MultiLevel Marketingအသိုင်းအဝိုင်းထဲကလူတွေ
ပြောပြောနေတဲ့ ESBI အကြောင်းလေးပါ။
ဒီလုပ်ငန်းလုပ်ကိုင်နေသူတွေကို E,S ကနေ B,Iသို့
ဒီmlmလုပ်ငန်းကတကယ့်ကူးပြောင်းပေးနိုင်လား??
1.E=Employee(လခစား၊အချိန်ပိုင်းဝန်ထမ်း)
2.S=Self-Employee(တပိုင်တနိုင်လုပ်ငန်းရှင်)
3.B=Business Owner(စီးပွားရေးလုပ်ငန်းရှင်)
4.I=Investor (ရင်းနှီးမြုပ်နှံသူ) စသည့်အုပ်စု
၎စု ခွဲခြားပြီး ဆွေးနွေးပါမည်။
1.Employee
ဝန်ထမ်းဆိုတာနဲ့ သန့်ရှင်းရေး လုံခြုံရေး ဝိတ်တာ
အရောင်းစာရေး စသည့်အောက်ခြေဝန်ထမ်းတွေ
ကိုခေါ်တာမဟုတ်ဘူးပါဘူး။
ဝန်ထမ်းဆိုတာအမြင့်ဆုံး CEO ကနေ အနိမ့်ဆုံး
အပေါက်စောင့်ထိပါတယ်။ ကိုယ့်အရင်းအနှီးငွေ
မစိုက်ထုတ်ရပဲ သူတစ်ပါးအလုပ်ကို လစာ (သို့)
နေ့စား၊ အချိန်ပိုင်း (သို့) အချိန်ပြည့် လုပ်ပေးသူ
အားလုံးကို ဝန်ထမ်း Employee လို့ခေါ်နိုင်တယ်။
ဒီအုပ်စုမှာပညာတတ်ဘွဲ့ရတွေပါသလို ဘွဲ့မရ
သော်လည်း သက်ဆိုင်ရာနယ်ပယ်ရပ်အသီးသီး
မှာ ကျွမ်းကျင်သူတွေလဲ ပါဝင်ပါတယ်။
ကိုယ့်တတ်မြောက်သည့်ပညာရပ်နဲ့အတွေ့အကြုံ
လုပ်သက် ကျွမ်းကျင်မှုအပေါ်မူတည်ပြီးလုပ်ခလစာ
ဝင်ငွေအနည်းအများကွာဟပါလိမ့်မယ်။
US စစ်တမ်းများအရ တစ်နှစ်တာ လုပ်ခ လစာ
အများဆုံးကို ဆရာဝန်နှင့်ဆေးဝါးကျွမ်းကျင်သူတွေ
ပါရဂူတွေ အထူးကုတွေ ရရှိကြပါတယ်။
တစ်နှစ်စာအမြင့်ဆုံးပျမ်းမျှဒေါ်လာ၂သိန်း၎သောင်း
ကျော်ရရှိကြပါတယ်။
မြန်မာငွေနဲ့ဆိုလျှင် ကျပ်သိန်း၂ထောင်၎ရာကျော်
လောက်ရှိပါတယ်။
ဒုတိယအများဆုံးကတော့ ကုမ္ပဏီကိစ္စအဝဝကို
တာဝန်ယူဖြေရှင်းပေးရတဲ့ CEO တွေပါပဲ။
တစ်နှစ်တာအတွက် ဒေါ်လာ၁သိန်း၈သောင်းကျော်
ရှိပါတယ်။ဒါကတော့ သာမာန်ကုမ္ပဏီမှာ CEOတွေ
ရဲ့ ပျှမ်းမျှ တစ်နှစ်စာ လုပ်ခ လစာ ဝင်ငွေတွေပါ။
အချို့နာမည်ကြီး ကုမ္ပဏီတွေရဲ့ CEO ဝင်ငွေဆိုရင်
တစ်နှစ်ကို ဒေါ်လာ သန်းနဲ့ချီပြီး ရနေကြတယ်။
ဆက်ပြီးတော့ အင်ဂျင်နီယာတွေ မားကတ်တင်း
မန်နေဂျာတွေ ITပညာရှင်တွေ ရှေ့နေတွေ
အရောင်းမန်နေဂျာတွေ လေယာဉ်မှူးတွေအစရှိတဲ့
ပညာတတ်တွေဒေါ်လာသိန်းချီရနေတယ်။
သူတို့တွေသူများဝန်ထမ်းလုပ်နေတာနော်။
ဝန်ထမ်းလုပ်ရင် မချမ်းသာနိုင်ဘူး မထင်လိုက်နဲ့။
ဒီနေရာမှာ ကပ်သီးကပ်သပ် ပြောကြမယ် သူတို့က
ပညာတတ်လို့ ဒီလောက်ဝင်ငွေရနေတာ ဒါတောင်
လူနည်းစုပဲရတာ စသည့်ဖြင့် ပြောလာနိုင်ပါတယ်။
ဒါဆိုရင် ပညာတတ်ဘွဲ့ရမဟုတ်ပဲ ချမ်းသာသူမရှိ
ကြတော့ဘူးလား။ရှိပါတယ် ပညာတတ်ဘွဲ့မရဘူး
ဒါပေမဲ့ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ကျွမ်းကျင်သူ
တွေ လုပ်ခ လစာတွေ သန်းနဲ့ချီရနေတယ်။
ဝေးဝေး ပြေးမကြည့်နဲ့ အားကစားသမားတွေပဲ။
ကပ်သပ် ပြီးပြောဦးမယ် သူတို့က နာမည်ကြီးတွေ
ဆိုတော့ရမှာပေါ့။အသက်၃၀ကျော်ရင်အသုံးမဝင်
တော့ဘူး။အသုံးမဝင်ဘူးဆိုတာမရှိပါဘူး အသက်
ကြီးသွားလို့ အားကစားသမားဘဝ ကနေအနားယူ
လိုက်ပင်မဲ့ သူတို့အတွေ့အကြုံတွေ ပြန်သင်ပေး
ရင် လုပ်ခလစာ တွေရနေတဲ့ နည်းပြတွေမန်နေဂျာ
တွေ ရှိသေးတယ်။အချို့ဆိုရင် ရုပ်သံတင်ဆက်သူ
အဖြစ်ကူးပြောင်းသွားကြတာပဲ။အဓိက ကတော့
နယ်ပယ်တစ်ခုမှာ အတွေ့အကြုံတစ်ခုရလာပြီး
အဲ့အတွေ့အကြုံတစ်ခုကို နောက်ထပ်သင်ယူမှု
ပေါင်းဆက်ပြီး နောက်ထပ်အလုပ်အကိုင်တစ်ခု
ရှာဖွေရနိုင်တာပေါ့။အချို့ဆိုရင်ကိုယ့်အတွေ့အကြုံ
ကိုစာအုပ်ထုတ်ဝေပြီးဝင်ငွေရနေကြတာလဲရှိတယ်။
ဒါဆိုရင် သူများဝန်ထမ်း Employee လုပ်ပြီး
မချမ်းသာဘူးအမြင်ပြောင်းလဲပြီးကိုယ့်သက်ဆိုင်ရာ
ပညာရပ်၊နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်အောင်
လုပ်ပြီး အတွေ့အကြုံ ဗဟုသုတတွေ ရှာမယ်
သင်ယူမှုတွေ ဆက်လက်လုပ်ကိုင်ကြမယ်ဆိုရင်
သင့်ချမ်းသာဖို့အခွင့်အရေးတွေ ရရှိလာပါလိမ့်မည်။
အခုလို Employee ကနေကျန်တဲ့Self-Employee,
Business Owner,Investor တို့ကို ဘယ်လို
ကူးပြောင်းကြမလဲ။ကူးရောကူးပြောင်းနိုင်လား။
ကူးပြောင်းနိုင်ပါတယ် ဒါပေမဲ့ လွယ်လွယ်ကူကူ
တော့ ကူးပြောင်းနိုင်မှာမဟုတ်ဘူး။
Employee ကနေ Self-Employee ကိုကူးပြောင်း
မယ်ဆိုရင် အကောင်းဆုံးက ကိုယ့်အတွေ့အကြုံ
ပြန်လည်ဝေမျှသင်ကြားပေးရတဲ့တနိုင်တပိုင်အလုပ်
တွေအများကြီးပါ။ဥပမာ နည်းပြဆရာ ဆရာမတို့
အကြံပေး အတိုင်ပင်ခံတို့ အစရှိသည့်တို့ပေါ့။
ဒါဆို Employee ကနေ Business Owner ရော
ကူးပြောင်းမရဘူးလား။ ရတာပေါ့ ဝန်ထမ်းဘဝနေ
စီးပွားရေးလုပ်ငန်းရှင်တွေ ပြောင်းသွားသူတွေ
ရိုက်သတ်လိုတောင် မကုန်ဘူး။ဒါပေမဲ့ ကူးပြောင်း
သူတွေ အကုန်ဖြစ်ကြလားဆိုတော့ မဖြစ်ကြပါဘူး။
ဘာကြောင့်လဲဆိုတော့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့
ထမင်းစားရေသောက်သလောက်မလွယ်ကူဘူး။
သို့သော် လုပ်ငန်းရှင်အတော်များများ Employee
ဘဝကနေတက်လာကြတဲ့သူတွေကြီးပါပဲ။
ဒါဆိုရင်ရော Employee ကနေ Investor ရော
ကူးပြောင်းလို့မရဘူးလား။ကူးပြောင်းလို့ရတယ်။
ဥပမာ Shares တွေ ဝယ်ပြီးရင်းနှီးတာတို့ ရွှေတွေ
အိမ်ခြံ မြေတွေ ဝယ်ပြီး ရင်းနှီးတာတို့ လုပ်ကိုင်ပြီး
ကူးပြောင်းနိုင်တယ်။
ဥပမာ ထပ်ပေးရရင် Shares တွေဝယ်စုပြီး Shares
အများဆုံးပိုင်ဆိုင်ပြီး ကုမ္ပဏီဥက္ကဌ ရာထူးတတ်ယူ
ကြတဲ့သူတွေရှိသလို၊ရွှေတွေ အိမ်ခြံမြေတွေစုပြီး
အရောင်းအဝယ်လုပ်ပြီး ချမ်းသာသွားသူတွေလဲ
ရှိတယ်။ဒါပေမဲ့ ဘာပညာမှမတတ် ဘာဗဟုသုတ
ဘာအတွေ့အကြုံမှလဲမရှိ လေ့လာသင်ယူမှုလဲ
မလုပ်ထားရင်တွေ ESBI မပြောနဲ့ရွှေထုပ်ကိုအမှိုက်
ထုပ်ထင်ပြီး လွှတ်ပစ်မိသူဆိုရင်တော့ အောက်ခြေ
ဘဝကနေ တတ်လာဖို့ အခွင့်အလမ်းမရှိပါဘူး။
2.Self-Employee (တပိုင်တနိုင်လုပ်ငန်းရှင်)
အလွယ်ကူဆုံးဆိုရင်တော့ ဈေးရောင်းတဲ့အလုပ်
အခက်ခဲဆုံးဆိုရင်တော့ SME ဆိုတဲ့ အသေးစား
လုပ်ငန်းရှင်တွေပေါ့။Employee ကနေထွက်ပြီး
Self-Employee ဘဝ ကူးပြောင်းသူတွေ စတင်
ရင်ဆိုင်ရမှာကတော့ စားဝတ်နေရေး အခက်အခဲပဲ
အရင်လို လကုန်ရက် လုပ်ခလစာ ရမှာမဟုတ်ဘူး။
ဒီတာဝန်လေးတစ်ခုလုပ်ရုံနဲ့မရတော့ဘူး။ပိတ်ရက်
ခွင့်ရက်ဆိုတာလဲ မရှိတော့ဘူး။လစာကြိုထုတ်ချင်
လို့လဲမရတော့ဘူး။သူတစ်ပါးကိုအကူအညီတောင်း
ပြီးဖြေရှင်းလို့မရတော့ဘူး။အစစအရာရာကိုယ်တိုင်
လုပ်၊အခက်အခဲမှန်သမျှကိုယ်တိုင်ဖြေရှင်းရမယ်။
အဲ့လို ဒုက္ခ၊ပြဿနာပေါင်းသောင်းခြောက်ထောင်
ကို အဆင့်ဆင့်ကျော်လွှားနိုင်မှသာလျှင် SME ဘဝ
မှာရေရှည်ရပ်တည်လာနိုင်မှာပါ။အချို့ကြတော့
ကြိုတင်စီမံကိန်းချပြီး ငွေအရင်းအနှီး၊အတတ်ပညာ
ကျွမ်းကျင်မှု၊အဆက်အသွယ်တွေ အချက်အလက်
တွေစုဆောင်းပြီးမှ ကူးပြောင်းကြတယ်။အချို့ကြ
တော့ ဘာမှမပြည့်စုံသေးပဲ ကူးပြောင်းကြတယ်။
ရေကူးနည်းမသင်ပဲ ရေကန်ထဲခုန်ဆင်းပြီး ရေနစ်
ဖူးတော့ နောက်ဆို ရေမကူးရဲလောက်အောင် SME
ဘဝ ကို စွန့်လွှတ်ပြီး Employee ဘဝ နဲ့ကုန်ဆုံး
သွားကြတယ်။ SME ဘဝကူးပြောင်းဖို့လွယ်ကူမယ်
မထင်လိုက်နဲ့ ကိုယ်ထက် ဆရာကျတဲ့ B,I တွေကို
စိုးမိုးမှုကို အလူးအလဲ ခံစားရသေးတယ်။
သူတို့ရန်ကြောက်လို့ သူတို့နဲ့မပက်သက်ပဲနေလို့
ရလာဆိုတော့ မရဘူးဗျ ကိုယ့်လုပ်ငန်းတိုးတတ်ဖို့
သူတို့အကူအညီလဲယူရသေးတယ်။အစိုးရစီကလဲ
အထောက်အပံ့ယူရတယ်။ဒါမှလဲ အသေးစားကနေ
အလတ်စား၊အလတ်စားကနေအကြီးစား လုပ်ငန်း
ဖြစ်လာမှာပေါ့။Self-Employee ဖြစ်ဖို့အပေါ်မှာ
ပြောထားသလို ငွေအရင်းအနှီး၊အတွေ့အကြုံ ၊
ဗဟုသုတ၊အဆက်အသွယ်၊သတင်းချက်လက်တွေ
ကျွမ်းကျင်မှုတွေရှိဖို့လိုတယ်။ဒါပေမဲ့အကုန်တတ်ဖို့
ရှိဖို့လိုလားဆိုတော့ မလိုပါဘူး။ငွေအရင်းအနှီး
ထည့်ဝင်ပြီး လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်မည့်
Business Partners တွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီး
Partnership လုပ်ငန်းတွေလုပ်နိုင်တယ်။
တစ်ယောက်ထဲအားနှင့်မနိုင်ရင် စုပေါင်းအားနှင့်
လုပ်ဆောင်နိုင်ပါတယ်။တစ်ခုသိထားသင့်တာက
အစုစပ်လုပ်ကိုင်ရင်ရပိုင်ခွင့်လုပ်ပိုင်ခွင့် အတိအကျ
သတ်မှတ်ထားသင့်တယ်။Partnership အတော်
များများက စည်းစနစ်မကျလို့ ပြိုလဲသွားကျတာ
အများကြီးရှိပါတယ်။နှစ်ယောက်တွဲ အပြေးပြိုင်
သလို စည်းချက်ကျ လှမ်းနိုင်မှ ပန်းတိုင်ရောက်
မှာပါ။ စည်းချက်မကျရင်တော့ အိုးနင်းခွက်နင်း
ပန်းတိုင်မရောက်ခင် ပြိုလဲကုန်ပါလိမ့်မည်။
ဒါကတော့ Self-Employess သဘာဝလေးပါ။
အဲ့ဒီလိုအခြေအနေတွေ ပြဿနာပေါင်းစုံကို
ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖြေရှင်း ဖြတ်ကျော်
နိုင်မှသာလျှင် အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက် Business Owner ဘဝရောက်ရှိလာမှာပါ။
3.Business Owner(စီးပွားရေးလုပ်ငန်းရှင်)
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတာ
ပညာ၊အတွေ့အကြုံ ၊ဗဟုသုတ၊အဆက်အသွယ်၊
သတင်းအချက်အလက်တွေ ကျွမ်းကျင်မှုတွေ
မလိုဘူး ပိုက်ဆံရှိရင် ရတယ်ဆိုသူတွေ ရှိတယ်။
ဒါဆိုရင် ပညာမတတ်စာမဖတ်တတ်ပဲ ဘာလိုလုပ်
ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စီမံခန့်ခွဲကြမလဲ။
အတွေ့အကြုံမရှိပဲ ပြဿနာပေါင်းစုံကို ဘယ်လို
ကိုင်တယ်ဖြေရှင်းကြမလဲ။ဗဟုသုတမရှိပဲ သူများ
ဂျင်းထည့်လိမ်သမျှ ဘယ်လိုသိနိုင်မလဲ။
အဆက်အသွယ်မရှိပဲ လုပ်ငန်းလိုအပ်ချက်ကို
ဘယ်လိုဖြေရှင်းကြမလဲ။စာရင်းဇယား ငွေကြေး
တွက်ချက်မှု စီမံခန့်ခွဲမှု မှ မကျွမ်းကျင်ရင် လုပ်ငန်း
ကြီးတစ်ခုကိုဘယ်လို ဦးစီး ဦးဆောင်မလဲ။
ငါတို့သူဌေးက ပိုက်ဆံပဲချမ်းသာ သာ ကျန်တာ
ဘာမှမတတ်ဘူး ဘာမှမသိဘူး ငါတို့ပြောသမျှ
ငါတို့လိမ်သမျှ သိမှမဟုတ်ဘူးဆိုပြီး အထင်အမြင်
သေးရုံသာမက ပိုင်ဆိုင်မှုတွေကို လိမ်လည်ယူငင်
သွားကြမှာပေါ့။အနည်းဆုံးတော့လူကဲခတ်စီမခန့်ခွဲ
မှုတော့ကျွမ်းကျင်ရမှာပေါ့။စာရင်းလေးတော့တွက်
ချက်တတ်ရမှာပေါ့။BusinessOwner တစ်ယောက်
ဖြစ်ဖို့ အစစအရာရာ ကိုယ့်က အရင်ပေးဆပ်ရတာ။
အပင်တစ်ပင်က အသီးစားရဖို့ ကိုယ့်ကအရင်ဦးစွာ
မျိုးစေ့ချ မြေသြဇာကျွေး အချိန်မှန်မှန်ရေလောင်း
ပေါင်းသင် ပြီးမှ ထို့အပင်ကအသီးအပွင့် ခူးဆွတ်
စားသုံးခွင့်ရတာ။ဒါကို လူတော်တော်များမျာက
(ကျနော်အပါအဝင်ပါပဲ) ဒီသူဌေး ဒီလောက်မြတ်
ဒီလောက်ချမ်းသာနေတာကို ငါတို့ကျတော့ လုပ်ခ
လစာ နည်းနည်းပဲပေးတယ် ပြောကြတယ်။
ဒါဆိုသူဌေးနေရာက ဝင်ခံစားကြည့်ရတာအောင်
ဒီစီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်ဖို့ငွေအရင်းအနှီး
မင်းတို့ထုတ်ပေးတာလား မင်းတို့ထည့်ဝင်ထားလား
ဒီလုပ်ငန်းအောင်မြင်ဖို့ မင်းတို့ကြိုးစားထားသလား
အပင်ကို ရေလောင်းပေးရုံနဲ့ အကျိုးအမြတ်အများ
ကြီးလိုချင် လိုတော့မရဘူးလေး။မဟုတ်ဘူးလား။
ဝန်ထမ်းနေရာကကြည့်ပြန်တော့လဲ သူလုပ်အား
သူပညာနဲ့ သူအချိန်တွေ ကို ရင်းထားရတာပဲ။
ထိုက်သင့်သလောက်လိုချင်မှာပေါ့။ဒါလဲမှန်ပါတယ်
ဒါဆိုဘာမှားနေလဲ သူဌေးက သူချမ်းသာကြီးပွား
ဖို့ပဲ အာရုံစိုက်နေမယ်။သူလုပ်ငန်းအပေါ်သစ္စာရှိရှိ
လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေကိုမကြည့်ရှုမပေးကမ်း
မစောက်ရှောက်ဘူးဆိုရင် ကိုယ့်လုပ်ငန်းထဲမှာ
နှစ်ရှည်လများ သစ္စာရှိရှိလုပ်ကိုင်နေတဲ့ ကျွမ်းကျင်
ဝန်ထမ်းတွေ သူတို့စားဝတ်နေရေးပြေလည်ရန်(သို့)
သူတို့ဘဝတိုးတတ်ရာလမ်းရှာရန် ဒီလုပ်ငန်းကနေ
အခြားလုပ်ငန်းတစ်ခုကို ကူးပြောင်းသွားကြတယ်။
ကိုယ့်ဝန်ထမ်းစွမ်းရည်တိုးတတ်အောင် မသင်ကြား
ပေးဘူး တာဝန်တွေ စုပြုံပေးနေမယ်ဆိုရင်တော့
ူသူစီးပွားရေးလုပ်ငန်းကတိုးတတ်ဖို့အခြေအနေ
မရှိပါဘူး။
အလားတူ ဝန်ထမ်းကလဲ မကြိုးစားမသင်ယူပဲ
လုပ်ခလစာ အမြောက်အများသူဌေးစီက မျှော်
နေရင်တော့ တက်လမ်း မရှိပါဘူး။နှစ်ဦးနှစ်ဖက်
အကျိုးပြုမှသာလျှင်အောင်မြင်တိုးတတ်တဲ့လုပ်ငန်း
ကြီးတစ်ခုဖြစ်လာမှာပါ။
လုပ်ငန်းရှင်အတွက်ဝန်ထမ်းကောင်းရဖို့အရေးကြီး
သလို ဝန်ထမ်းအတွက်လဲအလုပ်ရှင်ကောင်းနှင့်
တွေ့ဖို့အရေးကြီးပါတယ်။
ဒီဝန်ထမ်းကောင်းတွေရှိမှလဲ လုပ်ငန်းခွဲတွေ ကုမ္ပဏီခွဲတွေစက်ရုံအလုပ်ရုံမြောက်များစွာ ကို
ိုအောင်အောင်မြင်မြင် နိုင်နိုင်နင်းနင်း အုပ်ချုပ်
စီမံခန့်ခွဲနိုင်မည့် Business Owner တစ်ယောက်
အဖြစ် ရေရည်ရပ်တည်နိုင်မှာပါ။
BusinessOwner အတွက် Employee တွေလိုအပ်
သလို Self-Employee တွေလဲလိုအပ်ပါတယ်။
ဒီထက်ပိုမိုအောင်မြင်တိုးတတ်ဖို့ ရင်းနှီးမြုပ်နှံသူ
Investor တွေလဲ လိုအပ်လာပါတယ်။
4.Investor(ရင်းနှီးမြုပ်နှံသူ)
တိုးတတ်လာတဲ့ခေတ်ကြီးထဲမှာ Investor ဆိုတဲ့
ရင်းနှီးမြုပ်နှံသူတွေ အရေးပါလာပါတယ်။လုပ်ငန်း
တစ်ခုနဲ့တစ်ခု အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း
သူများလုပ်ငန်းတွေမှာ အစုရှယ်ယာဝင်ခြင်း ၊
အများပိုင်ကုမ္ပဏီတွေမှာ ရှယ်ယာ ဝယ်ယူခြင်း၊
ရွှေငွေ လက်ဝတ်ရတနာတွေ အိမ်ခြံမြေတွေ
ဝယ်ယူရင်းနှီးမြုပ်နှံခြင်း အစရှိတဲ့ ရင်းနှီးမြုပ်နှံမှုတွေ
လုပ်ကိုင်နေသူတွေအများကြီးပါပဲ။
Investor ရဲ့သဘောသဘာဝကတော့
မိမိပိုင်ဆိုင်ထားတဲ့ငွေကြေးတစ်စုံတရာ ဥစ္စာပစ္စည်း
မြေယာတွေ နည်းပညာတွေကို လုပ်ငန်းတစ်ခု
ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြုပ်နှံ ခြင်းပါပဲ။
အမှန်တကယ်ရင်းနှီးမြုပ်နှံသူတွေကတော့ လုပ်ငန်း
တစ်ခုကို မိမိပိုင်ဆိုင်မှုထည့်ဝင်ပြီးထို့လုပ်ငန်းကရရှိ
လာတဲ့အကျိုးအမြတ်အပေါ်မှာဝင်ငွေတစ်ခုရသလို
မိမိပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေကိုအရောင်းအဝယ်
ပြုလုပ်ခြင်းဖြင့်အမြတ်ဝင်ငွေတစ်ခုရှာကြပါတယ်။
ငွေတိုးချေးစားခြင်း၊ဘဏ်တိုးစားနေသူတွေ အိမ်ခြံ
မြေဌားစားနေသူတွေကိုတော့ Investor လိုမခေါ်
ပါဘူး။Inevesor ဆိုတာ လစဉ်ဝင်ငွေ ရနေသူတွေ
မဟုတ်ကြပါဘူး နှစ်ကုန်စာရင်းချုပ်ပြီးရရှိလာတဲ့
အမြတ်ဝေစုကို ခွဲယူရသူတွေပါ။ထိုအတူပိုင်ဆိုင်
ထားတဲ့ရှယ်ယာတွေကို Stock Exchange မှာ
အရောင်းအဝယ်လုပ်ပြီး ငွေရှာကြသူတွေပါ။
အချို့ဆိုရင် Shares အမြောက်အများပိုင်ဆိုင်ပြီး
လုပ်ငန်းတစ်ခုရဲ့ CEO နေရာဝင်ရောက် စီမံခန့်ခွဲ
ခြယ်လှယ်ခွင့်တွေ့ရနေပါတယ်။
အများသဘောတူဆန္ဒအရသော်လည်းကောင်း၊
ရှယ်ယာဥပဒေအရသော်လည်းကောင်း CEO
တတ်လုပ်နိုင်သလို ရာထူးကြီး တစ်နေရာလဲ
ဝင်ရောက်လုပ်ကိုင်နိုင်ပြီး ကိုယ့်ရင်းနှီးထားတဲ့
လုပ်ငန်းကုမ္ပဏီ တိုးတတ်ရေးအတွက် CEO
တစ်ယောက်ကိုပါ ရာထူးက ထုတ်ပယ်နိုင်တဲ့
အထိ Investor တစ်ယောက်ရဲ့လုပ်ပိုင်ခွင့်တွေ
ဥပဒေနဲ့အညီ ရှိပါတယ်။Investor တစ်ယောက်
ဟာ သူအရင်းအနှီးပြန်မထုတ်မချင် လုပ်ငန်းရဲ့
နှစ်စဉ်အကျိုးအမြတ်ဝေစုရနေမှာပါ။လုပ်ငန်း
လည်ပတ် တည်တံ့သ၍အကျိုးအမြတ်ရနေမှာပါ။
နောက်ပြီး Investor တစ်ယောက်ဟာ မိမိနှစ်သက်
သည့် မည့်သည်လုပ်ငန်း ကုမ္ပဏီမှာ မဆို အကန့်
အသတ်မရှိရင်းနှီးမြုပ်နှံနိုင်ပါတယ်။
Investor တစ်ယောက်ဟာ Time Freedom
ရပြီး Passive Income အမြောက်အများဝင်ပြီး
ဘာအလုပ်မှ မလုပ်ဘူးမထင်လိုက်နဲ့။
ကိုယ့်အရင်းအနှီးမဆုံးရှုံးအောင်၊သူတစ်ပါးအလိမ်
အညာမခံရအောင်အမြဲတမ်းလေ့လာစောင့်ကြည့်
တွက်ချက်နေရပါတယ်။Employee တွေလို
ရုံးတတ်ရုံးဆင်းမလုပ်ရုံပါပဲ ကျန်တာအကုန်လုပ်
နေရတုန်းပါပဲ။အဲ့လိုInvestor ဘဝ ကို ဘာမှလုပ်
စရာမလိုဘူး၊ ကမ္ဘာပတ်အပန်းဖြေ ခရီးထွက် ဇိမ်ခံ
နေရုံ ထင်နေသူတွေ ပြောနေသူတွေ အများကြီး
ပါပဲ။Time Freedom ရတယ်ဆိုပြီး ဘာမှဂရုမစိုက်
ဖုန်းပိတ် အဆက်အသွယ်ဖြတ်ပြီး ကမ္ဘာပတ်ကြည့်
ပါလား တစ်လလောက်ပါပဲ သူဌေးဘဝကနေ
ကုန်းကောက်စရာမရှိတဲ့ဘဝ ပြန်ရောက်သွားမယ်။
နောက်ဆုံးအနေဖြင့် ကျနော်အပေါ်က ပြောထား
သမျှ အချက်အလက်တွေ ကြည့်ပြီး Mlmer တွေ
MLM ကုမ္ပဏီတွေ ပြောသလို ESBI လွယ်လွယ်
ကူကူပြောင်းလဲနိုင်သလား သုံးသပ်ကြည့်ပါ။
ဒီ MLM ကုမ္ပဏီမှာ မန်ဘာဝင်ရုံနဲ့ Bနှင့်I ဘဝ
ကူးပြောင်းနိုင်သလား။သူတို့ထုတ်ကုန်တွေဝယ်
သုံးယူရောင်းပေးရုံနဲ့ B,I ဖြစ်ပြီးလား။
ကုမ္ပဏီအတွက် Downline အဆင့်ဆင့်ရှာပေးရုံနဲ့
အောင်မြင်ချမ်းသာတဲ့ Business Owner တွေ
Investor တွေ ဖြစ်နိုင်လား။တစ်သက်မှာတစ်ခါ
၅သိန်း ၁၀သိန်းရင်းနှီးရုံနဲ့ Passive Income တွေ
အတောမသတ် Time Freedom တွေရပြီး
လကမ္ဘာကို အခမဲ့စရိတ်ငြိမ်း အပန်းဖြေခရီးထွက်
ခွင့်ရပြီးလား။ ဒီကုမ္ပဏီမှာ ၅ထောင် ၁သောင်း
ရှယ်ယာဝင်ထားရုံနဲ့ Investor လို လုပ်ပိုင်ခွင့်တွေ
ရနေကြပြီလား။ စဉ်းစားကြည့်ကြပေါ့။
ဘာပညာမှတတ်စရာမလိုဘူး အတွေ့အကြုံလဲ
ရှိစရာမလိုဘူး မန်ဘာဝင် ပစ္စည်းဝယ်သုံးရုံနဲ့
အောင်မြင်ချမ်းသာတဲ့ ESBI ဘဝ ရောက်နိုင်မယ်
ထင်နေပါသလား။
တကယ်တော့ ESBI ကိုဗန်းပြပြီး သူတို့စီမှာ
သူတို့ထုတ်ကုန်တွေအမြောက်အများ ဝယ်ယူမည့်
စားသုံးသူမန်ဘာ စုဆောင်းရေး လိမ်စဉ်ကြီးပါ။
ကိုယ်ပိုင်လုပ်ငန်းရှင် ဘာBOတွေ ညာBOတွေပြော
တစ်သက်မှာတစ်ခါပဲ ရင်းနှီးမြုပ်နှံရတဲ့ ရှယ်ယာရှင်
Investor တွေပြောလိုပြောနဲ့ တကယ်တမ်း ဘာမှ
မဟုတ်ဘူး သူများလယ်ကွက် ကောက်ရိုးစားပြီး
အခမဲ့လယ်ထွန်ပေးနေရတဲ့ ခိုင်းနွားသာသာB,I
အတုအယောင်တွေပါပဲ။
ဘာပညာမှမတတ် သူများနိုင်ငံမှာ ပန်းကန်ဆေးပြီး MLMကုမ္ပဏီ ဒီနိုင်ငံခေါ်သွင်း ထိပ်ပိုင်းခေါင်းဆောင်
နေရာရလာတဲ့လူကို ဘုရားလိုကိုးကွယ်နေတဲ့ ABO
အယောင်ဆောင်တွေရှိသလို။
ပညာတော့တတ်ပါရဲ့ တတ်တဲ့ပညာနဲ့နယ်ပယ်
တစ်ခုမှာ ၁၀နှစ် ၁၅နှစ်လုပ်ကိုင်ပြီးအောင်မြင်
ချမ်းသာတဲ့ဘဝ မရရှိခဲ့တဲ့ လူမျိုးတစ်ယောက်က
ကိုယ့်အသုံးမကျတာကို ဖုံးကွယ်ပြီး MLM ကုမ္ပဏီ မှလွဲ၍ ကျန်တဲ့အလုပ်အကိုင်တွေမှာ အောင်မြင်
ချမ်းသာတဲ့ ဘဝမရနိုင်ဘူးဆိုပြီး MLM ကုမ္ပဏီ
ပေါင်းစုံသွင်းပြီးနယ်တကားလှည့်ဂျင်းထည့်နေတဲ့
အောင်မြင်သူ Cow Diamond တွေလဲရှိတယ်။
ဆရာဝန်တွေထက် ပိုတော်ပိုတတ်ပြီး သူတို့ကုမ္ပဏီ
နတ်ဆေးက ကမ္ဘာအရှားပါးဆုံး ဓာတ်စာ ဖြည့်စွက်အာဟာရတွေပြောရောင်းနေတဲ့ ရမ်းကု ESBI တွေ ဆပ်ပြာရည်ကို ပိုးသတ်ဆေး ပေါင်းသတ်ဆေး မြေသြဇာ အဖြစ် နယ်တကားဆင်းဂျင်းလိုက်ထည့်
လိမ်နေသူတွေ Enzyme သောက်လျှင် ၉၆ပါး
ရောဂါပျောက်တယ်။
နှမ်းနက်သောက်ရင် ကင်ဆာပျောက်တယ်
ဖန်ပြားဆောင်ထားရုံနဲ့ ရေဒီယိုသတ္တိကြွတွေ
အန္တရာယ်က ကာကွယ်ပေးတယ်ပြောတဲ့
စောက်ရူးတွေ စသည့်အလိမ်အညာ
ကိုယ့်တွေ့တွေ ဇာတ်လမ်းတွေ ခင်းနေတဲ့
Pyramid Scheme တွေ Multi Level Marketing
တွေပြောပြောနေတဲ့ ES ကနေ BI ဖြစ်မယ်ဆိုတာ
လုံးဝမဖြစ်နိုင်ပါဘူး။
မယုံရင် သူတို့ကုမ္ပဏီက ထုတ်ကုန်မဝယ်ပဲ သူများကုမ္ပဏီကထုတ်ကုန်တွေ ဝယ်ရောင်း
လုပ်ကြည့်ပါလား။ Business Owner တွေ။
သူတို့ကုမ္ပဏီဝင်စွက်ဖက်ဖို့မပြောနဲ့မှားနေတာ
အမှန်ပြင်ဖို့ပြောခွင့် တောင်မရှိကြတဲ့ Investorတွေ
ပြောမိရင် ရင်းနှီးထားတဲ့ပစ္စည်းတွေပိုက်
မိတ်ဆက်ထားတဲ့ ကိုယ့်အဆက်အသွယ်တွေ အနှစ်နှစ်အလလလုပ်ကိုင်ထားတဲ့အချိန်တွေ
ရပိုင်ခွင့်တွေအသိမ်းခံမယ်။
အဲ့လို အတုအယောင်ESBI တွေပြောပြီး မန်ဘာရှာ
နေတဲ့ MLM ကုမ္ပဏီတွေ လုပ်မည့်အစား ပညာရပ်
တစ်ခုကိုလေ့လာ အတွေ့အကြုံကောင်းရနိုင်မည့်
့အလုပ်အကိုင်အခွင့်အလမ်းတွေမှာဝင်လုပ်
ကိုယ့်မိတ်ဆွေကောင်းတွေနဲ့ စုပေါင်းပြီး SME
အသေးစားလုပ်ငန်းတွေလုပ်ကြပါ။
အောင်မြင်နေတဲ့ Business Owner တွေရဲ့
အဆက်အသွယ်အကူအညီရှာကြ။
ငွေအရင်းအနှီးတွေပေါများနေရင် အမှန်အကန
်လိုအပ်နေတဲ့လုပ်ငန်းကုမ္ပဏီတွေ SME တွေစီ
မှာ ရင်းနှီမြုပ်နှံကြပေါ့။
Stock Exchangeအကြောင်းနားလည်တတ်ကျွမ်း
လျှင် Stockshares အရောင်းအဝယ်လုပ်ပြီး
အမှန်အကန် အောင်မြင်ချမ်းသာ တဲ့ဘဝကို
လျှောက်လှမ်းပြီး ES ကနေ BI ပြောင်းကြပါ။
လေ့လာသင်ယူမှုမရပ်သ၍ ဘဝတက်လမ်းဆိုတာ
လဲရပ်မနေပါဘူး။ကြိုးစားနေသ၍ ပန်းတိုင်ဆိုတာ
တစ်နေ့ရောက်မှာပါ။
အတိတ်မှာဖြစ်ခဲ့သမျှမေ့ပြီး ဖြစ်မလာသေးတဲ့
အနာဂတ်ကိုကြိုတွေးပူပင်မနေပဲယခုပစ္စုပ္ပန်မှာ
အကောင်းဆုံးကြိုးစား။
ယနေ့ပြုတဲ့ ကောင်းမှုကုသိုလ်ဟာ မနက်ဖြန်ရောက်လျှင် မနေ့က အတိတ်မှာပြုခဲ့တဲ့
ကောင်းမှု ကုသိုလ်တစ်ခုပေါ့။
အဲ့ဒီလို ပစ္စုပ္ပန်မှာ ကောင်းမှုကုသိုလ် တစ်ခု
ပြုလုပ်ခဲ့တိုင်း နောင်တစ်ချိန်ရောက်ရင်
အတိတ်မှာကောင်းမှုကုသိုလ်တွေပဲကျန်ခဲ့မှာပါ။
မကောင်းမှု အကုသိုလ်တွေ နေတိုင်းလုပ်နေရင်
ကိုယ့်အတိတ်မှာအကုသိုလ်တွေပဲကျန်နေခဲ့မှာပါ။
အတုအယောင်အိပ်မက်တွေ
အလိမ်အညာလုပ်ငန်းတွေမှ ရုန်းထွက်နိုင်ပြီး
ကိုယ့်ဒူးကိုယ်ချွန်းပြီး E,S ကနေ B,I ပြောင်းနိုင်
ကြပါစေ လို့ဆုတောင်းပေးပြီး နိဂုံးချုပ်ပါရစေ။
မှတ်ချက်*** သိသလောက်မှတ်သလောက်
ရေးထားချင်ဖြစ်ပါတယ်။အမှားပါခဲ့ရင် ဝေဖန်
ထောက်ပြ ဆွေးနွေးနိုင်ပါတယ်။
လူ လူချင်း လှည့်ပတ်ခြင်းမှ ကင်းဝေ ကြပါစေ။
#Demigoddearyone
#Anti-mlm