အောင်မြင်ခြင်း၊၊ ။
အောင်မြင်ခြင်းဆိုတာကြိုးစားသူ
တိုင်းရလေ့ရှိတဲ့အသီးအပွှင့်တစ်ခုပါ။
အောင်မြင်တယ်ဆိုတာလဲရိုးရိုး
အောင်မြင်တာ အထူးအောင်မြင်
အလွန်အလွန်ကြီးအောင်မြင်တာ
ဆိုပီးယေဘူယျ သုံးမျိုးလောက်ခွဲ
ခြားလို့ရတယ်။
ရိုးရိုးအောင်မြင်ခြင်း--------
ကတော့ ပြည်တွင်းမှာနေနေ ပြည်ပ
မှာနေနေ အလျင်းသင့်တာလုပ်မယ်
ဝန်ထမ်း ဈေးရောင်းသို့မဟုတ်
စီးပွားရေးလုပ်ငန်းတစ်ခုခုလပ်မယ်
ထိုက်သင့်သောကြိုးစားမူလုပ်မယ်
ထိုက်သင့်တာနိုင်သလောက်ရင်နှီး
မြုတ်နှံမယ် ထိုက်သလောက်အောင်
မြင်မယ် စားနိုင်သောက်နိုင် မပူမပင်
နေနိုင်မယ်တဖြည်းဖြည်းတိုးတက်နေ
မယ်ဒါကတော့ရိုးရိုးအောင်မြင်ခြင်း
ဘဲလို့ဆိုရမယ်။
အထူးအောင်မြင်ခြင်း------------
ဆိုတာကတော့ လုပ်ငန်းတွေရုတ်
တရက်ကောင်းလာတယ်ဆိုင်သမား
ဆိုရင်လဲအော်ဒါတွေအများကြီး
တက်လာမယ် လုပ်ငန်းရှင်ဖြစ်ရင်
လဲလုပ်ကွက်တွေအများကြီးရလာ
မယ် အသေးစားလုပ်သူကလဲ
အလုပ်တစ်အားဖြစ်လာမယ် မထင်မှတ်တာတွေတိုးချဲ့လာရပီး
အထူးအောင်မြင်လာတာမျိုးပေါ့။
အလွန့်အလွန်ကြီးအောင်မြင်ခြင်း----
အလွန်အလွန်ကြီးအောင်မြင်တဲ့
အဆင့်ပေါ့ အလွန်ကြီးကျယ်တဲ့
လုပ်ငန်းရှင်ကြီးတွေဖြစ်လာတယ်
ဒီအခြေအနေတွေကစိတ်ပိုင်းဆိုင်
ရာယုံကြည်မူ မိမိကိုယ်ကိုတိုးတက်လာမယ်လို့ယုံကြည်မူအားကောင်း
သူတွေသာဖြစ်တတ်ပါတယ်။
ဘယ်အောင်မြင်မူမဆို မိမိကိုယ်ကို
တိုးတက်ကြီးပွားမယ်လို့ယုံကြည်မူ
မြင့်မားခြင်းတွေနဲတိုက်ရိုက်အချိုး
ကြနေပါတယ်။ တိုးတက်ကြီးပွား
လိုသူတစ်ဦးဟာ ငါသည်မုချတိုး
တက်ကြီးပွားရမယ်လို့ပြင်းပြသော
စိတ်ဓာတ်ရှိနေတတ်ကြပါတယ်၊
မအောင်မြင်သူတွေဟာလည်း
ငါသည်မအောင်မြင်ဘူးဆိုတဲ့သံသ
ယစိတ်ဓာတ်ရှိတတ်ကြပါတယ်
မိမိကိုယ်ကိုမအောင်မြင်ဘူးလို့
သံသယရှိတတ်တဲ့သူက ကျဆုံးသူတွေဖြစ်ပါတယ်။
အောင်မြင်ရန်အတွက်-----------
အောင်မြင်လိုသူတစ်ဦးဟာမိမိဟာ
အောင်မြင်မဲ့အကြောင်းမိမိကိုယ်ကို
စိတ်ဓာတ်မြင့်တင်နေဖို့လည်းလိုအပ်
ပါတယ် စိတ်ပညာဆိုက်ကိုလိုဂျီ
ကလည်းမိမိစိတ်ကိုနိုးဆော်တိုက်
တွန်းဖို့လမ်းညွန်ပါတယ်။
မိမိကိုယ်ကိုအကြံပေးခြင်း----
မနက်စောစောဖြစ်စေ ညဖြစ်စေ
နိုးထချိန်နဲ့ အိပ်ယာဝင်ချိန်မှာ
မိမိမသိစိတ်ကိုပြောရပါတယ်
အသံထွက်ပြီးဆိုရပါမယ်
ဥပမာ---ငါလုပ်ကိုင်နေသော
လုပ်ငန်းများအထူးအောင်မြင်လာပီ
ငါသည်ကျန်းမာရေးကောင်းသူ
ဖြစ်သည် မည်သည့်ရောဂါမှမရှိပါ
ငါသည်ချမ်းသာကြွယ်ဝသူ ဖြစ်ပြီ
စသဖြင့် မိမိနှုတ်မှရွတ်ဆိုခြင်းကို
မိမိနားမှကြားအောင်ရွတ်ဆိုရမည်၊၊
ဆိတ်ငြိမ်သောနေရာ ဘေးလူမရှိ
သောအချိန်ဖြစ်ရမည်။
ဆိုက်ကိုလိုဂျီအရဆိုလျှင်
အင်မာဂျင်နေရှင်း မိမိကိုယ်ကို
အကြံပေးခြင်း မသိမသာစိတ်ငြို့
ခြင်းဖြစ်ပြီး မသိစိတ်ကိုဒီအတိုင်း
ဖြစ်ပါဟုပြောခြင်းဖြစ်သည်။
စိတ်သည်နှစ်မျိုးဖြစ်ပြီးသိစိတ်နှင့်မသိစိတ်ဟုခေါ်ကာ သိစိတ်သည်
ဆင်ခြင်တုံတရားရှိပြီး ပြင်ပလူ
စိတ်မျိုးဖြစ်သည်၊၊
မသိစိတ်သည် ဆင်ခြင်တုံတရားမရှိ
ဘဲသေချာစွာထင်မြင်ယုံကြည်ခြင်း
အပေါ်တွင်အခြေခံကာ အရာရာကို
ဖန်တီးပြုလုပ်နိုင်စွမ်းရှိသည်မှာ
မသိစိတ်ဖြစ်ပြီးသဘာဝလွန်စိတ်
တန်ခိုးစိတ်ဖြစ်ပါသည်။
မိမိဖြစ်စေလိုသောအရာကိုရွတ်ဆို
သောအခါဖြည်းဖြည်းမှန်မှန်ရွတ်ဖတ်
ရပြီးအနည်းဆုံးအကြိမ်(၂၀)ဆိုရ
မည်နေ့စဉ်အကြိမ်(၇၀)လောက်
ရွတ်ဆိုပေးရမည်။တစ်လခန့်အနည်း
ဆုံးရွတ်ဆိုနေရမည်။အဓိကအချက်
မှာယုံကြည်မူဖြစ်သည်။
မကြာသောကာလတွင် ထူးခြးမူများ
ကိုတွေ့ကြုံလာရမည်ဖြစ်ပါသည်။
ကိုယ်တွေ့ဖြစ်ပါသည်။
အောင်မြင်ခြင်းလျို့ဝှက်ချက်
များဆက်လက်ရေးသားပါမည်။
ဝင်းနိုင်ဦး(ကြီးပွားရေး)