဝါးကပ်ပလွေမှ
..”အိုကန်ခွမ် သင် ကောက်နေလျှင် ဒို့မှ ပွိုင်မည်မဟုတ်... ”
ဟု သံစဉ်ဖြင့် မှုတ်ကာ ”ပွိုင် ”ပါက လုံးချေားသပ်ရာ၌ အလိုလို
ဖြောက့် လာပါကြောင်း ထူးဆန်းစွာတွေ့မြင်ရပါသည် ရွာကန်ခွမ်
အဝိုင်၌ လာထားသော ကန်ထိန်းဘောနှင့် ကန်တန်တို့ကို တနေ့
သာအပြီးပြုပြင်ကာ တညသာ အလှဲလိုက် ငြိမ်းစင်ဆင်ပြီး”ပွိုင်”
ကြပါသည် ကန်ခွမ်အဝိုင်တွင် လာချထားသော ကန်ထိန်ဘော
တိုင်အပင်အား နေ့ခင်းတွင်အချေားသပ်သွားပါသည် အချို့ရွာ
လူတို့မှာ ကန်ထိန်ဘောထိပ်တွင် ဘုရားရှင်၏ နိဗ္ဗာန်စံအိမ်
..(ထီးတော်)တိုင်တော်၏ ရွက်လှေခါးကန် တန်ယစ်ပလ္လင် နှစ်ခု
နှင့် ဆန်လူအတွက် အိမ်ငယ်တော်တို့ကို ထိုတရက် နှစ်ရက်အတွင်း နေ့ခင်းဖက်တွင် အပြီးပြင်ဆင်သွားသည်
ကန်တန်တိုင်တော်နှစ်ခုမှာ ကန်ထိန်တိုင်တော်၏ အရင်းတွင် ပူ
ဇော်စဉ် ယစ်ပလ္လင်ပြားအဖြစ် စိုက်ထူသုံးသွားရန်ဖြစ်ပြီး
ကျန် ကန်တန်တိုင်တော်တခုမှာ ဆန်လူ အိမ်ငယ်အတွက် ပူဇော်
ရန် ယစ်ပလ္လင်ပြားအဖြစ် စိုက်ထူ အသုံးပြုသွားမည်ဖြစ်သည်
ကန်ခွမ်၏ ရွာပွဲသာဖြစ်လျှင် ကန်ထိန်ဘေကို တညသာ(သို့)
နှစ်ညသာ ထားရှိပြီး အကယ်၍ မျိုးနွယ်စု စုပေါင်းပွဲတော်နှင့်
သာသနာအဖွဲ့ချူပ် ပွဲမျိုးဖြစ်ပါက နှစ်ည သုံးည ထားပြီးမှ နောက် တမနက်ပိုင်းတွင် ထောင်လေ့ရှိပါသည် ထိုငြိမ်းစင်
ထားရှိစဉ် ခွေး ကြက် တိရစ္ဆာန်နှင့် မိန်မ လာရောက်ကျော်နင်း
ခြင်းမပြုရနိ နေ့နှင့်ည အချိန်တွင် ရွာခံယစ်ဆရာနှင့် လူငယ်များ
လာရောက်အိပ်စောင့်ပေးရပါသည် အကယ်၍ ခွေး ကော်နင်း
သော ကန်ထိန်ဘောဖြစ်ပါက တိုင်တော်အား ပူဇော်ပသခြင်း
မပြုတောဘဲ ပစ်ပယ်ကာ ထိုနှစ်စာအတွက် အခြားတိုင်တော်ကို
အသစ်ရှာပြီး ပြန်လည်ပြုပြင်ကာ ပူဇော်ပသသွားရပါသည်
.............ကန်ခွမ်တိုင်တော်အား ထူထောင်ခြင်း.........
ကန်ခွမ်အဝိုင်တွင် ငြမ်းစင်ပေါ်မှ ပြင်ဆင်ပြီး ကန်ထိန်ဘောနှင့်
မြေမစိုက်ဘဲ ထောင်ထားသော ကန်တန်ဘောအား ည (10) နာရီအထိ ရွာသားမှ ဗုံစည် လင်းကွင်း ဝါးကပ်ပလွေ များနှင့်
မောင်းများတို့ဖြင့် စီတန်းလှည့်လည် ”ပွိုင် ”ကြပါသည်
ကမ္ဘာဦးက ဘုရားနှင့် တမန်တော်များ ”ပွိုင် ”ခဲ့စဉ် အမျိုးသား
များသာဖြစ်၍ အမျိုးသမီးမှာ ယင်း ”ပွိုင် ”တွင် မပါဝင်စေခဲ့ပါ
မိန်းမတို့မှာ ဓမ္မတာလာခြင်းအား မသန့်ရှင်းဟု ယုံကြည်သဖြင့်
ပါဝင်ဆင်နွဲးမှုမပြုနိုင်ပါ ထို ကန်ခွမ် အဝိုင်တွင် အမျိုးသမီးတို့မှာ
ဝင်ပြီး တိုင်တော်နှင့် ”ပွိုင် ”နေသောအမျိုးသားအား သပြေ
ခက်နှင့် ရေပက်ဖြန်းခြင်း ခေါင်ရည်တိုက်ခြင်းပြုလုပ်ကြပါသည်
လူသားအားလုံးတို့မှာ ဖိနပ်ဖြင့် ကန်ခွမ်အဝိုင်သို့ စီးဝင်ခြင်းမပြု
ရပါ ထိုညပိုင်းတွင် ရွာခံလူ အစုအဖွဲ့၏ အိမ်ထောင်အသီးသီးတို့
မှာ နောက်ရက်ပွဲတော်လာသော ဧည်ပရိတ်သတ်များအတွက်
ခေါင်ရည်ဖေါက်ခြင်း ဝက်သား အမဲသားနှင့် ထ္မင်းချက်ပြုတ်
ပြင်ဆင်မှု ပြုလုပ်ကြပါသည် ကယန်းရွာအဖွဲ့၏ အနီးပတ်ဝန်း
ကျင်ရွာ ဘာသာတုများ(3)(,4)ရွာတို့ကို အလှည့်ကျ ကန်ခွမ်
ပွဲပြုလုပ်ကာ အပြန်အလှန်ဖိတ်ခေါ်ကြပါသည် နောက်မနက်
တွင်ဖိတ်ကြားသော အခြားရွာမှ ဧည်သည်များမလာရောက်မှီ
နံနက်(8)နာရီ ဝန်းကျင်တွင် ကန်ခွမ်ပွဲတော်ကျင်းပသော
ရွာမှ ကန်တန် ကန်ထိန်ဘောကို ဗုံမောင်းနှင့်တကွ”ပွိုင်”ကာ
တိုင်တော်ထူပါသည် အကယ်၍ စုပေါင်းပွဲတော်ဖြစ်ပါက ဖိတ်
ကြားသော ရွာမှ ဧည်သည်တို့သည် တိုင်မထူမှီ တညသာစေား၍
လာရောက်ကြပါသည် ညဖက်တွင် ယဉ်ကျေးမှုပဒေသာကပွဲနှင့်
အဆိုအက အတီးပြိုင်ပွဲတို့ကို ပျော်ရွှင်စွာ ကျင်းပပြုလုပ်သွားပါ
သည်နံနက်မိုးလင်း(8)နာရီဝန်ကျင်မှသာ စုပေါင်း၍ တိုင်တော်
ထူပါသည် တိုင်တော်ထူပြီးသောအခါ ကန်ခွမ်ယစ်ဆရာတစ်ဦး
မှ နေပြီး ဦးစီးကာ တိုင်တော်ရင်းတွင် ကန်ခွမ်ဘာသာဝင်လူသူ
တို့နှင့် အတူတကွ ဘုရားရှင်ထံသို့ စုပေါင်းဆုတောင်းမှုကို
ပြိုင်တူ သီဆိုကြပါသည် ဆုတောင်းခြင်းကို ကန်ခွမ်းယစ်ဆရာမှ
တိုင်ကြားပြီး လူထုတို့ကလိုက်၍ စိတ်တွင်းမှ သီဆိုသွားခြင်းဖြစ်
သည် တိုင်တော်ထူပြီးသည်နှင့် ကန်ခွမ် အသင်းဝင် ရွာသားတို့
သည် စုပေါင်းပြီး.”ပွိုင်”ကြပါသည် တူညီဝတ်စုံနှင့် ထိုသို့
”ပွိုင်”စဉ် အစတွင် ဖြေးညှင်းနှေးကွေး စွာ ပွိုင်ရာမှ ကကွက်မြန်
လာပါသည် တိုင်တော်အား စုပေါင်းပြီး ”ပွိုင်”ရာတွင် အဓိကမှာ
ကြီးစဉ်ငယ်လိုက် ပူးညှပ် တုတ်နှောင်သော(လုံးပတ်လက်ချောင်းအရွယ် အရှည် (4)လက်
မဝန်းကျင်)ဝါးကပ်ပလွေမှ သံစဉ်ဖေါ်ဦးဆောင်မှု နောက်မှလိုက်
၍ ”ပွိုင်”ကြပါသည် ဝါးကပ်ပလွေမှာ(4)မျိုးရှိပြီး ယင်းမှ
ကကွက်(12)မျိုးခန့်အားအပိုဒ်တစ်ပိုဒ်စီ ခွဲခြားဖေါ်ဆောင်
ပေးပါသည် ရှေ့ကမ္ဘာဦး ကယန်းလူမျိုးတို့အား ဖြေဖျော်တင်
ဆက်ရန်အဖြစ် အဘတမန်တော် လနန်း မှ ဝါးဖြင့်ပြုလုပ်ကာ
ပေးအပ်ထားသောအရာဖြစ်ကြောင်း ရှေ့ကျမ်းဦးက ဆိုပါသည်
”ပွိုင်”၏ ကကွက်အားအချင်း(10)လက်မခန့် အရှည်(နှစ်)ပေ
ခန့်ရှိသော ဗုံစည်လွယ်သူမှ ကကွက်ဖေါ်ရာ နောက်သို့လိုက်၍
”ပွိုင်”ကြပါသည် ”ပွိုင်”သော အပုဒ်ပြီးတိုင်း အနည်းငယ်
ရပ်ကာ ပါးစပ်မှ ”ဟာ)ဟု အော်ကြသည် အဓိပ္ပါယ်မှာ ဆုတောင်းမှုများ အထမြောက်ကြောင်းဖြစ်သည် ဝါးကပ်ပလွေ
မှ ဖေါ်သောသံစဉ်မှာ La ni thi me pwai pu ne, Laniha
Me pwai pu la, lu ou kan ou kan pu ka,klan mo
ya kan ser ဟူ၍ ဖြစ်သည် အနက်အဓိပ္ပါယ်ကား ကန်ခွမ်ပွဲ
တော်ကို Lă Nithi, Lă Niha (မတ် ဧပြီ)နင့် ချိန်ခ်ါရောက်ကာ
ဆင်နွဲးခဲ့သည် ပိုးစုန်ကြူးများအလင်သကဲ့သို့. ယောက်တိုင်းညီ
ညာစွာပါဝင်ဆင်နွဲးကြပါမှ ပြစ်မှု ကင်းစင် နိဗ္ဗာန်ရောက်ကာ
မိုးရာသီတွင် ဝသုန်မိုးဖြိုင်ဖြိုင်သွန်း၍ သီးနှံစပါပေါးများမည်
...ဖြစ်ကြောင်း ဆုတောင်းသံစဉ်ဖြစ်သည် ဝါးကပ်ပလွေ၏
ဆုတောင်းသံကို လင်းကွင်း မောင်းကြီးများမှ ဟုတ်မှန်ကြောင်း
ထောက်ခံချက်ဖြင့် ပြိုင်တူသီးရာ မိုးကောင်းကင်အထက်ဝယ်
ချိန့်ချိန့်သဲ မိုးကြိုးနားထဲအထိ အသံမြည်ဟီး ပါးစပ်မှ
တမန်တော် လနန်းဘုရားရှင် နားကြာေးစကာ မိုးကြီုးအား
စေ၍ အေိာမြည်ခိုင်ပြိး ဆုတောင်းချက် ပြည့်ဝစေမည်
ဖြစ်ပါသည်
ထိုနံနက် ကန်ခွမ် တိုင်တော်ထူချိန်တွင်
အသင်းတော်ယစ်ဆရာမှ ရွာအတွက် တနှစ်စာ၏ အခါဗေဒင်ကို
ကြက် အဓိဌာန်ပြုကာ ကြက်ရိုးထိုးပြီး ဟောစတမ်း ဖတ်ယူဆုံး
ဖြတ်ကြသည် ကယန်းတို့သည် ကန်ခွမ်ပွဲ စတင်တောမည်ဆိုကာ
ရက်ရွှေးရန် အခါဗေဒင် ကြက်ရိုးထိုး တကြိမ် ကန်ထိန်းဘော
စိုက်ထူပြီး တနှစ်သာရွာအတွက် ဟေားစတမ်းတကြိမ်နှင့် တိုင်
ထူပြီး တမလွန်ရောက် ရွာဆွေမျိုးသားချင်းအတွက် ကန်တော
ရိုသေခြင်းတကြိမ် တို့ဖြင့် ယစ်ဆရာမှ ဟောစတမ်းပြုကာ ပူဇော်
ပသသွားပါသည် ကန်ထိန်းဘောအားသယ်ဆောင်လာပြီး အဝိုင်
တွင် လာထားစဉ် ရက်မှ ထူးသောနေ့အထိ ယစ်ဆရာမှ အိမ်ပြန်
မအိပ်ရပါ ဥပုဒ်စောင့်၍သန့်ရှင်းသော အစာစားကာ ကန်ခွမ်အ
ဝိုင်တွင် နေရပါသည် တိုင်တော်ထူပြီး မှသာလျှင် ယစ်ဆရာမှ
အိမ်ပြန်ရပါသည် ထိုသို့ ယစ်ဆရရာမှ မိမိနေအိမ်သို့ မပြန်မှိတွင်
ရွာတွင်းရှိ လူကြီးတစ်ဦးဦးမှနေပြီး အိမ်ပြန်နိုင်ရေးအတွက် ဆူးပါ(su pa)တကောင်ကို လာပေးဆောင်ရပါသည် ထိုမှသာ
ကန်ခွမ် ယစ်ဆရာသည် မိမိနေအိမ်သို့ ပြန်နိုင်မည်ဖြစ်သည်
ကန်ခွမ် အဝိုင်တွင် လှူဒါန်းသော ငှက်ပျော်သီး အခါဗေဒင်ထိုး
ပြီးသား ကြက်ရိုးနှင့်ခေါင်ရည်တို့ကို ကန်တန်ယစ်ပလ္လင်ပြားတိုင်
တော်ပေါ်တွင် ၄င်း ဆန်လူကန်တန် ယစ်ပလ္လင်ပြားပေါ်တွင်၎င်း
လှူဒါန်းသွားပါသည် ကန်ထိန်ဘောတိုင်ရင်းမှကန်တန်ပေါ်တွင်
ကြက်ရိုးထိုးပြီးသားနှင့်ငှက်ပျောဖီးတို့ဖြင့် နိဗ္ဗာန်အတွက် ဘုရား
သခင် ဖူးဘူးကသင် နှင့် တမန်တော် အဘ လနန်းအားရည်စူး
ပူဇော်ပါသည် ဆန်လူ အိမ်ငယ်တော်တွင်ကွယ်လွန်သူအတွက်
ရည်စူးပြီး တနှစ်သာအတွက် ရွာလူကျန်းမာရေးဆိုင်ရာ
ဟေားကိန်းတို့အား နိမိတ်ယူပြီးဟေားစာတမ်းဖတ်ပြီးသော
ကြက်ရိုးနှင့်ငှက်ပျောသီးဖီးတို့ကိုကန်တန်ဘောယစ်ပလ္လင်ပြား
ပေါ်တွင်တင်ပါသည် အဓိက လှူဒါန်းရာ တမလွန်ရောက်သူအ
တွက်ကောင်းမှုနိဗ္ဗာန်စံမြန်းရန် ရည်စူးပါသည် ကယန်းတို့တွင်
အဓိက ကိုးစားသည်မှာ ဦးထိပ်တွင် အဘ လနန်းလည်ကောင်း
ကွယ်လွန်သူ မိဘဆွေမျိုးစသော အယူသည်းသူများဖြစ်ကြခြင်း
ကြောင့်ရည်စူး အမူပြုခြင်းဖြစ်သည် ကန်တန်တိုင်ပေါ်ယစ်
ပလ္လင်ပြားမှာ အကျယ် (4)လက်မ အရှည်(18)လက်မဝန်းကျင်
ခန့်ရှိပြီး ဝါးပြား(အရွက်ပုံစံ)တွဲလွဲဆွဲများ တုတ်ဖြင့်စိုက်ထားပါ
သည် အဓိပ္ပါယ်ကာ ပူဇော်ပသမှုကို ဝေဆာဖူးပွင့်စေခြင်းဖြစ်
သည် ကန်ထိန်းဘောတိုင်ရှည်ထိပ်ပိုင်းတွင် ဘုရားသခင်၏
စံအိမ်သည်ကောင်းကင်ရဲ့ ကြယ် လ နေ တို့ကြားမှ အရှင်ဘုရား
ဖူးဘူးကသင် နိဗ္ဗာန်ဘုံသို့တက်ရန် လှေကားဖြစ်သည်
ကန်ခွမ်အဝိုင်တွင် ကန်ထိန်ဘောကန်တန်နှင့်သေဆုံးသူများကို
ကတော့ရိုသေသောအိမ်ငယ်တော်(ဆန်လူ)ဆိုင်ရာ(3)ခူုမှာ
နိဗ္ဗာန်အတွက် ဘုရားရှင်အား ပူဇော်ယုံကြည်မှုနှင့် သေဆုံးသူ
ဆွေမျိုးတို့အား အပြန်အလှန်အားကိုးမှုဆိုင်ရာတို့ကိုဖော်ဆောင်
သည် ကန်ခွမ်၏ အဝိုင်တွင်ဘုရားရှင်ပူဇော်ခြင်းဆိုင်ရာ ကန်ထိန်
ဘောစိုက်ထူခြင်း သေဆုံးပြီးသောဆွေမျိုးလူသားအတွက်
ကန်တော့ရိုသေခြင်းနှင့်ထိုအရာနှစ်ပါးအား ကမ္ဘာမြေပေါ်ရှိ
မိမိလူသားတို့မှ ပူဇော်အပ်သည့်အရာကျင့်ဝတ်တို့ကို ကန်တိုင်
ယစ်ပလ္လင်ပြားပေါ်တွင် တိုင်တည်ပြီးပူဇော်ခြင်းတို့ဖြစ်ပါသည်
ထိုတရားတော် သုံးပါးအားယုံကြည်မှသာနိဗ္ဗာန်ဘုံရောက်ရှိ
ကြောင်း ပညတ်ချက်ဖြစ်သည် လောကယစ်ပလ္လင်ကန်တန်က
နေပြီး ပူဇော်ပသမှသာလျှင် လှေကားအတိုင်း နိဗ္ဗာန်ဘုံသို့ တက်ရောက်မည်ဖြင့်ကြောင်း ယုံကြည်ဆောင်နှင်းခြင်းဖြစ်သည်
နှစ်စဉ်ထူပြီးသော ကန်ထိန်ဘောမှ လှေကား ပိတ်ဖြူသည်
ပင်ကိုယ်တိုင်တော်(သို့)အခြားတိုင်တော်အားမြဲမံရစ်သိုင်းမှုရှိပါကရွာတွင်းရှိ ရွာသားအချို့မှာ ပြစ်မှုကြီး တစုံတရာကျူးလွန်မိ
ကြောင်းနှင့်တရားမဝင် တိတိတိတ်ပုန်း ကာမ စပ်ဆက်ကျူး
လွန်မှုတို့ကြောင့် ရွာမသန့်စင်မှုဖြစ်စေကြောင်း နိမိတ်အဓိပ္ပါယ်
ဟု မှတ်ယူသွားနိုင်ပါသည် ရံဖန်ရံခါတိုင်တော်ားအ မိုကြိုးပစ်
လျင် ရွာ၌ပြစ်မှုအလွန်အကျူးရှိသည်ဟု မှတ်ယူပြီး ကြက်ရိုး
ထိုးဗေဒင် ရွှေချယ်မှုအပေါ်မူတည်၍ ကြက် ဝက် နွား ကျွဲး
စသော အဆင့်လိုက် မင်္ဂလာပြု ယတြာချေသောအားဖြင့်ပြန်
လည် ဆေးကြေားရပါသည်
ကယန်းလူမျိုးတို့သည် ကန်ခွမ်ပွဲတော် ကျင့်ပရခြင်း အဓိက
အကြောင်းရင်းများမှာ
....(1)အရာခပ်သိမ်း နှင့် လူသားအား ဖန်ဆင်းတော်မူသော
ထာဝရနှင့် ဖန်ဆင်းရှင်ဘုရားတော်များ၏ ဂုဏ်ကျေးဇူးတော်ကို
ချီးမွမ်းထော်းပနာ ဂါဝရပြုခြင်း
...(2)..နှစ်ဟောင်း တစ်နှစ်စာ၏ပြုမိသော အပြစ်တို့အား
ချွတ်ချန်လှပ်စေပြီး နှစ်သစ်တွင် မွန်မြတ်သော အကျင့်သိလတို့
ဖြင့် ဆောင်ရွက်သွားနိုင်ရန်အတွက် ဘုရားရှင်တော်ထံ ရယူနိုင်
ရေးအလိုငှါ ဆုတောင်းခြင်း
...(3)..လူသားတို့သည် ကောင်းကျိုးဆိုင်ရာ ဆောင်ရွက်စောင့်
ရှောက်ပေးသော ရေမြေအရှင်သခင်တို့အား ကျေးဇူးတင်ခြင်း
နှင့် ထပ်မံ၍ ဆောင်ရွက်သွားပေးရန် အတွက် ပူဇော်ပသ ဂါဝရ
ပြုခြင်း
....(4)....လာမည့်နှစ်အတွင်း လူသားတို့၏ လယ်ယာစိုက်ပျိုး
ရေး လုပ်ငန်းအားအထောက်အကူပြုသော မိုးလေဝသ (မိုးရွာ
သွန်းရန်)ကောင်းမွန်ရန်အတွက် ဘုရားနှင့် ရေမြေအရှင်သခင်
ထံ ဆုတောင်းခြင်း...
.....(5)....ရွာခံလူ ဆွေမျိုးအသိုင်းအဝိုင်းနှင့် မိတ်ဆွေဧည်
သည်တို့အား ရှေဆက်ခိုင်မာသော လူ့အဖွဲ့အစည်းအဖြစ် ချစ်
ကြည်စွာ တည်ဆောက် သွားနိုင်ရေးအတွက် ကယန်းလူမျိုးတို့
၏ သမရိုးကျ သောက်ဖွယ်စားဘွယ်များတို့ဖြင့် ကျွေးမွေးပေး
ကမ်းခြင်း စသည်တို့ဖြစ်ပါသည်
Credit