ဆန့်ကျင်ဖက်တွေးတောခြင်းမှအောင်မြင်မှုလမ်းကြောင်းဆီသို့ဖန်တီးခြင်း

in tinking •  6 years ago 

ဆန့်ကျင်ဖက်တွေးတောခြင်းမှအောင်မြင်မှုလမ်းကြောင်းဆီသို့ဖန်တီးခြင်း
image
သင့်ကိုဆန့်ကျင်သောအရာများ (အနှောင့်အယှက်များ) က သင်၏စိတ်၊ သင်၏အနေအထား၊ (သို့) အခြားသူများကသင့်အားတန်ပြန်ဆန့်ကျင်မှုပြုခြင်း အစရှိသဖြင့် နေရာပေါင်းများစွာမှလာတတ်ကြပါတယ်။ ဒါပေမယ့် အလွန်အောင်မြင်နေတဲ့ခေါင်းဆောင်များက ထိုသို့အခက်အခဲအတားအဆီးများကို အဆုံးသတ်လို့
မယူဆပဲ အစအဖြစ်သာ ခံယူလေ့ရှိပါတယ်။ သူတို့က သူတို့ရဲ့စိတ်ကူးကိုသတ်မှတ်ပြီး တိုင်းတာမှုပြုခြင်း၊နောက်ဆုံးပြီးမြောက်ရမည့်အချိန်ကိုသတ်မှတ်ခြင်းနှင့် ရှိလာနိုင်သမျှသော အခက်အခဲများကို ခေါင်းခြင်းရိုက်ရှာဖွေခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။
အခက်အခဲအတားအဆီးများပေါ်တွင် အာရုံစိုက်ရန်အချိန်ပေးခြင်းအားဖြင့် သင်၏ဦးနှောက်မှ ပိုမိုစဉ်းစားတွေးခေါ်လာနိုင်ပြီး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုကောင်းမွန်သောအပြောင်းအလဲများ ဖြစ်ပေါ်စေလာနိုင်ပါတယ်။အခက်အခဲအတားအဆီးများကိုရင်ဆိုင်ရန် စိတ်လိုလက်ရစိတ်ပိုင်းဖြတ်ခြင်းက သင်၏စိတ်မှအလိုရှိသမျှသောအရာတို့ကိုရရှိရန် သင့်ကိုယ်သင်ပြင်ဆင်နေခြင်ပင်ဖြစ်ပြီး သင်၏အဖွဲ့ကိုလည်း ပြောင်းလဲမှုလုပ်ငန်းစဉ်အားဖြင့် ဦးဆောင်သွားနိုင်ရန် ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အတားအဆီး၊ အခက်အခဲတွေကို သင့်အတွက်ပိုမိုကောင်းမွန်အောင်လုပ်နိုင်မယ့် အခွင့်အရေးအဖြစ်ခံယူပြီး လုပ်ဆောင်ကြည့်လိုက်ရအောင်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မှတ်သားစရာကောင်းပါတယ်

မှတ်သားစရာပါ

မှတ်သားစရာပါ