STOP STOP STOP

in stop •  7 years ago 

ကူညီဝိုင်းလို့တွန်းပေးကြပါ (Share ပေးခြင်းဖြင့် ကူညီပါ)

--သက်ငယ်မုဒိန်းမှုဆန့်ကျင်ကြသူများဆုံရပ်

အပြစ်ကင်းစင်နုနယ်လှတဲ့ကလေးသူငယ်လေးတွေအပေါ်မမျှတရက်စက်လွန်းလှတဲ့လူသားမဆန်သူများကိုအပြစ်ဒဏ်ပေးဖို့ရာမှာတိကျထိရောက်တဲ့ဥပဒေပြစ်ဒဏ်ပေးဖို့အတွက် ပြည်သူတိုင်း နိုင်ငံသားတိုင်း လူသားတိုင်း ရဲ့တာဝန်တခုလို့ယူဆကြသူများ ဆုံတွေ့ပွဲ တခုကိုမကြာမှီမှာပြုလုပ်ပါမယ်

--ဆုံရပ်လုပ်ရသည့်ရည်ရွယ်ချက်

ကျူးလွန်သူမုဒိန်းကောင်အတွက် တိကျ ထိရောက် ပြင်းထန် ကြီးလေးတဲ့ပြစ်ဒဏ်အပြင် မည်သည့်အကြောင်းနှင့်မျှလွတ်ငြိမ်းချမ်းသာခွင့်မရှိစေရ ဟူသော ပြစ်ဒဏ်ကို ချမှတ်ပေးရန်

(ကျွှန်ုပ်တို့အားလုံးသည်
မည်သည်လိင်အကြမ်းဖက်မှုမျိုးမဆို ကန့်ကွက်ဆန့်ကျင်ရှုံချပါသည်)

ပွဲကျင်းပမည့်အစီအစဉ်
နေ့ရက်---- ၁၈.၃.၂၀၁၈ (တနင်္ဂနွေနေ့)
အချိန် ---- ညနေ ၄ နာရီ
နေရာ ---- ကန်တော်ကြီးမျှော်စင်ကျွန်း
အရောင်--- အင်္ကျီအဖြူ

(မိဘများအနေဖြင့်မိမိတို့ကလေးငယ်များကိုခေါ်လာလိုလျှင်ခေါ်လာနိုင်ပါသည်)

ယခုဆုံရပ်ပွဲကျင်းပနေစဉ်အတွင်း online media များမှ live လွှင့်ရန်စီစဉ်နေပါသည်

မြန်မာပြည်အနှံအပြားမည်သည့်နေရာမဆိုနေထိုင်ကြသူများသာမက တခြားနိုင်ငံအသီးသီးသို့ရောက်ရှိနေထိုင်ကြသူ မြန်မာနိုင်ငံသားများပါ ဝိုင်းဝန်းပါဝင်ကူညီတွန်းပေးကြပါ

ကလေးများအတွက်ထားရှိကြတဲ့စေတနာများက ကံတရားဖြစ်လို့ အမှန်အတိုင်းတရားဖြစ်ပါစေ

စာနာသောစိတ်ထားများဖြင့်
လဲနေသူထူပေးပါ
အားငယ်သူအားပေးပါ
ပြိုင်တူတွန်းလျှင်ရွှေ့နိုင်ပါသည်။
Credit photo-Facebook
ခွက်​ဒစ်​ ​မောင်​​မောင်​​အေး
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!