နှင်းဝေတဲ့ နံနက်ခင်း

in wintertime •  5 years ago  (edited)

နံနက်ခင်းလေးက နေရောင်ဖြာလာသည့်တိုင် အအေးဓာတ်က ပိုနေဆဲ။ ဒီရက်ပိုင်း အအေ‌းပိုမယ်လို့‌ေပြာထားပြီးသားဆိုတော့ ကိုယ်တွေ အနေနဲ့ အအေးမမိစေဖို့ နွေးနွေးထွေးထွေးနေဖို့ လိုအပ်ပါတယ်။ ပြည်နယ်သားတွေအနေနဲ့ ဒီအအေးဒဏ်လောက်တော့ ခံနိုင်ရည်ရှိကောင်းပါရဲ့။ အေးမြပြီး လက်ဆက်တဲ့လေက အိမ်ထဲအထိ တိုးဝှေ့၀င်ရောက်လာတယ်။ ဒီတိုင်းထိုင်နေရင် အအေးပိုလာနိုင်တာမို့ လမ်းထွက်လျှောက်ဖို့ တွေးမိလိုက်ပါတယ်။

IMG_20200123_073035.png
source image
https://www.dreamstime.com/clock-changing-summer-to-winter-time-wintertime-concept-d-rendering-image107743986

ကျန်းမာရေးအတွက် လမ်းလျှောက်ရမယ်သိပေမဲ့ အမြဲတမ်းတော့ မလုပ်ဖြစ်ခဲ့ပါဘူး။ ‌ေြမနီလမ်းလေးထက်မှာ နှင်းစက်တွေ တွဲခိုနေတာ ြမင်ရတော့ တစ်မျိုးစိတ်ကြည်နူးရပါတယ်။ ြမတ်ပင်ထိပ်ဖျားကနေ အရင်းအထိ နှင်းစက်ကလေးတွေ တွဲနေပုံက လှလိုက်တဲ့ ြဖစ်ခြင်း။ မြေလမ်းလေးဆိုပေမဲ့ နှင်းတွေ ကျထားတာ‌ကြောင့် ဖုန်မထဘဲ လျှောက်လို့ကောင်းလှပါတယ်။

နေရောင်ကို ထိတွေ့ခံစားမိရင်း လေကို ရင်ခေါင်းထဲအထိ ရူသွင်း ရူထုတ်လုပ်မိပါတယ်။ ဒါမှ သွေးတွေ ကောင်းကောင်း လည်ပတ်နိုင်မှာပါ။ ဖြေးဖြေးလျှောက်လားရင်း အိမ်နဲ့အတော်ဝေးဝေးကိုတောင် ရောက်လာတယ်။ အနီးရှိတောင်ကုန်းလေးပေါ်တက်ခဲ့ပြီး နှင်းတွေရစ်သိုင်းနေဆဲ ြမင်ကွင်းကို ငေးကြည့်လိုက်မိပါတယ်။ လှလိုက်တဲ့ရူခင်း။ အေးချမ်းလိုက်တဲ့နေရာ။ ကြည်နူးစွာ ငေးကြည့်ရင်း ဒီနေ့လေးကို အေးချမ်းစွာဖြတ်သန်းနိုင်ပါပြီ။

@suhlaing
MSc 175

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အဲ့လိုနေရာလေး လမ်းလျှောက်ချင်တယ်အေ

ချင်းပြည်နယ်ဘက် အလယ်သွားပါ ဘထွေး