လူကိုဖျက်တော့ အပိုင်း (၂၀)
အိမ်ရှေ့ဖိနပ်ချွတ်အတက်တွင် မောင်ငြိမ်းခြေချော်၍ လဲကျသွားသည်။
မိဖြူလည်း အသံကြား၍ ထမင်းချက်နေရာ မီးဖိုချောင်မှ အိမ်ရှေ့သို့ အပြေးကလေး ပြေးထွက်လာသည်။
လျှပ်စစ်မီး မရှိသဖြင့် ဖယောင်းတိုင်မီးကလည်း မှိန်ပြပြသာ လင်းနေသည်။
"ဟင် ... အဖေ"
မိဖြူ သူ၏ဖခင်မောင်ငြိမ်းကို ဖိနပ်ချွတ်မှ သွားရောက်
ထူပေးပြီး မနိုင်မနင်းဖြင့် အပေါ်ဆင့်သို့ တွဲခေါ်လာခဲ့သည်။
"မိနွယ်"
"အဖေ ... သမီးပါ"
မောင်ငြိမ်းတစ်ယောက် မူးမူးနှင့် မိနွယ်ကိုသာ ဖက်ထားသည်။
မိဖြူပြောသော စကားလည်း မကြားပါ။
ဆရာတင့်လူ၏ ပညာပေးဇာတ်လမ်းတိုများ စုစည်းခြင်း