အောင်မြင်သူတစ်ယောက်လို စဉ်းစားပါ..
အရင်ဆုံး သင့်ကိုယ်သင် မေးရမယ့် မေးခွန်းတစ်ခုဟာ သင်ဟာ အောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုတာ သေချာရဲ့လားလို့ပေါ့။ အောင်မြင်ချင်တယ်ဆိုရင်တော့ အောင်မြင်တဲ့သူတစ်ယောက်လို ပြောဆို၊ ပြုမူ၊ တွေးတော ရပါမယ်။ အခုကတော့ မအောင်မြင်သေးလို့ ပုံမှန်အတိုင်းနေမယ်၊ အောင်မြင်လာတဲ့အခါကျမှ ပြောင်းလဲတော့မယ်ဆိုရင်တော့ သင်ဘယ်တော့မှ အောင်မြင်တော့မှာ မဟုတ်သလို၊ ပြောင်းလဲနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့အကြောင်း ပြောပါရစေ..
.
ဒီတော့ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုရင် အခုလက်ရှိအချိန်ကတည်းက အောင်မြင်တဲ့သူတစ်ယောက်လို တွေးတောတတ်ဖို့၊ စဉ်းစားတတ်ဖို့ လိုပါပြီ။ ကဲ.. အောင်မြင်သူတွေ ဘယ်လိုတွေးတောလဲ ကြည့်ကြည့်ရအောင်..
.
(၁) ရေရှည်ကိုတွေးပါ..
ဘယ်တော့မှ ရေတိုအဆင်ပြေမယ့်အကြောင်းတွေကို မတွေးပါနဲ့။ ဆေးမြီးတိုနည်းလမ်းတွေကို အားမကိုးပါနဲ့။ ရေရှည်မှာ ဘာတွေဖြစ်လာနိုင်သလဲဆိုတဲ့ အကြောင်းကိုပဲ အခြေခံပြီးတွေးပါ။ ဆုံးဖြတ်ချက်တစ်ခု ချတိုင်းလည်း နောင် ငါးနှစ်အတွင်း ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့ အချက်ကို ထည့်သွင်း စဉ်းစားပါ။
.
(၂) အောင်မြင်ခြင်း အကြောင်းတရားများကို ရှာဖွေပါ..
အောင်မြင်ချင်တယ်ဆိုတာ ကြွေးကြော်နေရုံနဲ့ မရပါဘူး။ ဆုတောင်းနေရုံလည်း မရပါဘူး။ အိမ်မက် မက်နေရုံနဲ့လည်း မရပါဘူး။ အောင်မြင်ဖို့ဆိုရင် အောင်မြင်ခြင်း အကြောင်းတရားတွေကို ရှာဖွေနေဖို့ လိုပါတယ်။ အောင်မြင်ခြင်း နည်းလမ်းတွေကို ဘယ်လိုရှာဖွေမလဲဆိုရင်တော့ စာအုပ်စာပေတွေထဲမှာ ရှာလို့ရပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့သူတွေဆီမှာ ရှာဖွေလို့ရပါတယ်။ လူတွေကြားမှာ ရှာဖွေလို့ရပါတယ်။
.
(၃) အပြောင်းအလဲကို ရင်ဆိုင်တတ်ပါစေ..
အထူးသဖြင့် ဒီနေ့ခေတ်မှာ အောင်မြင်ဖို့ အားထုတ်နေတဲ့သူတစ်ယောက်အနေနဲ့ အပြောင်းအလဲတွေကို စိုးကြောက်နေလို့ မရပါဘူး။ အပြောင်းအလဲတွေကို မိတ်ဆွေတစ်ယောက်လို သဘောထားပြီး အပြောင်းအလဲကြောင့် ဖြစ်လာတဲ့ အခွင့်အလမ်းတွေအားလုံးကို ကောင်းကောင်း အသုံးချတတ်ရပါမယ်။ နိုင်ငံရေး အပြောင်းအလဲ၊ ပညာရေး အပြောင်းအလဲ၊ စီးပွားရေး အပြောင်းအလဲ၊ နည်းပညာ အပြောင်းအလဲ။ ဒီအပြောင်းအလဲတွေမှာ လိုက်ပါစီးမြောနိုင်မှ ရေရှည်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်မယ်လို့ ထပ်လောင်း ပြောချင်ပါတယ်။
.
(၄) စွန့်စားမှုတွေ လုပ်နိုင်ပါစေ..
ကြီးမားတဲ့ အောင်မြင်မှုတွေတိုင်းမှာ ထိုက်တန်တဲ့ စွန့်စားမှုတွေ ရှိပါတယ်။ စွန့်စားမှုဆိုတာ ရင်ခုန်စရာကောင်းပေမယ့် လောင်းကစားမှုတစ်ခုလိုတော့ မဟုတ်ပါဘူး။ စွန့်စားမှုမှာ ကိုယ့်ရဲ့ အားထုတ်မှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အရင်းအနှီးပေါင်းများစွာ ပါဝင်ပါတယ်။
.
(၅) ဘာလုပ်လုပ် အကျိုးရှိတာလုပ်..
ဒါ အရေးကြီးပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် အကျိုးရှိတာ တစ်ခုခုကို လုပ်နေဖို့ လိုပါမယ်။ စီးပွားရေးအရ အကျိုးရှိတာ၊ လူမှုရေးအရ အကျိုးရှိတာ၊ ပညာရေးအရ အကျိုးရှိတာ.. စသဖြင့်ပေါ့။ ကိုယ်လုပ်နေတဲ့အရာတစ်ခုက ကိုယ့်အတွက် တစ်စုံတစ်ရာ အကျိုးရှိဖို့ လိုပါမယ်။
.
(၆) ကိုယ့်ကိုယ်ကို အဆင့်မြှင့်ပါ..
ကိုယ့်ကိုယ်ကို အမြဲတမ်း အဆင့်မြှင့်နေဖို့ လိုပါမယ်။ မနေ့က သင်ထက် ဒီနေ့သင်က ပိုသာလွန်နေဖို့ လိုပါမယ်။ ဒီနေ့ သင်ထက်လည်း နောက်နေ့မှာ ဖြစ်လာမယ့် သင်က ပိုသာနေရပါမယ်။ ဒီလို စဉ်ဆက်မပြတ် အဆင့်မြှင့်နေဖို့ အတွက် သင်ယူလေ့လာမှုတွေလည်း အမြဲတမ်း လုပ်နေရပါမယ်။ အရှိန်အဟုန်နဲ့ ပြေးလွှားနေတဲ့ ခေတ်ထဲမှာ နောက်ကျကျန်မနေဖို့ ကိုယ့်ကိုယ်ကို အမြဲတမ်း ပြင်ဆင်နေဖို့ လိုပါမယ်။
.
(၇) တန်ဖိုးထားရမယ့်အရာတွေကို တန်ဖိုးထားမယ်..
အောင်မြင်ဖို့ဆိုရင် ထူးချွန်ထက်မြက်နေရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်တန်ဖိုးထားရမယ့် အရာတွေကို တန်ဖိုးထားတတ်ဖို့ ကောင်းကောင်းလိုပါမယ်။ ဥပမာပြောရရင်တော့ ကိုယ်နဲ့အတူ အောင်ပွဲခံမယ့် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေကို တန်ဖိုးထားရမယ်။ ရဲဘော်ရဲဘက်တွေကို တန်ဖိုးထားရမယ်။ သူတို့ရဲ့ တန်ဖိုးတွေကိုလည်း အသိအမှတ်ပြုရမယ်။ ဒီလိုပဲ တခြားတန်ဖိုးထားရမယ့်အရာတွေလည်း ရှိကောင်းရှိပါမယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ရေရှည်အောင်မြင်ဖို့ဆိုရင် ဒီအချက်ကို မေ့လျော့နေလို့တော့ မဖြစ်ပါဘူး။
.
(၈) ကုန်ဆုံးနေတဲ့ အချိန်တွေကို စိစစ်ပါ..
ထိပ်တန်းအောင်မြင်နေတဲ့ သူတစ်ယောက်မှာ အချိန် ၂၄ နာရီ ပိုင်ဆိုင်ပါတယ်။ အရှုံးသမား တစ်ယောက်မှာလည်း အချိန် ၂၄ နာရီ ပိုင်ဆိုင်ပါတယ်။ အချိန်တွေကို ညီတူညီမျှ ပိုင်ဆိုင်ကြတာချင်းအတူတူ သူတို့နှစ်ယောက်ကြားမှာ ကွာသွားတဲ့ အချက်က အချိန်တွေကို အသုံးချပုံချင်းမတူကြတာပါ။ သင့်ရဲ့ လေလွင့်နေတဲ့အချိန်တွေကို ပြန်လည်စိစစ်လိုက်ပါ။
.
(၉) ရည်မှန်းချက်များ..
သေချာပါတယ်။ သင်ကိုယ်တိုင် ဘာဖြစ်ချင်တယ်ဆိုတဲ့ တိကျသေချာတဲ့ ပန်းတိုင်တစ်ခုမရှိဘဲနဲ့ အရမ်းကို ကြိုးစားနေရင်လည်း ထင်သလောက် အရာထင်မှာ မဟုတ်ပါဘူး။ နေရာတစ်ခုကို သွားချင်တယ်ဆိုရင် အခြေခံအနေနဲ့ ဘယ်နေရာကိုသွားမှာလဲဆိုတာလောက်တော့ သိရပါမယ်။ နောက်တစ်ဆင့်ကျမှ ဘယ်လိုသွားမယ်တို့၊ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မယ်တို့ တွေးရမှာပါ။ ဒီတော့ အရင်ဆုံး ပန်းတိုင်တစ်ခု ရှာဖွေရပါမယ်။
.
(၁၀) ယုံကြည်မှုများ..
ယုံကြည်မှုဆိုတာ လေယာဉ်ပျံတစ်ခုလိုမျိုး စွမ်းအားကြီးမားလွန်းပါတယ်။ သင်သွားလိုတဲ့ ခရီးကို ခြေလျင်သွားမလား၊ လေယာဉ်ပျံနဲ့သွားမလား? ရလဒ်နဲ့ ခရီးတွင်ပုံက အပုံကြီး ကွာနေပါလိမ့်မယ်။ လေယာဉ်ပျံနဲ့ သွားမယ်ဆိုရင်တော့ အရင်ဆုံး သင့်ရဲ့လေယာဉ်ပျံကို တည်ဆောက်ရပါမယ်။ ကဲ.. ဒီတော့ ယုံကြည်မှုတွေကို တည်ဆောက်လိုက်ရအောင်ဗျာ..
ရွှေညာမောင် (Focus Youth)
Ref: Success
Myanma tanatkhar
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
like
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great post
FOLLOW ME I WILL FOLLOW YOU BACK
https://steemit.com/upvoting/@crypto-booster/are-you-tired-of-asking-other-to-upvote
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank. I followed you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit