လူတိုင်းဟာ အချစ်နဲ့တွေ့ကြရမှုာပါ။ ဘ၀မှာ ပထမဆုံးသော အချစ်နဲ့ဆုံတွေ့ခဲ့ကြမှာပါ။ အချစ်ဦး ရည်းစားဦးပေါ့။ အချစ်နဲ့ ပက်သက်လာ လျှင် လူတွေဟာ မျက်စိကန်း နားပန်းဖြစ်ကြတယ်။ အချစ်နဲ့ ဆုံတွေ့ချိန် အရာရာဟာ ချိုမြိန်နေတတ်ပါတယ်။ အချစ်ဟာ ခါးတယ် ဆိုတာ သတိမထားမိတော့တာပါ။ လူတိုင်းအချစ်နဲ့ မကင်းနိုင်တာသိပါတယ် ။
Image source: https://www.improvutopia.com/2017/10/07/for-the-love-of-improv/
ချစ်တော့ချစ်ပါ။ ချစ်တတ်ဖို့လိုပါတယ်။
အချစ်ဆိုတာ ဘ၀ရဲ့ အရာရာဆိုတဲ့ယူဆချက်ဟာ မှားတယ်လို့ ထင်ပါတယ်။ အချစ်ကို သာမြင်ပြီး ပတ်ဝန်းကျင်ကို မမြင်နိုင်တာ တကယ့်မျက်ကန်းကြီး နဲ့တူပါတယ်။ ဆယ်ကျော်သက်ကလေးတော်တော်များများဟာ အချစ်အတွက် အချိန်တွေကုန် နေကြပါတယ်။
တစ်ခုပဲပြောချင်ပါတယ် ချစ်ကြပါ ချစ်တတ်အောင်ချစ်ပါလို့။ အချစ်အတွက်ပဲအချိန်ကုန်မနေဘဲ ဘ၀အတွက်ပြင်ဆင်ကြပါလို့ ပြောချင်ပါတယ်။