ဘဝမှာအောင်မြင်ဖို့ နေ့စဉ်နေ့တိုင်းလိုက်နာလုပ်ဆောင်သင့်တဲ့အချက်များ
- သင့်ရဲ့ဦးစားပေးတွေကိုသေချာသတ်မှတ်ပါ
သင့်ဘဝရဲ့အရေးကြီးဆုံးဦးစားပေးအချက်တွေကဘာလဲ? သင့်ရဲ့ဦးစားပေးအချက်တွေအတွက် အချိန်ပေးနိုင်ရဲ့လား?ဒီအချက်တွေကို မဖြေနိုင်သေးဘူးဆိုရင်တော့ ဦးစားပေးအရာတွေကိုသတ်မှတ်ပြီး ဘဝမှာမလိုအပ်တဲ့အရာတွေအတွက် အချိန်ပေးနေတာကိုလျှော့လိုက်ပါ။သင့်အတွက်အရေးကြီးတဲ့အရာတွေအပေါ်မှာဘဲ အချိန်ပေးပါ။
- တနေ့ တာလုပ်ဆောင်စရာတွေကို စာရင်းပြုစုထားပါ
အချိန်ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတခုဖြစ်သလို အစားထိုးလို့ လဲမရပါဘူး။သင်အောင်မြင်ချင်တယ်ဆိုရင် သင့်ရဲ့တနေ့ တာဆိုတဲ့အချိန်ကို ဘယ်လိုအသုံးချမလဲဆိုတာကို အစီစဉ်ဆွဲရပါမယ်။မနက်မိုးလင်းကနေ မိုးချုပ်သည့်တိုင် ဘာတွေကိုလုပ်မယ်၊ ဘယ်သွားမယ်၊ ဘယ်အစည်းအဝေးပွဲတတ်မယ် အစရှိသဖြင့်ပေါ့
- သင့်ကိုယ်သင် ဘယ်တော့မှမညာပါနဲ့ 
သင်ဘယ်အရာတွေကို လေ့ကျင့်ဖို့ လိုအပ်တယ်၊ ဘယ်အရာတွေကိုသင်ယူလေ့လာဖို့ လိုနေတယ် ဆိုတာ သင့်ကိုယ်သင် အသိဆုံးပါ။
- စိတ်ညစ်စေတဲ့အရာတွေ စိတ်လေစေမယ့်အရာတွေကိုလျှော့ချပါ
ကျွန်တော်တို့ လုပ်ငန်းခွင်ထဲမှာ အခက်အခဲမျိုးစုံကြုံရတာပါဘဲ။ဒါပေမယ့် ဖိအားတွေ စိတ်ညစ်စရာတွေကိုတတ်နိုင်သလောက်လျှော့ချရမယ်။
အနားယူပါ
နေ့ စဉ်လုပ်ဆောင်တာတွေကို သေချာစီစဉ်ပါ။ ဒါပေမယ့် အမြဲအလုပ်ဆိုတာကြီးဘဲ လုပ်မနေပါနဲ့ ။အနားယူဖို့ အားကစားလုပ်ဖို့ မမေ့ပါနဲ့ 
ဘဝမှာကြီးမားတဲ့အောင်မြင်မှုကိုလိုချင်ရင် သေးငယ်တဲ့အရာလေးတွေကနေ စတင်ရတယ်ဆိုတာကိုသတိရပါ
သင် ၂၀၁၇ အကုန်မှာ သိန်း၁သောင်းရရမယ်ဆိုတဲ့ရည်မှန်းချက်ရှိတယ်ဆိုပါစို့ ။ ရည်မှန်းချက် ချပြီးသွားခဲ့ရင် တနေ့ တနေ့ ကိုငွေဘယ်လောက်ရှာမလဲ? ဘယ်လိုလုပ်ငန်းတွေကို တိုးချဲ့မလဲ? စတာတွေကိုလုပ်ဆောင်ဖို့ လိုပါတယ်
- သင့်စိတ်ဓတ်ကိုမြှင့်တင်ဖို့ ရည်မှန်းချက်တွေပိုပြီးပြင်းပြလာစေဖို့ အတွက်ဘဲ သူများနဲ့ မိမိကိုယ်ကိုနှိုင်းယှဉ်ပါ
သူတပါးနဲ့ နှိုင်းယှဉ်တဲ့အခါ မနာမလိုပါနဲ့ ။ စိတ်ဓတ်မကျပါနဲ့ ။ တနေ့ သူတို့ လိုဖြစ်စေရမယ်ဆိုတဲ့ကောင်းတဲ့စိတ်လေးကိုမွေးပြီးနှိုင်းယှဉ်ပါ။သူတို့ ဆီက ဘယ်လိုအကြံညဏ်တွေစိတ်ကူးတွေရနိုင်လဲ? သူတို့ ဘာ့ကြောင့်အောင်မြင်တာလဲ? သူတို့ ဆီကဘာတွေကိုသင်ယူနိုင်မလဲ? စတာတွေကိုနှိုင်းယှဉ်ပါ။ သင့်လိုအပ်ချက်တွေ သင်ယူစရာတွေကိုသိလာတဲ့အခါ ပြင်ဆင်ပါ။ လေ့လာပါ။ သင့်အောင်မြင်မှုက သင့်လက်တစ်ကမ်းကိုရောက်လာမှာ အသေအချာပါဘဲ
8 . သင့်ကိုလမ်းညွှန်ပြမယ့်သူ၊ ဆရာရှာပါ
သင်ဝါသနာပါတဲ့ သင်ရွေးချယ်ထားတဲ့နယ်ပယ်မှာ သင့်ကိုသင်ပြပေးနိုင်မယ့် စိတ်ခွန်အားတွေပေးနိုင်မယ့်သူကိုရှာဖွေဖို့ လိုပါတယ်။နယ်ပယ်အသီးသီးမှာ သင်ပြပေးနိုင်မယ့်သူတွေအများကြီးပါ။ သင့်ကိုသင်ပြပေးနိုင်မယ့် သူတယောက်ကိုငှားပါ။ သူက နေ့တိုင်း သင့်ကိုစိတ်ခွန်အားတွေ နည်းလမ်းကောင်းတွေ သွန်သင်ဆုံးမမှုတွေ ပေးရင်းသင့်ကို အောင်မြင်မှုဆီကို ပို့ ဆောင်ပေးမှာဖြစ်ပါတယ်
#Success
#Toptenteam
Wow, what language is that?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Me ne povas legi vian skribaĵon, tamen mi votas por ĝi, ĉar al mi tre plaĉas la interesajn kaj belajn literojn. La mondo estas tre malsama.
Bonan tagon!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit