Don't waste your time

in time •  7 years ago 

image
ဘယ်တော့မှ...
အသိတရား....
ဆင်ခြင်ဉာဏ်မရှိတဲ့သူတွေနဲ
့ပြိုင်ပြီးမငြင်းပါနဲ့.....

အခြောက် တိုက် ဘာမှ အဓိက မကျ တဲ့
ဘာမဟုတ်တာ တွေ နဲ့ လိုက်မပြိုင် မိ ပါ စေနဲ့.......
ခြေရာ ခြင်း လဲ မညှိ နဲ့.
ကြေးဆိုတာ ကြေးပါဘဲ ရွှေ မှ မဟုတ်တဲ့ အတွက် ကြေး ဟာ ရွှေ ဖြစ်လာစရာ အကြောင်း မရှိ နိုင် လို့အာရုံ စား မခံပါ နဲ့.....

သူတို့က သင့်ကို သူတို့ရဲ့အဆင့်အတန်း
ရောက်အောင်..သူတို့ အကျင့် အတိုင်း မြေနိမ့် ရာ
ကို ဆွဲချ သွားလိမ့်မယ်...

သူတို့ရဲ့ ဝါရင့်နေတဲ့ ....
ငြင်းခုံခြင်း အတွေ့အကြုံနဲ့ ...
ပြိုင်ဆိုင်လိုစိတ်တွေ က....
သင့်ကို အနိုင်ယူသွားလိမ့်မယ်...
”Mark Twain"....

တစ်ခါတစ်လေ ..
သူများက သင့်ကို ကသိကအောက်ဖြစ်အောင်လုပ်တိုင်း ..
မခံချိမခံသာဖြစ်အောင်လုပ်တိုင်း ..
သင်က လိုက်ပြီး တုန့်ပြန်စရာမလိုပါဘူး..

လမ်းမှန်သွားနေတဲ့သူတစ်ယောက်ဟာ
အမြဲဝေဖန်ခံရ တတ် ပါတယ်..
အတိုက်အခိုက် အတွန်းအတိုက် တွေ လဲ ခံရမှာ ဖြစ်ပါတယ်...

ခဲနဲ့ပေါက်ခံရ တတ်တယ်...သဲ နဲ့ လဲအပက်ခံ ရမှာပါဘဲ
ဒီလိုဝေဖန်ခံရတိုင်းသာ...
တစ်ယောက်ခြင်းစီကို လိုက်ဖြေရှင်းနေရင်
သင်..ရှေ့ကိုရောက်မှာ မဟုတ်ပါဘူး...
လုးံဝ ရှင်း ပြနေစရာ မလို အပ် ပါဘူး..

အချို့သူတွေက ဝေဖန်ခြင်းကလွဲပြီး
လုပ်စရာအလုပ်မရှိကြပါဘူး...
မလုပ်တတ် ကြ ပါဘူး အဲလိုလေး ဝေဖန်လိုက်ရမှ စားဝင် အိပ်ပျော် နေသာထိုင်သာ ရှိသွားတတ်သူ တေ လို့သာ သတ်မှတ် ထားလိုက်ပါ...
အဓိက က ဝေဖနိမှု့ ကြုံရလေ အောင်မြင်မှု့
မြင့်မား လေ ဖြစ် နေဖို့သာ လိုအပ်ပါတယ်...

သူတို့ဝေဖန်တဲ့စကားတွေထဲက
မှန်တဲ့အချက်ကိုယူ သင့် ရင် ယူ မယ် ,
ပြီးရင် ကိုယ့် လမ်း ကို ဆက်လျှောက် ရပါမယ်....

တစ်ခါတစ်လေ ..
ဝေဖန်မှုတွေကနေလည်း
သင်ခန်းစာကောင်း တွေ ရတတ်ပါတယ်...

ကျားကစား နည်း လို စစ်တုရင် ထိုးသလိုပါပဲ..
ထိုးတဲ့သူမမြင်တဲ့အကွက်ကို
ဘေးကလူက တစ်ခါတစ်လေ
မြင်တတ်ပါတယ်...

ပြော နေတဲ့လူတိုင်း ရဲ့ စကားလုးံ တိုင်း ကို
နားထောင်ဖို့ပြောတာမဟုတ်ပါဘူး...

တစ်ခါတစ်လေ ကျိုးကြောင်းဆီလျော်တာကိုတော့
နားထောင် သင့်ပါတယ်....ကိုယ့် လမ်း ကို တော့ မှန်မှန်ဆက်လျှောက် နေ ပါ...

မိမိအကြောင်းကို အခြားသူတွေကို ၇ှင်းပြရင်းအချိန်မကုန်ပါစေနဲ့...

သင်ဘယ်လောက်ပဲရှင်းပြရှင်းပြ သူတို့က သူတို့ဦးနှောက်နဲ့ဆန့်တဲ့
အတိုင်းအတာတစ်ခုလောက်ပဲ နားလည်မှာပါ.. သိမှာပါ....
သူ တို့ ဉာဏ်ရည် မှီ သလောက်ဘဲ တွေးမှာပါ
လက်ခံ မှာပါ..
အဲဒါကြောင့်...ရှင်းပါတယ်..

မိမိအလုပ်ကို...သာ မိမိ
အကောင်းဆုံး ဖြစ်နေအောင် သာကြိုးစား လုပ်ဆောင် ဖို့ လို ပါ တယ်..
အသုးံ မဝင် တဲ့....တစ်ရာဖိုး (၄)ယောက် လို
လူ တေ ရဲ့...

ဝေဖန် ကဲ့ရဲ့ ရှုံ ချ မှု့ တွေ အတွက့် မိမိရဲ့ တန်ဖိုး ရှိ တဲ့ အချိန်တေ မိမိရဲ့ တန်ဖိုး ရှိပြီးသား လုပ်ရပ် တွေ ...သူ တို့
စကားတွေ ကြောင့် အချိန်မကုန်ပါစေနဲ့.....

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!