![htyhty.jpg](
လူငယ်လေးသည်သူ့ရဲ့ လက်ထဲရောက်နေလေသော ချက်လက်မှတ်ထဲက ငွေတွေကို
သူဟာ အရေးကြုံမှ သုံးမည်လို့တွေးပါသည်ကိစ္စတစ်ခုခု ဖြစ်လာရင်လည်း ဒီငွေတွေနဲ့ သူဖြေရှင်းနိုင်မယ်ဆိုတာ
တွေးမိပြီးတော့ ချက်လက်မှတ်ထဲက ငွေတွေကို မထုတ်ဘဲ သိမ်းထားလိုက်ပါလေသည်
ပြီးတဲ့နောက်မှာတော့ ခွန်အားသစ်တွေနဲ့ မိမိကိုယ်ကို ယုံကြည်မှုတွေနဲ့ တဖန်ပြန်ပြီးတော့ သူဟာ သူ့ရဲ
့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ကောင်းအောင် ကြိုးစားပါလေ၏ ကုန်သည်တွေကို
ယုံကြည်လောက်အောင် အကောင်းဆုံးသောအားပါသည့်စကားများ ပြောဆိုပြီး ရေရှည် စာချုပ်များ ပြန်ချုပ်ပါလေသည်
သူ့ဖောက်သည်တွေကိုလည်း အကောင်းဆုံး ကုန်ပစ္စည်းတွေ ပေးသွင်းနိုင်အောင် သူဟာ
ပြန်ကြိုးစားပါလေသည် ဒီလိုနဲ့သုံးလ လေးလ အကြာမှာတော့ သူ့စီးပွားရေးများသည် တဖြေးဖြေး ပြန်လည်
လည်ပတ်လာနိုင်ခဲ့ပါလေသည်ကြွေးနွံထဲကနေ ပြန်ရုန်းထွက်လာနိုင်စ ပြုပါလေသည်
တစ်နှစ်တိတိပြည့်တဲ့အချိန်မှာပါဘဲ အဖိုးအိုနဲ့ ကတိရှိထားတဲ့အတိုင်း သူဟာ
ငွေမထုတ်ရသေးတဲ့ ချက်လက်မှတ်ကို ကိုင်ပြီး ပန်းခြံထဲကို သူဟာ ထွက်လာခဲ့လိုက်ပါတော့သည်
လူငယ်လေးသည်ပန်းခြံထဲရောက်တဲ့အခါ ယခင် သူထိုင်ခဲ့တဲ့ ထိုင်ခုံလေးမှာထိုင်ပြီး အဖိုးအိုကို သူစောင့်
နေခဲ့ပါလေ၏ မကြာခင်မှာ မနှစ်က သူ့ကို ချက်လက်မှတ်လေး ပေးခဲ့တဲ့ သူဌေးကြီးဟာ
သူ့အနားကို ရောက်လာပါလေတော့၏ သူဟာ သူဌေးကြီးကို မြင်လိုက်တဲ့အခါ ဝမ်းသာအားရ
နှုတ်ဆက်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ချက်လက်မှတ်ကို ထုတ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ
သူနာပြုဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်က အပြေးလေးရောက်လာကာ အဖိုးအိုရဲ့
လက်တစ်ဖက်ကို တွဲလိုက်ပါလေ၏အမလေး အဖိုးရယ် ပျောက်သွားလို့ ရှာလိုက်ရတာ
နှံ့နေတာဘဲနော် တော်ပါသေးရဲ့ ပြန်တွေ့တာကိုလို့ ပြောလိုက်ပြီးနောက် သူနာပြုဟာသူ
ဘက်ကို လှည့်လာပြီးအော်ဒါနဲ့ဒီအဖိုးက ရှင့်ကို တစ်ခုခုများ နှောက်ယှက်မိသေးလား မသိဘူးနော
ဒီအဖိုးကလေ အဲဒီလို အိမ်ကနေ မကြာခဏ ထွက်ထွက်သွားတတ်လို့ပါနော် ပြီးတော့လည်း တွေ့တဲ့သူ
တိုင်းကို သူ့ကိုယ်သူ သူဌေးကြီး ရော့ကဖဲလား လို့ အမြဲပြောတတ်ပါတယ်နော်ရှင့်ကို နောက
်ယှက်မိတယ်ဆိုရင် ဆောရီးပါနော်တောင်ပန်ပါရစေလို့ ပြောလိုက်ပြီးနောက် အဖိုးအိုကို တွဲခေါ်ကာ သူ့ရှေ့
ကနေ ထွက်သွားပါလေ၏
Author : @ladyrose
Photos credit; Google Image.
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
you always have great content
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit