ရှင်သန်ခြင်း သေဆုံးခြင်းအကြောင်းဆွေးနွေးကြရအောင်ဗျာ မိတ်ဆွေတို့။ မွေးဖွားခြင်းနေထိုင်ခြင်းသေဆုံးခြင်းဆိုတဲ့ကြားထဲမှာ ကျွန်တ်ာတို့ သည် ဝမ်းသာခြင်း ဝမ်းနည်းခြင်း စိတ်ဆိုးခြင်း စိတ်တိုခြင်း စိတ်ဓာတ်ကျခြင်း သနားခြင်း ညှာတာခြင်း ရက်စက်ခြင်း စတဲ့ရသမျိုးစုံနဲ့လည်ပတ်နေကြသည်ထားပါတော့။
ကျွန်တော်တို့ အပြုမှုတစ်ခု သို့မဟုတ် အခြားသူပြုလုပ်လိုက်သော အပြုအမှုတစ်ခုကြောင့် ကျွန်တော်တို့ ထိုရသမျိုးစုံဖြစ်ပေါ်နိုင်ပေမယ့် အားလုံးဟာ ကျေနပ်ပျော်ရွင်ခြင်းနဲ့ မကျေနပ်သဘောမကျခြင်းနှစ်မျိုးသာ ရှိပေမည်။
ထိုမှထပ်၍ အကျဉ်းခြုံ့သော် မိမိ၏ခံယူချက်သဘောထား သာဖြစ်ပါသည်။ စိတ်သာလျှင် အရေးကြီးပါသည်။ ထို့ကြောင့်
mind is powerful ဟု ပြောဆိုပါကြသည်။
ထိုမျှအထိ နားလည်သော်လည်း
ကျွန်တော် နားမလည်သည်မှာ ဘာကြောင့် ပျော်ရွင်ခြင်း ဝမ်းနည်းခြင်းဟူသော ထိုဘဝများတွင် လည်ပတ်ရင်း အသက်ရှင်နေထိုင်ရသနည်း။
ကျွန်တော်ဘာကြောင့် အသက်ရှင်နေသနည်း။
ဘဝမှာ ဘာအရေးကြီးဆုံးလဲဆိုတာတွေ အဖြေရှာမရခဲ့ပါ။
မိမိကိုယ်တိုင် အဖြေရှာမရသောကြောင့်
ဆရာတစ်ယောက်၏ ဘဝနေထိုင်နည်း အချို့ကို တတ်နိုင်သမျှသင်ကြားပြီးလိုက်နာ ကျင့်သုံးခဲ့ပါတယ်။
ထို့ကြောင့် ထိုဆရာကို အိပ်ယာထတစ်ခါ
အိပ်ယာဝင်ရင်တစ်ခါဦးချပြီးအိပ်ပါတယ်။
ကျေးဇူးတင်သောကြောင့်ပါ။
ဒါဟာ ကျနော်နားလည်သလောက် ဘာသာတရားဆိုတာနဲ့ပတ်သက်ပြီး
ရှင်းပြခြင်းပါပဲ။
ကျွန်တော် ဖတ်ဖူးမှတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ပြန်လည်မျှဝေချင်ပါတယ်
တခါက ပညာရှိတစ်ယောက်ဆီကို လူတစ်ယောက်က လာပြီးမေးပါတယ်။ ထိုသူက ဘာသာမဲ့တစ်ယောက်ပါ။
ဘာသာတရားဆိုတာဘာလဲဆိုတာသိချင်လို့လာမေးတာပါ။
ဖြေကြားပေးပါဟု မေးလာပါတယ်။
ပညာရှိက ဒီလိုဖြေတယ်။
ဟုတ်ပြီမိတ်ဆွေ ကျွန်တော်ပြောတာကို သင့်စိတ်ထဲတွေးကြည့်ပါမိတ်ဆွေ။
အကယ်၍ သင်သည် အင်မတန်နက်မည်ဟုထင်သော ချောက်နက်ကြီးတစ်ခုအတွင်းသို့ မဖြစ်မနေ ခုန်ချရမည် ဆိုပါတော့။
ထိုချောက်နက်ကြီးသည် တကယ်နက်ချင်လဲ နက်မယ် တိမ်ချင်လည်းတိမ်မယ်။ ဒါပေမယ့် ဘာမှမမြင်ရဘူး အောက်ကိုရောက်သွားရင်လည်း ဘာဖြစ်မယ်ဆိုတာမသိဘူး။
သင် တန်းပြီး ခုန်ချရဲမလား သို့မဟုတ် တွန့်ဆုတ်နေမလား။ ဖြစ်နိုင်ရင် မခုန်ချချင်တာမျိုး ဖြစ်နေမှာလား။ တိတိကျကျပြောရရင် ကြောက်လား ဟုမေးလိုက်ပါသည်။
ထိုအခါ ထို သူသည် မဆိုင်းမတွ
အမှန်တကယ်ပဲကြောက်မိမှာပါ ဟု ဖြေလိုက်ပါသည်။
ပညာရှိက ဆက်ပြောတယ်
အကယ်၍ သင့်စိတ်ထဲမှာ ချောက်နက်ကြီးထဲတွင် သင်ကျလာရင် တစုံတရာထိခိုက်ခြင်း မရှိရအောင် မွေ့ယာအထူတွေ အများကြီးခင်းထားမယ်လို့ ထင်နေရင်ကော ဟုမေးလိုက်ပါသည်။
နောက်ပညာရှိက
တကယ်ရှိချင်မှလဲရှိပါလိမ့်မယ်။
ထိုသူက
ဟုတ်ကဲ့ ရှိရှိမရှိရှိ ကျွန်တော် ရှိနေမယ်လို့ တကယ်ယုံကြည်နေမိရင်
ခုန်ချရဲပါတယ်
ဟုပြန်ဖြေလိုက်ပါတယ်။
ပညာရှိက ထပ်ပြောလိုက်တယ်။
အဲ့ဒီ သင့်စိတ်ထဲမှာရှိတဲ့ မွေ့ယာထူထူကြီးဆိုတာက ဘာသာတရားပါပဲတဲ့။
ချောက်နက်ကြီးဆိုတာက သေဆုံးခြင်းကို ပြောတာပါ။
ခုန်ချပြီး အောက်ကို ရောက်ရင်ဘာဖြစ်မလဲမသိနိုင်ဘူးဆိုတာကတော့ သေပြီးနောက် ဘာဆက်ဖြစ်မလဲဆိုတာပါပဲ။
ထိုသူလဲ
နားလည်ပါပြီဟု ဆိုပြီး ပြန်သွားသည်။
အမြင်ခြင်းတွေ အားလုံးမတူနိုင်ပေမယ့် ဘာသာတရားနဲ့ပတ်သက်ပြီး ပုံဖော်ရှင်းပြတဲ့ ပုံစံကို ကျနော် အရမ်းကြိုက်နှစ်သက်ခဲ့ပါတယ်။
ထို့ကြောင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
ပြီးဆုံးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။
မှားတာရှိလဲ ကျေးဇူးပြု၍ ပြင်ဖတ်ပေးပါ။
အကြံပေးပါ။
Eng လို ပြန်ရေးသင့်သလား အကြံပေးကြပါဦး။
Photo from Google
ကျေးဇူးတင်ပါသည်။
Congratulations @thatkozaw! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Click on any badge to view your own Board of Honnor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
By upvoting this notification, you can help all Steemit users. Learn how here!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
woooo မိုက်တယ်ကွာ များများရေးပြီးစာအုပ်ထုတ်လို့ရပြီ ခင်ဗျား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးတဲ့အတွက်ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းပါတယ်...စာသားတွေကြားထဲမှာ သင့်လျော်တဲ့ ဓါတ်ပုံ ထည့်နိုင်ရင်ပိုကောင်းသွားမယ်လို့ ထင်ပါတယ်။ ကိုယ်ရေးထားတဲ့ စာနဲ့ သင့်လျော်မဲ့ ပုံတွေပေါ့။ voting power 68% ပဲရှိတဲ့ အတွက် စိတ် မကောင်းပါဘုး။ ဒီထက်ပိုရစေချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြောရင်းတစ်ပုံစီထည့်ရမယ်
ဟုတ်တယ် bro ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွမ်းကျင်တဲ့သူနဲ့တိုင်ပင်ပြီး eng လို ပြန်ရေးရင်ကောင်းမလား အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒီစာမျိုးကို English လို စီလျော်အောင်ဘာသာပြန်ပြီးထည့်နိုင်ရင်တော့ အကောင်းဆုံးပါ။ တပိုဒ်ချင်စီဘာသာမပြန်ပဲ , တကြောင်းချင်းစီ software နဲ့ကြိုးစားဘာသာပြန်ကြည့်ပါအုံး..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟျောင့် . . . . မင်း တင်ထားတဲ့ ပုံကြီးက စာနဲ့လိုက်သလိုပဲ ရှင်သန်ခြင်း ထက် သေဆုံးထားတဲ့ပုံကြီး နဲ့တူတယ်။ ကောင်းပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးကွာ ငါ့လဲ အဲ့ပုံလေးကကြည်ပျော်ရှိဆုံးဖြစ်နေတာ
စာရေးဆရာပုံပေါက်မလားလို့လေ
မမှတ်မိဘူးလား Jim Bitshop လေကွာ
Dream come true လေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
very ကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Done... good.,bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဥပမာပေးတာလေးကြိုက်တယ်ဗျို့ အဲ့ပညာရှိကိုလေးစားပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit