Wai Hlyan

in wai •  7 years ago 

ကိုယ့်ကိုကိုယ် မလိမ်ပါနဲ့.. ဒီအချက် (၄) ချက် နဲ့ ကိုယ့်ကိုကိုယ် လိမ်နေသမျှ အောင်မြင်ဖို့ ခက်နေဦးမှာပါ..

(၁) အောင်မြင်ဖို့ ဘွဲ့ရဖို့လိုတယ်

အလုပ်ရဖို့တော့ ဘွဲ့ရဖို့ လိုချင်လိုမယ်၊ အောင်မြင်ဖို့အတွက်ကတော့ ဘွဲ့ရဖို့ဟာ မရှိမဖြစ် လိုတာမဟုတ်ပါဘူး။ အဓိကက အောင်မြင်မှုရဖို့လိုအပ်တဲ့ ပညာတွေ တတ်ရင် ရပါတယ်။ ဘွဲ့ရမှ မဟုတ်ပါ။

(၂) ငါ့မှာ အချိန်မှ မရှိတာ

ဟုတ်ရဲ့လား။ တကယ်မရှိတာလား။ ဒါမှမဟုတ် ရှိတဲ့အချိန်တွေကို အောင်မြင်မှုရဖို့မှာ မသုံးမိဘဲ ကျန်တဲ့နေရာတွေမှာ ဖြုန်းနေမိတာလား။

(၃) ငါအသက်ကြီးပြီ

အောင်မြင်မှုရဖို့ အသက်နဲ့ မဆိုင်ကြောင်း သက်သေပြခဲ့သူတွေများလှပါပြီ။ မသေမချင်း ကိုယ့်ကိုကိုယ် အသက်ကြီးပြီလို့ မထင်ပါနဲ့။ အဓိကက လုပ်နိုင်စွမ်းရှိနေသေးရင် လုပ်ချင်စိတ်ရှိနေသေးရင် လုပ်နေသေးရင် အောင်မြင်နိုင်ပါတယ်။

(၄) စလုပ်ဖို့ (ပြောင်းလဲဖို့) ခက်တယ်

ဟုတ်ပါတယ်။ အောင်မြင်မှုရဖို့အတွက်က တစ်ခုခုပြောင်းလဲမှ ရမှာ။ ပြောင်းလဲဖို့အတွက် ပေးရမယ့် အရင်းအနှီးကလဲ တစ်ခါတစ်လေမှာ များတတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင် ဝင်ငွေပိုများလာမယ် အောင်မြင်နိုင်မယ်ဆိုတာ သိပေမယ့် အလုပ်ထွက်ဖို့ကျ မဝံ့မရဲဖြစ်နေသလိုမျိုးပေါ့။

ဒါပေမယ့် တကယ်သာ အောင်မြင်မှုပန်းတိုင်ကို အရောက်သွားလိုစိတ် ရင်ထဲမှာ ရှိတယ်ဆိုရင် စလုပ်ဖို့ မခက်ပါဘူး။ ခုပဲ စလုပ်လိုက်ပါ..

မိုင်တစ်ထောင်ခရီးသည် ခြေတစ်လှမ်းဖြင့်စတင်သည်..

Copy credit Aung Mon Chan

#AMTKFB_IMG_1499277117275.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

thanks to your post,very good,you are welcome
let's go together we change the world with online making money

Yes bro

Done

Thank you bro

Done ပါဗျာ

Thank you bro

Good post

Good