ပတၱျမား

in writing •  6 years ago 

ပတ္တမြားသည် တွင်းထွက်ကျောက် တစ်မျိုးဖြစ်သည်။ ပတ္တမြား၏ အရောင်သည် အများအားဖြင့် အနီရောင်ဖြစ်သည်။ တွင်းထွက်ကျောက်ထဲတွင် အရည်အသွေးကောင်းပါက တန်ဖိုးကြီးလေသည်။ မြန်မာနိုင်ငံတွင် မိုးကုတ်ဒေသမှ အများဆုံး ထွက်ရှိသည်။ ထို့ကြောင့် မိုးကုတ်ဒေသကို ပတ္တမြားမြေဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ပြဒါးဓာတ်များ ကိန်းအောင်းရာမှ ဖြစ်လာသည်ဟု ရှေးအယူရှိသောကြောင့် ပြဒါးများဟု ခေါ်ရာမှနေပြီး နောင်တွင် ပတ္တမြားဟု အမည်တွင်လာသည်ဟု ပြောဆိုကြသည်။တန်ဖိုးကြီးလူကြိုက်များသောကြောင့် ပတ္တမြားကို အတုဖန်တီးကာ လိမ်လည်ရောင်းချခြင်းမှာလည်း ပေါ်ပေါက်လာရသည်။ ပတ္တမြားအတုပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ:ပတ္တမြားနှင့်ဆင်တူသော အခြားတွင်းထွက်ကျောက်မျက် (ဥပမာ- ပတ္တမြားနီးပါးလှပသည့် အညံ့ပန်း)ဖြစ်ပြီး၊ ထိုကဲ့သို့သော ကျောက်မျက်များကို ဆူတူရိုးမှားဟုသတ်မှတ်ပြီး ကျောက်မျက် ရတနာတို့၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများဖြင့် ခွဲခြားနိုင်ပေသည်။

ဒုတိယတစ်မျိုးမှာ:လူတို့၏အားထုတ်မှုဖြင့် ပတ္တမြား၏ ဓာတုဒြပ်ပေါင်းဖြစ်သည့် ကိုရိုဒမ်ဒြပ်ပေါင်းအား ကျိုချက်ကာ တစ်စက်ခြင်းပုံလောင်းအအေးခံခြင်းအားဖြင့် ရရှိလာသည့် ချက်ကျောက်အမျိုးအစားဖြစ်ပေသည်။ ၎င်းကို ဈေးကွက်အတွင်းတွင် ချက်ကျောက် ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။ အဆိုပါ ချက်ကျောက်များအား ဆယ်ဆချဲ့မှန်ဘီလူးဖြင့်သော်လည်းကောင်း ဓာတ်ခွဲခန်းသုံး အဏုကြည့်မှန်ဘီလူးဖြင့်သော်လည်းကောင်း ကောင်းစွာစစ်ဆေးကြည့်လျှင် အအေးခံအစက်ချသည့် အလွှာအလိုက် လိုင်းကြောင်း(မျဉ်းကွေး)များအထပ်ထပ်တွေ့ရှိခြင်းဖြင့် ချက်ကျောက်(အတု) ဖြစ်ကြောင်းကို သိရှိနိုင်သည်။

လည်သီးရည် ကြက်ဖလည်ပင်းမှထွက်သော သွေးအရောင်၊ အနီရောင်အပြည့်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။
ငရှဥ့်သွေးရည် ငရှဥ့်သွေးကဲ့သို့ အနီရောင်ရှိသည့် ပတ္တမြားကျောက်ကို ခေါ်ခြင်းဖြစ်သည်။
ခိုသွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အပြာရည်စွက်သော အရောင်ကို ခေါ်ခြင်းဖြစ်သည်။
ယုန်သွေးရည် ပတ္တမြားကျောက် အနီရောင်တွင် အဝါရည်စွက်သောအရောင်ကို ခေါ်ခြင်းဖြစ်သည်။
သပြေသီးရည် ပတ္တမြားကျောက် အနီတွင် အပြာ၊ အညို ရောယှက်နေသည့် သပြေသီးမှည့် အရောင်ကို ခေါ်ခြင်းဖြစ်သည်။
ဘုံဘိုင်ညွန့်ရည် နှင်းဆီပန်းအရောင်ရင့်၏ စိုပြေသော နီနီရဲရဲ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ဘုံဘိုင်ရည် လူငယ်၏အသွေးအရောင်ကဲ့သို့ အနီရောင်သက်သက်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ကျောက်တိမ်းရည် အနီတွင် အပြာရည်လွန်သော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
အရည်ကျ အနီရောင် ဖျော့သောအရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ပန်းရည် နှင်းဆီပန်းရောင်ကဲ့သို့ အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ကြက်သည်းရောင်အရည် ညိုပုပ်ပုပ်နှင့် မည်းသယောင်ယောင်နီသော အနီပုပ်ရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ကြက်သွန်ဥခွံအရည် အနီရောင်ဖျော့လျှက် ဖြူသယောင် အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ထုံးခြောက်ရည် နီသော်လည်း ဖြူပြီး ခြောက်တောက်တောက် ဖြစ်နေသော အရောင်မျိုးကို ခေါ်ခြင်းဖြစ်သည်။
ကတ္တီပါရည် ကတ္တီပါအပြာစ ကဲ့သို့ အပြာရောင်ရှိသော နီလာကျောက်ကို ခေါ်ခြင်းဖြစ်သည်။ (နီလာတွင်သာ ခေါ်ခြင်းဖြစ်သည်။)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://my.wikipedia.org/wiki/%E1%80%95%E1%80%90%E1%80%B9%E1%80%90%E1%80%99%E1%80%BC%E1%80%AC%E1%80%B8

Thank you so much for sharing this amazing post with us!

Have you heard about Partiko? It’s a really convenient mobile app for Steem! With Partiko, you can easily see what’s going on in the Steem community, make posts and comments (no beneficiary cut forever!), and always stayed connected with your followers via push notification!

Partiko also rewards you with Partiko Points (3000 Partiko Point bonus when you first use it!), and Partiko Points can be converted into Steem tokens. You can earn Partiko Points easily by making posts and comments using Partiko.

We also noticed that your Steem Power is low. We will be very happy to delegate 15 Steem Power to you once you have made a post using Partiko! With more Steem Power, you can make more posts and comments, and earn more rewards!

If that all sounds interesting, you can:

Thank you so much for reading this message!

Congratulations @kokotone! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!