အချစ်

in story •  7 years ago 

မေ့ဖို့ကြိုးစားနေတာလား ?
အတိတ်က ဖြစ်ရပ်တွေကို မေ့ချင်တာလား ?
ကိုယ်မေ့ချင်သူတွေကို မေ့ချင်တာလား ?

စာရွက်ပေါ်မှတ်သားထားတဲ့အရာတွေကို ဖျက်ဖို့ ခဲဖျက် ကော်ရက်စ်ရှင်ပန်လ် စသည်ဖြင့်ရှိတယ်.
ကွန်ပြူတာထဲ သိမ်းထားတဲ့အရာတွေလည်း ' delete ' နှိပ်ပြီး ဖျက်လို့ရတယ်.
ဒါပေမယ့် ...
လူ့မှတ်ဉာဏ်မှာ သိမ်းထားတဲ့အရာတွေကို ဖျက်ဖို့ လူ့မှတ်ဉာဏ်မှာ ခဲဖျက်ပါမလားဘူး ...
' delete ' ခလုတ်လည်းပါမလာဘူး.

နှလုံးသားမှာ မှတ်ဉာဏ်မပါပေမယ့် ...
နှလုံးသားက ခံစားရသမျှ ဦးနှောက်မှတ်ဉာဏ်က မပျက်တမ်းမှတ်ပေးတတ်တာမျိုးမလား ...
သိပ်ထူးဆန်းတယ်နော်.

မတည်မြဲခြင်းသဘောအရ ...
ခု ရူးလောက်အောင် မှတ်မိချင်နေပြီး ...
တစ်ချိန် အဲဒီ့အမှတ်တရတွေ ပြန်ဖျက်ချင်တော့ ဖျက်မရတော့ဘူးလေ.
ဒါဟာ လူ့သဘော သဘာဝပါဘဲ.

မေ့ဖို့ကြိုးစားနေရခြင်းဟာ သတိရခြင်းတစ်မျိုးပါ.
တကယ်မေ့တယ်ဆိုတာဟာ အတိတ်မေ့သွားမှဘဲရမယ်.
ဒါမှမဟုတ် ...
ဖြစ်တတ်တယ်လေ ... ကိုယ်အလေးမထားတဲ့အရာတွေဆို မှတ်ကိုမမှတ်မိတာမျိုး.
ဒါဆို ... ကိုယ်သတိရပြီး အလေးထားနေတဲ့အရာ အလေးထားနေသူကို အလေးမထားတဲ့အရာ အလေးမထားတဲ့သူအဖြစ်ပြောင်းပစ်မှရမယ် .
သတိရရင် သတိမရဖို့ ကြိုးစားနေခြင်းဆိုတာ
သတိရနေခြင်းပါဘဲ.

တကယ်သတိမရတော့ဘူးဆိုတာက ...
ထိုရာ ထိုသူနဲ့ ပက်သက်လို့ ချစ်ခြင်း မုန်းခြင်း ဘာခံစားချက်မှ မရှိ ' ဗလာ ' ခံစားချက် နဲ့ ...
လူ့မှတ်ဉာဏ်သဘောအရ မှတ်မိခဲ့ရင်တောင် ...
သာမာန်အဖြစ်အပျက်အကြောင်းအရာတစ်ခုကို မှတ်မိတာထက်မပိုတဲ့ အမှတ်ရမှုမျိုး ...
အဲ့လိုအခြေအနေကိုရောက်ဖို့ ...
အချိန်ဘယ်လောက်ကြာမယ်ဆိုတာ ...
ခံစားနေရသူ ကာယကံရှင်အပေါ်ဘဲမူတည်ပါတယ်.

တွယ်တာမှု မဖြတ်နိုင် မမြဲခြင်းသဘောတရားနှလုံးမသွင်းတတ်သေးချိန် ...
ကြေကွဲခံစားရတယ်ဆို ...

  • နာကျင်မှုကို ခံနိုင်ရည်ရှိပါ
  • ကိုယ်စိတ်ဝင်စားတဲ့ ဘဝတက်လမ်း တိုးတက်ရေးမှာ အချိန်တွေကို အကျိုးရှိရှိအသုံးချ အာရုံစူးစိုက်ပြီး ဘဝအတွက် ကြိုးစားပါ ( ကိုယ်သတိရနေသူဟာ သူ့ဘဝ နဲ့ သူ ... သူ့ ပျော်ရွှင်မှုနဲ့သူ ရှိချိန် ... ကိုယ်က သူ့ကိုသတိရခြင်းတွေနဲ့ ကိုယ့်တန်ဖိုးရှိတဲ့ အချိန်တွေကုန်ရမယ်ဆို သိပ်နှမြောစရာကောင်းပါတယ်.) ...
  • အမြဲ လှပပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိသူတစ်ယောက်အဖြစ်နေပါ ...
  • ကိုယ့်ဘဝအတွက် ကိုယ့်မိဘအတွက် ကိုယ့်ကိုချစ်တဲ့သူတွေကို အချိန်များများပေးပြီး နှောင်ဖွဲ့မှုကင်းလွတ်တဲ့ စိတ်တစ်ခုမှာ စိတ်ချမ်းသာအောင် နေပါ.
  • ငါ အမြဲစိတ်ချမ်းသာပျော်ရွှင်ရမယ် အေးချမ်းရမယ်ဆိုတဲ့ စိတ်အားထက်သန်မှု နေ့စဉ်တိုင်း ကိုယ့်ကိုယ်ကိုပြောပါ. စိတ်ထားရှိပါ.

' အချိန်တစ်ခု ' ပေါ့.
အချိန်ဟာ အကောင်းဆုံးသမားတော်တဲ့.
အချိန်တစ်ခုပြီးရင် ...
ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာတဲ့တစ်နေ့ ...
နှောင်ဖွဲ့မှုကင်း အေးချမ်းခြင်းမှာ ပျော်မွေ့တတ်လာတဲ့အခါ ...
image
ဘယ်အရာကိုမှ မေ့ပစ်ဖို့ကြိုးစားစရာမလို ...
သူ့အလိုလို ' ဗလာ ' ခံစားချက်ဖြစ်သွားပါလိမ့်မယ်.

ခွင့်လွှတ်ခြင်း ...
လက်လွှတ်တတ်ခြင်း ...
အေးချမ်းစွာနေလိုခြင်းနောက်မှာ ...
ဘဝရဲ့ မမှတ်မိချင်တော့တဲ့ အရာတွေဟာ ...
နှလုံးသားမှာ ' ဗလာ ' တွေအဖြစ်ရှိပါလိမ့်မယ်.

အဲဒီ့ ' ဗလာ ' အခြေအနေအမြန်ဆုံးရောက်ပြီး နေ့ရက်တိုင်းမှာ အေးချမ်းပါစေ.
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!