Credit to Google image
Zawgyi
ပစ္စည်းဥစ္စာ
ယောဂသမားကပြန်မေးသည်။
တစ်ယောက်ပါပဲ"
သင်ခန်းစာ
လက်သစ်ကြယ်
မူရင်း
unicode
ပစ္စည်းဥစ္စာ
အမေရိကန်ခရီးသွားတစ်ယောက်သည်အိန္ဒိယရှိယောဂကျင့်စဉ်ကျင့်နေသူတစ်ဦး၏အိမ်သို့ခဏအလည်ရောက်သွားသည်။ထိုယောဂသမား၏အိမ်သည်ပြောင်ရှင်း၍မည်သည့်ပရိဘောဂပစ္စည်းတစ်ခုမျှမရှိသည်ကိုတွေ့သောအခါအလွန်အံ့အားသင့်သွားသည်။ပစ္စည်းဟူ၍ဖျာတစ်ချပ်နှင့်ရေအိုးတစ်အိုးသာရှိသည်။ထို့ကြောင့်ခရီးသွားက
"ဆရာရေ ခင်ဗျားရဲ့ အိမ်ထောင်ပစ္စည်းတွေနဲ့ပရိဘောဂပစ္စည်းတွေကဘယ်မှာတုန်း ...တစ်ခုမှလဲမမြင်မိပါလား"
ယောဂသမားကပြန်မေးသည်။
"ခင်ဗျားပစ္စည်းတွေကော"
"ကျွန်တော့်ပိုဆိုင်မှုတွေလား...ဒါပေမဲ့ကျွန်တော်ကဒီမှာခရီးသွားလေ"
"ကျွန်တော်လည်းကမ္ဘာမြေပေါ်မှာခဏလာတဲ့ခရီးသွား
တစ်ယောက်ပါပဲ"
သင်ခန်းစာ
ကျွန်တော်တို့အားလုံးသည်ကမ္ဘာမြေပေါ်သို့ခဏတာအလည်လာသောခရီးသွားဧည့်သည်များဖြစ်ကြသည်။ထို့ကြောင့်ပစ္စည်းဥစ္စာများကိုတပ်မက်မှုအားမကြီးပါနှင့်။
လက်သစ်ကြယ်
(ဆီလျော်အောင်ပြန်ဆိုသည်)
မူရင်း
https://beingrakesh.wordpress.com/2016/08/29/we-all-are-visitors/