Myanmar steemit friends များအားလုံး မင်္ဂလာပါ
ဘုန်းကြီးကျောင်းတစ်ခုမှာ ဖိုးသူတော်ဟာကျောင်းဝေယျာဝစ္စလုပ်ပါတယ်။မြက်ရိတ်သမားဟာ ဘုန်းကြီးကျောင်းနဲ့အနောက်ဘက်မှာမြက်ရိတ်နေပါတယ်။
ဖိုးသူတော်ဟာတော့ရွာထဲမှာတော့စကားအရမ်းများတာပေါ့။သူနဲ့တွေ့ရင်ရွာထဲလူတွေဟာရှောင်ပုန်းပြေးရလောက်အောင်ကိုပြေးရပါတယ်။သူကစကားပြောရင်နားထောင်နေလို့ကတော့ထမင်းမစားရဘူး။
ဒီတော့စကားဖြတ်ပြီးပြန်ပြေးရတယ်။နောက်အကြောင်းသိသွားတဲ့သူတွေကတော့ဘယ်ကတွေ့ညာကရှောင်/ညာကတွေ့ဘယ်ကရှောင်နဲ့ဖိုးသူတော်ခမျာ စကားကိုမပြောရတာကြာနေတော့နေရထိုင်ရတာခက်နေတာပေါ့။အဲဒီမှာပဲကျောင်းရဲ့အနောက်ကိုသွားပြီးတစ်ယောက်တည်းဟောပြောနေတော့တာပေါ့။။
အဲဒီလိုပြောနေရင်းမြက်ရိတ်သမားကို သွားတွေ့တယ်။ဒါပေဲ့သူဟာစကားမပြောရတာကြာပြီဆိုတော့ခုနေသွားပြောလိုက်ရင်ထွက်ပြေးသွားမှာဆိုးရိန်တာပေါ့။အဲဒီတော့သူအကြံထုတ်နေရင်းနဲ့ မြက်ရိတ်သမားထံကိုသွားတယ်။
"ဟဲ့မြက်ရိတ်သမား မင်းတစ်ရက်မြက်ရိတ်ခဘယ်လောက်ရသလဲ?"
"ဟုတ်ကဲ့ ၄ပြားရပါတယ်ဗျ။"မင်းနေပူကြီးထဲမှာရိတ်ရတာမပူဘူးလား"လို့မေးလိုက်တယ်။ဟာ ဘယ်နှယ်ပြောပါလိမ့်ပူတာပေါ့ဖိုးသူတော်ကြီးရဆိုပြီးပြန်ဖြေတာပေါ့။အေး ဒါဆိုအဲဒီလေးပြားငါပေးမယ်"ဒါမေမဲ့ငါ့ရဲ့တရားတွေကိုတော့နားထောင်ပေးပေါ့ကွာဘယ်လိုလဲ ?" ဆိုပြီးချုပ်လိုက်တာပေါ့။
အင်းငါနေပူကြီးထဲမှာမြက်ရိတ်တာနဲ့ယှဉ်ရင်တော့ ဖိုးသူတော်ရဲ့တရားကိုနားထောင်ပြီးလေးပြားယူတာမှ သက်သာမယ် လို့ဆုံးဖြတ်ပြီးဖိုးသူတော်ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တယ်။
ဒါနဲ့ ဖိုးသူတော်က တရားဟောပြီး မြက်ရိတ်သမားက နားထောင်နဲ့ အလုပ်ဖြစ်နေပါတော့တယ်။ခက်တာက အဲ့ဒီမှာ စတာပဲ လူဆိုတာ"ကျောပူခံနိုင်ပေမယ့် နားပူမခံနိုင်ဘူး" ဆိုတဲ့စကားအတိုင်းမြက်ရိတ်သမားဟာနားငြီး လာပြီလေ.......
ဖိုးသူတော်တော်ပီဗျ ကျနော်နားငြီးမခံနိုင်တော့ဘူး....ကျောပူပဲခံပါတော့မယ် ဆိုပြီးမြက်ပဲရိတ်နေပါတော့တယ်။ဖိုးသူတော်ကလည်းဘယ်ရမလဲ တရားဆိုတာဆုံးအောင်နာရတယ်ဆိုပြီး မြက်ရိတ်သမားနောက်ကိုလိုက်ဟောတော့တာပေါ့....မြက်ရိတ်သမားရဲ့ဒုက္ခကတော့ ပိုဆိုးသွားပြီပေါ့ နားကငြီးနေကပူတော်တော်ကိုစိတ်တာပေါ့။
မခံနိုင်တဲ့အဆုံးထပြေးတော့ပေါ့ဖိုးသူတော်ကလည်းဇွဲမလျှော့ဘူးလိုက်ပြောတာပဲ။ပြေးရင်းလိုက်ရင်းနဲ့ မြက်ရိတ်သမားဟာကျင်းတစ်ခုထဲကိုပြုတ်ကျပါလေရော ကယ်မယ့်သူက ဖိုးသူတော်ပဲရှိတော့ ကယ်ဖို့ပြောရတာပေါ့ ဖိုးသူတော်ကဘယ်ကယ်မလဲ ငါဟောတာကိုနားထောင်ဆိုပြီးတဝကြီးဟောပြောပြီးမှ ဆယ်ပေးလိုက်တယ်လေ။နောက်တော့မြက်ရိတ်သမားဟာကျောင်းရဲ့အနားကိုလုံးဝကို မကပ်ရဲတော့ပါ။
ဒီအကြောင်းအရာလေးရဲ့ရည်ရွယ်ချက်ကတော့ "လူတိုင်းတိုင်းဟာကျောပူခံနိုင်ကြပေမဲ့ နားပူမခံနိုင်ဘူး" ဟုတ်တယ်မို့လား?ဟုတ်ရင်တော့မန့်သွားပေးကြပါဦးလို့ ......နိဂုံးချုပ်ရင်း Steemit friendsတွေအားလုံးအောင်မြင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
မှားတာရှိရင်လည်း ပြင်/လိုအပ်တာရှိရင်လည်းပြောပြပေးကြပါ။
ပန်းပွင့်လေးလို လန်းဆန်းကြပါစေ.........