ဘဝကိုစိန်ခေါ်လိုက်ခြင်း
နူးညံ့မလိုနဲ့ ကြမ်းတမ်းလာတဲ့ဘဝ ခါးသက်သက်နဲ့ပေါ့
လူတိုင်းလဲ ဘဝကိုရင်ဆိုင်နေကျတာပဲလေ အခက်အခဲ
ချင်းမတူပေမဲ့ ရုန်းကန်နေကျတာကြီးပါ ဆင်းရဲတာချမ်း
သာတာကွာလဲ သူ့အတိုင်းအတာနဲ့သူ ဘဝကို လျှောက်
လှမ်းနေရတာပါ ကျွန်နော်လဲအစကတော့ဘဝကချိုမလို
နဲ့ တဖြည်းဖြည်းခါးသက်သက်ဖြစ်လာတယ် ချိုတလှည့်ခါး
တလှည့်ပေါ့ အခုဆို အထင်သေးတဲ့သူက ကျွန်နော်အချစ်
ဆုံးချစ်သူဖြစ်နေတော့ ပိုပြီးခါးတာပေါ့ဗျာ လူတယောက်
ကိုအထင်သေးမယ်ဆိုရင် သူ့ရဲ့ အနေအထိုင်အပြုအမူ အ
ပြောအဆိုကို လေ့လာရမယ်ထင်ပါတယ် အနေအထိုင်
ယောကျာင်္းပီသလား ခုခေတ်လူငယ်တွေတော်တော်များက
တော့ အနောက်တိုင်းကိုလိုက် ဆံပင်အရောင်တွေဆိုး နား
တွေ အပြည့်အပေါက်တွေဖောက် ဖယိုဖယဲအဝတ်အစားနဲ့
စတိုင်စ်တွေထုတ် ဒါကို တချို့မိန်းကလေးတွေက အဟုတ်
မှတ် ပေါ့ပေါ့လေးနဲ့နေနေကျတာ လက်ခံလို့ရတယ် ဘဝဆို
တဲ့ တိုက်ပွဲလက်တွဲတဲ့အခါကျမှ ဒီစတိုင်တွေက ရှေ့ကနေ
ကပြမှာမဟုတ်ဘူးနော်😁😁 ရလာလိမ့်မယ် နောင်တ
ဘဝဆိုတာ တွေးကြည့်သလောက်မလွယ်ပါဘူး ကိုယ်တိုင်
ဖြတ်သန်းမှကြုံမှ လူတော်တော်များများက အော်ဘဝဘဝနဲ့
ညည်းတွားလာကြတာ ဟူးးးသက်ပျင်းတောင်ချမိပါအုံးမယ်။
အပြောအဆို ဝင့်ကြွားလေလုံးထွားနေတာအဟုတ်မှတ်
လို့ကတော့ ကလေး သုံးလေးယောက်ကတော့သေချာပေါက်
အဖတ်တင်လိမ့်မယ်😁😁 ဒီလိုဆိုရင်တော့ ဘဝဆိုတာကြီး
က ပိုကြီးလာပီပေါ့ ပြောမိပီဆို ချင့်ချိန်ပါ စဉ်းစားပါ ဖြစ်အောင်
လုပ်ပါ ဖြစ်နိုင်မယ်ထင်မှပြောပါ စဉ်းစားကတည်းက အဆိုးရော
ထဲ့တွေးပါ အဆိုးနဲ့အကောင်းက အမြဲတွဲနေတယ်လေ အကောင်း
ကြီးပဲတွေးပီး ပြောလိုက်လို့ဖြစ်မလာရင် ဂွမ်းပီပေါ့ 😁😁။
ခုကျွန်တော်ကတော့ ဘဝကိုစိန်ခေါ်လိုက်ပီဗျာ နူးညံ့တဲ့ဘဝ
ကိုခဏတာလေးဖြတ်သန်းခဲ့ဖူးတယ် ကြမ်းတမ်းတဲ့ဘဝဖြတ်သန်း
လိုက်ရတာ 8နှစ်ရှိပီး အစကေတော့ အေးအေးဆေးဆေးပဲ ခုမရ
တော့ဘူးဗျ ကျွန်တော် မိန်းမယူမယ်လို့ဆုံဖြတ်လိုက်လို့😁😁
ကျွန်နော့ချစ်သူက ဆင်းဆင်းရဲရဲမနေချင်ဘူးတဲ့ ဟုတ်မှာပဲလေဗျာ
သူတို့ကချမ်းသာတာကိုဗျ မိဘတွေနဲ့နေတာကိုး ကျွန်နော်ကတော့
မိဘတော့ရှိပါတယ် ငယ်ငယ်ကတည်းကကွဲနေကျတာဆိုတော့
တကောင်ကြွက်နေနေတာပေါ့ဗျာ ကဲ အခုတော့ လွယ်လွယ်လေး
နဲ့ နေလို့မရတော့ဘူး ငွေဆိုတဲ့အရာကို မိတ်ဆွေဖွဲ့တော့မယ် သူ
ကအရေးကြီးဆုံးမိတ်ဆွေပေါ့😁 ဘယ်အတိုင်းအတာထိ ရှာနိုင်
မလဲ ဖြစ်နိုင်မလဲ ဘယ်လောက်ကြမ်းကြမ်းတမ်းတမ်းလျှောက်ရမ
လဲ စဉ်းစားတွေးတောပီး ဘဝကိုစိန်ခေါ်လိုက်ပါတယ်ဗျာ။
လိုချင်တဲ့အတိုင်းအတာအထိ ကြိုးစားရအောင်လုပ်မယ်
ဖြစ်အောင်လုပ်မယ် တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်
ရမည်တဲ့ သူငယ်ချင်းမိတ်ဆွေညီအကိုမောင်နှမတွေလဲ ဘဝကို
အကောင်းဆုံးဖြတ်သန်းနိုင်ကျပါစေဗျာ ကျွန်တော်chitmgmg
မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
HFS-35 ![image](https://img.esteem.ws/vpwlnte5b5.jpg)2
good post လေးပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရုန်းကန်နေရတာကိုက ဘဝရဲ့အနှစ်သာရပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်ပါစေ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good ဒေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post.
@shwebote
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit