ပိတ်ကျောင်းများမှဆူညံသံ

in vote •  7 years ago 

ပိတ်ကျောင်းကျတဲ့ကျောင်းဆရာ
**
ကျောင်းတွေဖွင့်ပြန်ပြီ
ပိတ်ကျောင်းမှာကျတဲ့ကျောင်းဆရာလေးတစ်ယောက်ကိုသတိရမိပါရဲ့
ကိုယ်တွေလဲအရင်ကတော့ပိတ်ကျောင်းဆိုတဲ့စကားလုံးကိုမကြားဖူးပါဘူး
သင်တန်းမှာဆုံကြတော့သူပြောပြမှသိရတာ
စစ်ဖြစ်တဲ့ဒေသတွေမှာစစ်ကြောင်းတည့်တည့်မှာကျတဲ့ရွာတွေအကုန်စစ်ပြေးကြတော့ရွာမှာလူတစ်ယောက်မှမရှိတော့ဘူး
ရွာပျက်သွားတာပေါ့
ရွာပျက်သွားတော့အဲ့ဒီရွာရဲ့ကျောင်းမှာစာသင်မဲ့ကျောင်းသားတွေလဲမရှိတော့ဘူး
ဒါပေမဲ့ကျောင်းကတော့အထက်အထိနာမည်ပေါက်နေဆဲဖြစ်တဲ့အတွက်အထက်ကနေအဲ့ဒီကျောင်းကိုတာဝန်ချပေးတယ်
စာသင်ဖို့ကျောင်းသားမရှိဘူးလေ
ဆရာကတခြားကျောင်းတစ်ခုမှာသွားပြီးသင်ရတာပေါ့
အဲ့ဒီထိအားလုံးအဆင်ပြေတယ် ပြသနာကဒီလို. . .
ပိတ်ကျောင်းမှာကျတဲ့ကျောင်းဆရာကိုအခုဒီနှစ်ဒီကျောင်းမှာတွဲပေးပေမဲ့နောက်နှစ်ရောက်ရင်နောက်တစ်ကျောင်းပြောင်းပြီးတွဲပေးတယ် ပိတ်ကျောင်းမှာကျတဲ့ကျောင်းဆရာကတစ်နှစ်ပြီးတစ်နှစ်နေရာပြောင်းနေရတယ်
ပြောချင်တာက
အဲ့ဒီမရှိတဲ့ပိတ်ကျောင်းမှာဆရာတွေချပေးမဲ့အစားတခြားအမှန်တကယ်လိုအပ်တဲ့ကျောင်းတွေကိုချပေးလိုက်မယ်ဆိုပိုပြီးမသင့်တော်ဘူးလားဗျာ
ဒါဆိုဆရာအနေနဲ့လဲပြောင်းရရွှေ့ရသယ်ရတာတွေငွေကုန်ကြေးကျတွေသက်သာသွားမယ်
အထက်လူကြီးအနေနဲ့လဲကိုယ့်ဝန်ထမ်းရဲ့ယုံကြည်လေးစားမှုကိုရမယ်မဟုတ်လားဗျာ
လူကြီးတွေဖြစ်ပြီးပိတ်ကျောင်းတွေအကြောင်းကိုမသိတာလား
လျစ်လျှူရှူထားတာလား
စစ်ဆေးရေးတွေကလဲကျောင်းတွေမှာဂါရဝကြေးဆိုပြီးအဟောက်မခံရအောင်လာဘ်ထိုးတာလေးခပ်ပြုံးပြုံးယူပြီးပြန်လာတာလောက်ကလေးမလုပ်ပဲနဲ့ပညာရေးစနစ်တစ်ခုကိုဘယ်လိုစီမံကိုင်တွယ်ရမယ်ဘယ်လိုနေရာချထားရမယ်ဘာလုပ်သင့်တယ်ဆိုတာကိုအထက်ကိုတိတိကျကျသတတင်းပေးပို့စေချင်ပါတယ်
ဒီလောက်ပါပဲ
ကျွန်တော့်သူငယ်ချင်း ပိတ်ကျောင်းကကျောင်းဆရာကတော့ခင်ဗျားတို့မသိလိုက်မသိဘာသာလုပ်နေသရွေ့နှစ်တိုင်းဟိုကျောင်းပြေးကပ်ဒီကျောင်းပြေးကပ်နဲ့နေရာမရဖြစ်နေအုံးမှာအသေချာပဲဗျာ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Msu msc စတဲ့ အ့တွေ့ ချိကြည့်ပါ။တစ်ယောက်ထဲဆို အရမ်းပင်ပန်းပါတယ်

ဟုတ်