နိုးထလာခဲ့ပြီးပဲ
အလန်းဆန်းဆုံး စိတ်ခွန်အားတွေနဲ့
မပြီးဆုံးသေးတဲ့ ရည်မှန်းချက်တွေကို
ဆက်ရေးဆွဲလိုက်ပါ
ထိုင်နေလည်းညောင်းမယ့်အတူတူ
တစ်ခုခုကိုလုပ်ဆောင်ရင်းအညောင်းခံလိုက်ပါ
အမြင့်ရောက်လို့ လေတိုက်ခံရမှာ
တွေးမကြောက်ပါနဲ့
မြက်ပင်လည်း လေတိုက်ခံရပါတယ်
အဝေးကြီးကိုမျှော်ကြည့်ပြီး
အချိန်ကုန်မခံပါနဲ့
ရှေ့တစ်လှမ်းတိုးကြည့်ပါ
တစ်လှမ်းရဲ့မြင်ကွင်းက
ရပ်ကြည့်နေတာထက် ပိုရှင်းလင်းပါတယ်။
ဘာမထီဘွား...အတွေးစာစုလေးများ