"အတွေ့အကြုံသစ်တွေရနိုင်မယ့် စိမ်းလဲ့တင်အပန်းဖြေစခန်း"
အားလုံးပဲမင်္ဂလာပါ... ဒီတစ်ခေါက်ကတော့ ခရီးစဉ်တစ်ခုအကြောင်းရေးမှာဖြစ်တဲ့အတွက် အရင် Food Review တွေလိုမဟုတ်ပဲ စာနည်းနည်းရှည်သွားတာကြောင့် စိတ်ရှည်ရှည်နဲ့ ဖတ်ကြည့်ပေးကြပါလို့...။ ကျွန်တော်တို့သူငယ်ချင်းတွေ လူစုံတုန်းလေး ရန်ကုန်မြို့နဲ့ အရမ်းမဝေးတဲ့ ခရီးတစ်ခုသွားဖို့ တိုင်ပင်ဖြစ်ခဲ့ကြတယ်...။ အကုန်လုံးကလည်း လူငယ်တွေဆိုတော့ အတွေ့အကြုံသစ်လိုချင်တာရယ်... မိုးတွင်းလည်းဖြစ်နေတော့ တောင်ပေါ်ခရီးတွေ၊ ကမ်းခြေတွေရှောင်ချင်တာကြောင့် ကားလည်းအကြာကြီးစီးစရာမလိုတဲ့ စိမ်းလဲ့တင်ကိုရွေးဖြစ်ခဲ့ကြတယ်...။ အရင်ကရောက်ဖူးကြပေမယ့် အခုနောက်ပိုင်းမှ ခေတ်စားလာတဲ့ Adventure Land ကိုမရောက်ဖူးသေးတော့ စိမ်းလဲ့တင်ကိုသွားဖို့အတွက် ပိုပြီးရင်ခုန်ရတယ်ဆိုပါတော့...။
🚗 အသွားအပြန် ကားငှားဖို့အတွက် 🚗
ဒီလိုသူငယ်ချင်းတွေနဲ့ သွားတော့မယ်ဆိုရင် ကိုယ်တိုင်မောင်းပြီးသွားတာထက် ကားစင်းလုံးငှားတာ ဒါမှမဟုတ် ကားရှိတယ်ဆိုရင်ဒါရိုက်ဘာငှားတာကပိုပြီး လွတ်လွတ်လပ်လပ်နဲ့ ပျော်ရပါတယ်... သူငယ်ချင်းတွေတစ်ယောက်တစ်လှည့်မောင်းမယ်ဆိုရင်တောင် ကားပေါ်မှာဆော့ကြ၊ သီချင်းတွေဆိုကြတဲ့အခါ ကားမောင်းနေရတဲ့သူငယ်ချင်းက လိုက်မပျော်နိုင်ဖြစ်တတ်လွန်းလို့ပါ... အဲ့ဒါနဲ့ပဲ လူ 11 ယောက်ဆံ့ အံစာတုံးကားတစ်စီးကို နှစ်ရက်စာ (စနေမနက် 6:00 ကနေ တနင်္ဂနွေရန်ကုန်ပြန်ရောက်တဲ့ ညနေစောင်းအထိ) 200,000 ကျပ်နဲ့ ငှားဖြစ်ခဲ့ပါတယ် (ကားဆရာရဲ့ နေစရိတ်၊ စားစရိတ် လမ်းကြေး၊ ဂိတ်ကြေးတွေ ဘာမှထပ်ပေးစရာမလိုပါဘူး) သူငယ်ချင်း 10 ယောက်ဆိုတော့ တစ်ယောက် 20,000 ပဲကျတယ်လေ... ဒီလိုမဟုတ်ဘဲ အောင်မင်္ဂလာသွားစီးမယ်ဆိုရင် အသွားအပြန်လက်မှတ်က 14,000 ရယ် Taxi ခဘာညာနဲ့ဆိုရင် ဒီလိုလွတ်လွတ်လပ်လပ် ကားစင်းလုံးငှားစီးသွားတာက ပိုကိုက်ပါတယ်...။ ကားဆရာက သဘောအရမ်းကောင်းတယ်... လမ်းမှာကြုံနေရာတွေလည်း ဝင်ချင်ရင်ဝင်ပေးတယ်... ကိုယ်တွေ ကားပေါ်မှာသီချင်းတွေအော်ဆိုပြီး သောင်းကြမ်းကြတာတောင် လုံးဝမငြိုငြင်ခဲ့ပါဘူး...။ သူငယ်ချင်းတွေနဲ့ သွားဖို့ကားငှားမယ်ဆိုရင် Chat Box ကနေလာမေးနော်.. ချိတ်ပေးမယ်...။
🏠 ဟိုတယ်အခန်းငှားမယ်လေ 🏠
နေချင်စရာပုံစံလေးတွေနဲ့ပါ... အရမ်းကျယ်တဲ့အခန်းတွေတော့ မဟုတ်ပေမယ့် သူ့နေရာလေးနဲ့သူ အဆင်ပြေပါတယ်...။ လိုရင်းပြောရရင် သုံးယောက်ခန်း Family Room က 60,000 ကျပ်ဆိုတော့ တစ်ယောက် 20,000 ကျပါတယ်... Standard Room နှစ်ယောက်ခန်းက 50,000 ကျပ်ပါ...။ စိမ်းလဲ့တင်ရဲ့ ဧရိယာကကျယ်ပေမယ့် လှည့်ပတ်ကြည့်ရမယ့်နေရာတွေနဲ့ ဟိုတယ်အခန်းနဲ့ကို လမ်းအများကြီးမလျှောက်ရပါဘူး...။ ပိတ်ရက်ဆိုအခန်းမရတတ်လို့ ကြိုပြီး Booking တင်ထားဖို့တော့လိုပါမယ်...။
🚩 Adventure Land ကိုစမ်းကြည့်မယ် 🚩
စွန်းစားခန်းတွေအနေနဲ့ -
✅ Zip Line က တစ်ကြိမ်ကစားခြင်းကို 10,000 ကျပ်ပါ... နှစ်ခေါက်စီးရမှာဖြစ်ပြီးတော့ တကယ်ပဲရင်ခုန်ရပြီး ပျော်စရာကောင်းပါတယ်...။ Zip Line စီးရင်း Selfie ဆွဲချင်သူတွေကို မှာချင်တာက နှစ်ခေါက်စီးရတာဖြစ်တဲ့အတွက် ပထမအခေါက်မှာ ဘာဓာတ်ပုံမှမရိုက်သေးပဲ ဖုန်းကိုသိမ်းထားကာ လက်နှစ်ဖက်လုံး စမ်းလွှတ်ကြည့်ပါ... ပထမတစ်ခေါက်စီးပြီးမှ ကိုယ့်အခြေအနေကိုယ်သိပြီး ဖုန်းကိုလက်ကကိုင်သင့်မကိုင်သင့်စဉ်းစားပါ... မဟုတ်ရင် လန့်ဖြန့်ပြီး ဖုန်းတွေလွတ်ကျကုန်မှာစိုးလို့နော်! နောက်တစ်ခုက ဖုန်းပဲကြည့်ပြီး ဓာတ်ပုံရိုက်မနေပဲ တောတောင်အလှတွေနဲ့ အပန်းဖြေစခန်းတစ်ခုလုံးကို အပေါ်စီးကနေ စိတ်ကြိုက်ခံစားကြည့်ကြပါလို့...။
✅ Quick Jump ဆိုတာကတော့ ပေ 70 အမြင့်ကနေ ကျောမှာကြိုးချိတ်ပြီး ခုန်ချရမှာပါ... တကယ်အသည်းယားစရာကောင်းသလို လေတဟူးဟူးနဲ့ ရင်ခုန်စရာကောင်းလှပါတယ်...။ မှာချင်တာက ခုန်မချရသေးပဲ အောက်ကိုခဏခဏကြည့်နေရင် လူကိုပိုကြောက်စေပါတယ်လို့! သူကလည်း 10,000 ကျပ်ပေးရမှာဖြစ်ပြီးတော့ Zip Line နဲ့နှစ်ခုတွဲကစားရင် နှစ်ခုပေါင်းကို 15,000 ကျပ်သာကျသင့်မှာပါ...။
✅ Rope Course ကတော့ ပြောရရင် ကစားရတာပင်ပန်းပါတယ်... ခန္ဓာကိုယ်အားသုံးပြီး ကြိုးစားကြည့်ချင်တယ်ဆိုရင်တော့ စမ်းကြည့်ကြပါလို့...။ သူက တာယာဘီးကိုကြိုးနဲ့ဆွဲထားတဲ့အပေါ်တွေ၊ ပိုက်ကွန်အကြီးကြီးတွေမှာ တွယ်ပြီးကူးရမှာပါ... တော်ရုံအားရှိရုံနဲ့တော့ မရဘူးနော်! ဒါပေမယ့် လမ်းတဝက်လောက်မှာ ကိုယ်ဆက်မသွားနိုင်ဘူးဆိုရင်လည်း ဝန်ထမ်းတွေအကူအညီယူနိုင်ပါတယ်... သူလည်း 10,000 ကျပ်ပါပဲ...။
✅ Rock Climbing ဆိုတဲ့ တောင်တက်စွန့်စားခန်းကတော့ အားလုံးသိကြမှာပါ... Rope Course လောက်မပင်ပန်းပေမယ့် အားထုတ်မှ အပေါ်ကိုရောက်နိုင်ပါမယ်... ဘယ်သူထိပ်ဆုံးထိတက်နိုင်လဲဆိုတာ သူငယ်ချင်းတွေ ပြိုင်ကစားလို့လည်းရတဲ့ ကစားနည်းတစ်ခုပေါ့...။ ဈေးနှုန်းကတော့ 5,000 ကျပ် ကျသင့်ပါမယ်...။
အခုပြောပြတဲ့ စွန်းစားခန်း (4) မျိုးလုံး ကစားမယ်ဆိုရင်တော့ Package အနေနဲ့ 30,000 ကျပ်ဖြင့် ရနိုင်ပါတယ်...။
ကျွန်တော်ဒီကစားနည်းတွေကို စမ်းသပ်ကြည့်တော့မယ့်အချိန်မှာ အရင်ဆုံးခေါင်းထဲရောက်လာပြီး စိတ်ပူတာကကိုယ့်အတွက် လုံခြုံမှုရှိပါ့မလားဆိုတာပါပဲ... တကယ်တမ်းကစားပြီးကြည့်တဲ့အခါမှာ သိလိုက်ရတာကတော့ ဝန်ထမ်းတွေကို သေချာလေ့ကျင့်ပေးထားတယ်... 100% အာမမခံနိုင်ပေမယ့် တိတိကျကျသေချာလုပ်တာကတော့ အမှန်ပါပဲ...။
ဒါဆိုကျန်တဲ့ အကြောင်းအရာတွေကတော့ ပုံတစ်ပုံချင်းကြည့်ပြီး ဖတ်ကြည့်ပေးပါဦး! အတူတူသွားချင်တဲ့ သူငယ်ချင်းတွေကိုလည်း Mention ခေါ်ခဲ့ပေးပါနော်...။
#credit - Kyaw Lay
#(I Like That)
Myanmar
!
image
cool post, thanks for sharing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for vote.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မီးဝေး မနည်းရနေဘီမှား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါနေ့မှ ဘင်းမျိုးရမှန်းမသိရဟန့် . .
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit