ငါးကြင်းဆီပြန်ဟင်းလေးနဲ့ တွဲသောက်ဖို့ ပဲနီလေး ဟင်းချိုပါ။ ရိုးရှင်းပေမယ့် ဘယ်ချိန် သောက်သောက် မရိုးနိုင်တဲ့ ပဲနီလေး ဟင်းချိုလေးပါ။ ပဲနီလေး အပြင် ဟင်းချိုထဲကို အာလူး၊ မုန်လာဥနီ၊ ပဲကြာဇံ တို့အစုံအလင် ပါဝင်တာမို့ အရသာ ပိုတောင် ကောင်းပါသေးတယ်။ အချိန်တိုတွင်းမှာပဲ အလွယ်တကူ ချက်ပြုတ်နည်းနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ပဲနီလေး – ထုပ် တ၀က်
မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)
အာလူး – ၂လုံး (အခွံနွှာပြီ အတုံးသေးများ တုံးပါ)
ပဲကြာဇံ – ထုပ်တ၀က် (ရေနွေးဖျော်ထားပါ)
ကြက်သွန်နီ – ၂ခု (ပါးပါးလှီးပါ)
ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၁ဇွန်းစာ
ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ
ကလဝေရွက် – ၁ရွက်
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ခနောကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့် တို့ကို ဆီသပ်ပေးပါ။
၂။ ပြီမှ ရေ(ရခွက်) ကိုထည့်၍ ပွက်ပွက်ဆူအောင် တည်ထားပေးပါ။
၃။ ဆူလာလျှင် (ပဲနီလေး၊ အာလူး၊ ကြက်သွန်နီ၊ မုန်လာဥနီ) တို့ကို ထည့်ပြီ အဖုံးအုပ်ကာ ပဲနီလေး ပြဲသည်အထိ တည်ထားပါ
။၎။ ပဲနီလေး ပြဲပြီဆိုလျှင် ပဲကြာဇံ၊ ကလဝေရွက်တို့ကို ထည့်ပေးပါ။
၅။ အရသာအတွက် (ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ပေးပါ။
၆။ အရသာ အနေတော်မှ အပေါ်မှ ကြက်သွန်နီကြော်များ ဖြူးကာ သုံးဆောင်နိုင်ပါပြီ…
ပဲနီလေး၏ ကျန်းမာရေးစွမ်းပကား
BY: GOOD HEALTH
ပဲနီလေးဟာ ပရိုတင်းဓာတ်နဲ့ ပေါင်းစပ် ကာဗိုဟိုက်ဒရိတ်တို့ ရောထားတဲ့ အပြစ်ကင်းစင်တဲ့ အစားအသောက် ဖြစ်ပါတယ်။ ပဲနီလေးက မြန်မြန် ကျက်လွယ်တာကြောင့် ဟင်းချို၊ စွပ်ပြုတ်နဲ့ အသုပ်အဖြစ် ပြုလုပ် စားသုံးနိုင်ပါတယ်။ ပဲနီလေးရဲ့ ကျန်းမာရေး အာနိသင်ကတော့ ပျော်ဝင်တဲ့ အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းပေး နိုင်ပါတယ်။ ပဲနီလေး ချက်ပြီးသား တစ်ခွက်စာ ပမာဏမှာ အမျှင်ဓာတ် ၁၆ ဂရမ် ပါဝင်ပါတယ်။ ပဲနီလေးမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓာတ်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ပဲနီလေးမှာ ပရိုတင်းဓာတ်များစွာ ပါဝင်တာကြောင့် ဗိုက်ပြည့်စေကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ပဲနီလေးချက်ပြီးသား တစ်ခွက်စာမှာ ပရိုတင်းဓာတ် ၁၈ ဂရမ် ပါဝင်နေပါတယ်။ လတ်တလော လေ့လာမှုတစ်ရပ်အရ အစာစားတိုင်း ပဲနီလေး ဒါမှမဟုတ် ပဲအမျိုးမျိုးကို တစ်ပတ်မှာ နှစ်ကြိမ်လောက် ပါဝင်အောင် ထည့်စားသူတွေဟာ တစ်လမှာ တစ်ကြိမ်အောက်သာ စားသူတွေနဲ့ နှိုင်းယှဉ်ပါက ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။ ပဲနီလေးဟာ ဗီတာမင်ဘီဓာတ်လည်း ပေါများစွာ ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့ အမိုင်နိုအက်စစ် ဟိုမိုစစ်စတင်း ပမာဏကို လျော့ကျစေပါတယ်။ ဟိုမိုစစ်စတင်း ပမာဏများတာဟာ နှလုံးရောဂါနဲ့ ကြောင်းကျိုး ဆင်ခြင်နိုင်စွမ်း လျော့နည်းတဲ့ အခြေအနေ ဖြစ်နိုင်ခြေကို မြင့်မားစေတာကြောင့် ဟိုမိုစစ်စတင်းပမာဏ လျော့နည်းအောင် ပဲနီလေးကို စားသင့်ပါတယ်။ ပဲနီလေးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ သင့်ကို အူလှုပ်ရှားမှု ကောင်းမွန်ပြီး ဝမ်းမှန်အောင် ထိန်းပေးထားနိုင်ပါတယ်။
Congratulations @tintinmyint30! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit