သံဃာအပါး ၁ဝဝ ကို အရုဏ်ဆွမ်း ကပ်လှူခဲ့တဲ့ ခိုင်နှင်းဝေတို့ သားအမိsteemCreated with Sketch.

in tag •  7 years ago 

မင်းသမီးခိုင်နှင်းဝေတို့ သားမိနှစ်ယောက်ကတော့ ဒီနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) မှာ သံဃာတော်အပါး ၁ဝဝ ကို အရုဏ်ဆွမ်း ကပ်လှူခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်အလုပ်တွေလုပ်ရင်း ပရတိတနဲ့ လှူဒါန်းတွေ အားသွန်ခွန်စိုက် လုပ်နေတဲ့ ခိုင်နှင်းဝေကတော့ နားတဲ့ရက်ဆိုတာ မရှိသလောက်ကို ဖြစ်နေတာပါ။

‘’ ယနေ့အာရုံဆွမ်းဒါနအလှူမှာ သံဃာအပါး ၁၀၀ အား မုန့်ဟင်းခါးကပ်လှူ၍ သိက္ခာထပ်ထပ်ပေးပါတယ်ရှင်..မုန့်ဟင်းခါးနှင့်အချိုပွဲစုံလင်စွာကပ်လှူပူဇော်ရတဲ့ကုသိုလ်အား ၇ ရက်သားသမီးများ သာဓုခေါ်ဆိုနိုင်ရန် အမျှပေးဝေပါတယ်ရှင်..’’ လို့ ရေးသားပြီး ဓာတ်ပုံတွေနဲ့တကွ သူမရဲ့ ဖေ့စ်ဘွက် စာမျက်နှာမှာ တင်ထားတာ တွေ့ရပါတယ်။

ယခုတ်ပတ်အတွင်းမှာပဲ သူမက သစ်​တံခါး ဆရာ​တော်​ဘုရားကြီး​ကျောင်းတွင် တရားစခန်း ၃ ရက်အဓိဋ္ဌာန်ဝင်ခဲ့သေးတာဖြစ်ပါတယ်။ အိမ်မှာ တီဗွီကြည့်နေရင်းက တရားစခန်းဝင်ချင်စိတ် ချက်ချင်းဝင်လာပြီး နောက်နေ့မှာ ရောက်အောင် သွားခဲ့တာလို့ ဆိုပါတယ်။ ခိုင်နှင်းဝေရဲ့ စိတ်နဲ့ သမာဓိတွေက ရင့်ကျက်တည်ကြည်တဲ့အဆင့်တစ်ခုထိ ရောက်လာတာဖြစ်ပါတယ်။

အမေနှင့်အန်တီများကိုအရမ်းကျေးဇူးတင်ပါတယ်နော်.. အခုလို မေမေနဲ့ အမြဲကုသိုလ်တွေယူပြီး သာသနာပြုနိုင်ဖို့ လဲဆုတောင်းခဲ့မိတယ် လို့လည်း ခိုင်နှင်းဝေက ဆန္ဒတွေရှိနေသည်။

ခိုင်နှင်ဝေက ရေဘေးဒုက္ခရောက်နေသည့်နေရာမျာ၊ ကလေသူငယ်မုဒိမ်းမှုနှင့် ပက်သက်သည့် အခက်အခဲမှားကိုလည်း လောလောဆယ် ကူညီထားတာကို တွေ့ရသည်။ ဒါ့အပြင် ရခိုင်ဒေသအတွက်လည်း ၈ သိန်းကျပ်ဖိုးလှူဒါန်းမှုပြုလုပ်ထားပြီးတာကို တွေ့ရပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!