"မုန်းလျှင်အပြစ်/ချစ်လျှင်အကျိုး"..ဟူသောစကားသည် အဖိုးတန်သောစကားလုံးတစ်ခုဖြစ်ပါသည်။
အချစ် နှင့် အမုန်း ဟူသည်ကြောနှင့် ရင်ဘတ် လိုပဲ ထိကပ်လျှက်ရျှိသည်။ အမုန်း မှ အချစ်သို့ ကူးပြောင်းဖို့ လွယ်ကူသလို အချစ် မှ အမုန်းသို့ကူးပြောင်း ရန်လည်းလွယ်ကူပါသည်။
ဤစကား၏ အဓိပ္ပာယ် မှာရိုးရှင်း လှပါသည်။..."လူတစ်ယောက်မည်မျှ ပင်ကောင်းကျိုးတွေဆောင်ရွက်နေစေကာမူ ၎င်းအားမုန်းနေသောသူမှာအပြစ်တွေပဲ အမြင်နေမှာဖြစ်ပါတယ်။ဒီလိုပါပဲ မိမိချ စ်နှစ်သက်သောသူဟာ အပြစ်တွေဆက်တိုက်လုပ်နေပါစေ ချစ်တဲ့စိတ်နဲ့ အရာရာကိုခွင့်လွတ်ပြီးအပြစ်တွေကိုချေဖျက်ပြီးဆက်ချစ်နေမှာလဲအသေအချာပါပဲ။
ဤဆိုရိုးနဲ့ တူညီသောဇတ်တော်တစ်ခုကို သတိပြု မိပါသည်။မဟာပဒုမဇာတ်ပင်ဖြစ်သည်။
...........တိုင်းပြည်တစ်ပြည်မှ...တောကစားထွက်လာသောအလောင်းတော်မင်းသားနှင့်မိဖုရား တို့သည်ပင်လည်ကမ်းစပ်တွင်သောင်တင်နေသောလူတစ်ယောက်ကိုတွေ့သော် ထိုသူ မှာကယ်ကြပါ/ကူညီကြပါ ဆို
ပြီးတ စာစာအော်ဟစ်ပြီးအကူအညီတောင်းနေသောကြောင့် စိတ်ထားကောင်းတဲ့ မင်းသားဟာ ကူညီလိုက်ပါတယ်။
ထိုသူဟာသူခိုး/လူဆိုးဖြစ်သောကြောင့်ခြေဖြတ်/လက်ဖြတ်ပြီးပင်လည်ထဲပြစ်ချလိုက်ခြင်းဖြစ်ပါသည်။မင်းသားဟာ အလောင်းတော်ဖြစ်၍ ဂရုဏာသက်ပြီး ပြု စုကျွေးမွေးစောင့်ရှောက်ထား၏ ။မိဖုရားသည်စပ်စုပ်ရွံရှာသောကြောင့်လှည့်၍ပင် မကြည့်အပြစ်သာခဏခဏပြောနေ၏ ။
ဤသည်ကား...ပေါင်တိုကိုမုန်းနေခြင်းကြောင့်ပါတည်း.....
သို့သော်လည်း အချိန်ကြာလာတာနှင့် အမျှပေါင်တိုကိုမေတ္တာသက်ဝင်လာပြီး....."ကိုကို တို..ကိုကိုတို...ဟုတင်စားခေါ်ဝေါ်လာပြီး အလောင်းတော်မင်းသားအားတောင်ထိပ်မှတွန်းချကာသေကြောင်းကြံစည်ခဲ့ပါသည်။မိဖုရားသည်ပေါင်တိုကြီးကို..တောင်းထဲထည့်ခေါင်းပေါ်ရွက်ကာတောင်းရမ်းကျွေးမွေးခဲ့ပါသည်။ပေါင်တို၏ဆဲရေးပြောဆို ခြင်းတွေကိုလည်း ခံရပါသည်။ ဤ သည်ကား....ပေါင်တိုကို မိဖုရားမှ ချစ်နေသောကြောင့် ပါတည်း....ချစ်လျှင်အကျိုး ပါမဟုတ်လား???????
ဤဆိုရိုးစကားသည် အိမ်ထောင်ရေး ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့် နယ်ပ္ပာယ်အသီးသီးတွင် ပါဝင်ပတ်သက်လျက်ရှိသည်။ စိတ်၏စေစားရာ၊ စိတ်၏ပြောင်းလဲတတ်ပုံစသည့်လူ့သဘောသဘာဝကို လည်ပြင်တွင်ဆင်သွားသလိုထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။
အမုန်တရားကိုမြတ်နိုးသူတိုင်းသည်အမုန်တကယ်အပြစ်ရှိသလော၊ကောင်းကျိုးလည်းတကယ်ရှိသလော.......ဟူသည့်စကားကိုတော့ဥာဏ်
ဖြင့် ချင့် ချိန်စဉ်းစားတတ်ရန် သတိပေးလိုခြင်းဖြစ်ပါသည်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!