အချိန် က အမှန်တွေကို သက်သေပြသွားမှာပါ

in story •  7 years ago 

ငါးလေးတစ်ကောင်ဟာ လိပ်လေးတစ်ကောင်ကို
ရေကူးခတ်ရင်းတွေ့တော့ မေးသတဲ့ ။

"မင်းက ဘာလို့ တစ်ခုခုကြုံလာတာနဲ့
အခွံထဲကိုခေါင်းဝှက်ထားဖို့ပဲ စဉ်းစားတာလဲ ။ "

လိပ်ကလည်း ငါးကလေးမေးတဲ့ မေးခွန်းကို
အေးအေးဆေးဆေးပဲ ပြန်ဖြေပါတယ်။
"ငါ့ဟာငါ တိတ်ဆိတ်တဲ့ ၀န်းကျင်တစ်ခုကို
လိုချင်လို့လေ၊ မမြင်ချင်တာမမြင်ရအောင်
နေတတ်သလိုနေတာလေ။ "

ဒီတော့ ငါးကလေးက "သူများတွေမင်းကို ငကြောက်လို့
ပြောနေတာ မင်းပြန်မကြားမိဘူးလား။"

လိပ်ကလေးက ငါးလေးကို တစ်ချက်ပြုံးပြရင်းနဲ့ ...

"ဒီအချက်က မင်းနဲ့ငါနဲ့ မတူတာပဲ ။ ငါတို့လိပ်မျိုးတွေက
မင်းတို့တွေထက်ဘာကြောင့်
အသက်ရှည်ရသလဲသိလား....

အရာအားလုံးကို လိုက်ခံစားမနေဘူး...။
တို့တွေက ဘ၀မှာ ဘာအရေးကြီးသလဲဆိုတာကို
ပိုအဓိကထားတယ်။

သူများတွေရဲ့ အပြောတွေကို
အမြင်တွေကို လိုက်ဂရုစိုက်ပြီး မခံစားနေဘူးလေ။

တစ်ခုခုကြုံလာလို့ ငါ့ရဲ့အခွံထဲ ခေါင်းဝှက်လိုက်တဲ့အခါ
ငါ့ကိုငကြောက်လို့ ပြောကြတယ်။

ဘယ်သူတွေဘာပြောပြော ငါမရှက်ဘူးလေ။
သူတို့ကို ရှက်နေလို့ ငါ့အန္တရာယ်က မအေးသွားဘူးလေ။

အဓိကက ငါလုံခြုံနေဖို့လိုတယ်။
သူများရဲ့အမြင်တွေ အပြောတွေကိုကြောက်လို့
ငါ့အန္တရာယ်တွေ ငါမရှောင်ရင် ငါပဲခံရမှာလေ။

အဲ့တော့ ပြောချင်တာပြောကြပါစေ ငါ့ရဲ့မှန်ကန်တဲ့
ခံယူချက်အတိုင်းပဲ နေလိုက်တယ်။ "
လို့ပြန်ဖြေလိုက်ပါတယ်။

...
..
.

ကိုယ့်ကိုနှစ်သက်တဲ့သူက ကိုယ်ဘယ်လောက်
မကောင်းတာပဲလုပ်လုပ် အမြင်ကြည်နေပေမယ့်
ကိုယ့်ကိုမနှစ်သက်တဲ့သူကို ဘယ်လိုပဲ ကောင်းတာ
လုပ်ပြလုပ်ပြ သူတို့ရဲ့ စိတ်ထဲမှာ အကောင်းမမြင်နိုင်ဘူး။

ဒီတော့ သူတို့အမြင်အပြောတွေထက် ကိုယ့်လုပ်ရပ်က
မှန်နေရင် ရပြီ။

ဘယ်သူတွေ ကိုယ့်နောက်ကွယ်မှာ
ဘာပြောပြော လိုက်ရှင်းပြနေစရာ မလိုဘူး။
တစ်ချိန်မှာ အချိန်က အမှန်တွေကို
ကိုယ့်ကိုယ်စားပြောပေးလိမ့်မယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!