#အရှင်ပေါဋ္ဌိလအတွက်_၇နှစ်အရွယ်သာမဏေရဲ့ကမဋ္ဌာန်း
မြတ်စွာဘုရားလက်ထက်က အရှင်ပေါဋ္ဌိလ
မည်သော မထေရ်ကြီးတစ်ပါးရှိ၏ ။ ၄င်းမထေရ်
သည် ဝိပဿီအစရှိသော ရှေးဘုရား ၆ ဆူတို၏
လက်ထက်ကတည်းကလဲ ရဟန်းပြုလျက် ပိဋ
ကတ် ၃ - ပုံဆောင်၍ ကျမ်းဂန်ကိုသင်ကြားပို့ချခဲ့
ဘူး၏ ။ ယခု ဘုရားလက်ထက်မှာလဲ ကျမ်းဂန်ကို
သာပို့ချလျက်နေ၏ ၊ ဘာဝနာကိုကား အားမထုတ်
ချေ ။ ထို့ကြောင့်သတိရစေရန် ၄င်းမထေရ်ကြီးကို
တွေ့မြင်တော်မူတိုင်း မြတ်စွာဘုရားက #တုစ္ဆပေါဋ္ဌိလ - အချည်းအနှီး ပေါဋ္ဌိလ , အလ
ကားပေါဋ္ဌိလဟု ခေါ်ဝေါ်ပြောဆိုတော်မူ၏ ။ ထိုအ
ခါ အရှင်ပေါဋ္ဌိလမှာ သံဝေဂရလေ၏ ။ ငါသည်
အဋ္ဌကထာနှင့်တကွ ပိဋကတ် ၃ - ပုံကိုဆောင်၍
ရဟန်းငါးရာတို့အား မပြတ်ပို့ချ၏ ၊ သို့ဖြစ်ပါလျက်
ငါ့ကို အလကားပေါဋ္ဌိလဟု မြတ်စွာဘုရားက မိန့်
ဆိုချေသေး၏ ။ ငါ့မှာ ဈာန် ဝိပဿနာ မဂ် ဖိုလ်
တရားထူးများ မရှိခြင်းကြောင့် ဤသို့ဆိုသည်ဖြစ်
ရာ၏ ဟု သံဝေဂ ရပြီးလျှင် တရားအားထုတ်ရန်
ယူဇနာ ၁၂၀ - ဝေးသောအရပ်သို့ ထွက်သွားလေ
၏ ။ ရဟန္တာဖြစ်ပြီးသော ရဟန်း ၃၀ တို့၏နေရာ
တောကျောင်းသို့ရောက်လေလျှင် အကြီးဆုံးမထေရ်
၏ထံ၌ ကမဋ္ဌာန်းတောင်းလေ၏ ။ ထိုအခါပရိယတ်
မာန် ခုခံနေမည်ကိုမြင်သောကြောင့် သံဃာ့မထေရ်
ကြီးက ကိုယ်တိုင်ကမဋ္ဌာန်းမပေးပဲ ဒုတိယမထေရ်
ထံသို့လွှဲလိုက်၏ ။ ထိုမထေရ်ကလဲ တတိယမ-
ထေရ်ထံသို့လွှဲလိုက်ပြန်၏ ။ ဤသို့သောနည်းဖြင့်
အဆင့်ဆင့်လွှဲလိုက်ရာ နောက်ဆုံး၌ ( ၇ ) နှစ်အ
ရွယ် ရဟန္တာ သာမဏေငယ်ထံ ရောက်သွားလေ
၏ ။
#ချီးမွမ်းကြည်ညိုဖွယ် ။ ။ ထိုအခါ၌ အရှင်ပေါ
ဋ္ဌိလမှာ ပရိယတ်-
မာန် အလျှင်းပင်မရှိပြီဖြစ်၍ သာမဏေငယ်၏ ထံ
၌ ရိုသေစွာ ကမဋ္ဌာန်းတောင်းလေ၏ ။ *
ပိဋကတ်သုံးပုံဆောင် စာချဆရာတော်
ကြီးဖြစ်ပါလျကိ " ငါ တတ်သိနားလည်သည့် အ
တိုင်းသာ အားထုတ်တော့မည် , သူတပါးထံ၌
အောက်မကြို့တော့ပါ " ဟူ၍ သဘောမထားပဲ
ဤမျှလောက် တရား၌ ရိုသေသည်မှာ ချီးမွမ်း
ဖွယ်ကောင်းပါပေစွ ! အလွန်ရိုးဖြေင့်၍ နိဝါတ နိ-
မာန ဂုဏ်နှင့်ပြည့်စုံတော်မူပါပေစွ ! ကြည်ညို
ဖွယ်ကောင်းပါပေစွ ! ။
ထိုအခါ သာမဏေငယ်က " အို အရှင်
ဘုရား ! တပည့်တော်က ငယ်လဲ ငယ်ပါသေး
တယ် , သုတလဲ နည်းပါသေးသည် , အရှင်ဘုရား
တို့ထံမှ သင်ယူဘို့သာရှိပါငည် " ဟု ပြော၍ ငြင်း
ပယ်သော်လဲ အရှင်ပေါဋ္ဌိလက ထပ်မံ၍ တောင်း
ပန်ပြန်သောကြောင့် ဆုံးမသည့်အတိုင်းလိုက်နာ
လျှင် ကမ္မဋ္ဌာန်းပေးပါမည် " ဟု သာမဏေငယ်က
ဆို၏ ။ လိုက်နာပါမည် မီးထဲသို့ဆင်းရပါမည်ဟု
ဆိုလျှင်လဲ ဆင်းပါမည် " ဟု မထေရ်ကြီးက ဝန်ခံ
လေသည် ။ သာမဏေငယ်က စုံစမ်းလို၍ " ဤသို့
ဖြစ်လျှင် ဟိုရေအိုင်ထဲသို့ ဆင်းလိုက်ပါ " ဟုအနီး
ရှိရေအိုင်သို့ ဆင်းစေ၏ ။ မထေရ်ကြီးသည် အဘိုး
တနသင်္ကန်းများကို ဝတ်ရုံမြဲအတိုင်းပင် တခွန်း
တည်းသောစကားဖြင့် ဆင်းသွားလေ၏ ။ သင်္ကန်း
စွန်း၌ အနည်းငယ် ရေစိုသောအခါ ပြန်ကြွခဲ့ပါဟု
ဆိုလေလျှင် တခွန်းတည်းသော စကားဖြင့်ပင် ပြန်
တက်၍လာလေ၏ ။ ထိုအခါသာမဏေငယ်က
အောက်ပါအတိုင်း ကမဋ္ဌာန်းပေးလေ၏ ။
အရှင်ဘုရား ! တောင်ပို့တခုမှာ အပေါက်
၆ - ခုရှိပါသည် ၊ ထိုတောင်ပို့၌ ဝင် ထွက်နေသော
ဖွတ်ကိုဖမ်းလိုလျှင် အပေါက် ၅ - ခုကိုပိတ်ရမည် ၊
ကျန်သော အပေါက်တစ်ခု၌ စောင့်၍ဖမ်းရပါသည်
ဤ နည်းတူပင် ဒွါရ ၆ - ပါး၌ အာရုံ ၆ - ပါးထင်
လျှင် ဒွါရ ၅ - ခုကိုပိတ်၍ #မနောဒွါရတစ်ခုတည်း
၌သာ အလုပ်ကို လုပ်ပါလေဟု ကမဋ္ဌာန်းပေးလေ
၏ ။ ဤ ကမဋ္ဌာန်း၌ ဒွါရ ၅ - ပါးကို ပိတ်ရမည်ဟု
ဆိုသည်မှာ ယင်းဒွါရတို့၌ " #ဇောကင်းဆိတ်စေရမည် " ဟုဆိုလို၏ ။ မမြင်
အောင် မကြားအောင်ပိတ်ရမည်ဟုကား မဆိုလို
ထိုသို့ ပိတ်ဆို့ရန်လဲ မဖြစ်နိုင် ။ ဇိဝှါ ကာယတို့၌
ပိတ်၍ မဖြစ်နိုင်သည်ကို သတိပြုပါ ။ ပိတ်၍ ဖြစ်
စေနိုင်ကာမူ ထိုသို့သောပိတ်မှုမျိုးဖြင့် အကျိုးမရှိ
ဖြင်းကြောင့် ဥပရိပဏ် ( ၃၄၈ ) ဣန္ဒြိယဘာဝနာ
သုတ်၌ မြတ်စွာဘုရားက ပယ်မြစ်တော်မူလေပြီ ၊
ဧဝံ သန္တေ ခေါ ဥတ္တရ အန္တော ဘဝိတိန္ဒြိယော
ဘဝိဿတိ ၊ ဗဓိရော ဘာဝိတိန္ဒြိယော ဘဝိဿတိ
ယထာ ပါရာသိဝိယသ ဗြဟ္မဏဿ ဝစနံ၊ အန္တော
ဟိ ဥတ္တရ စက္ခုနာ ရူပံ န ပဿတိ ၊ ဗဓိရော
သောတေန သဒ္ဒံ န သုဏာတိ = အို ဥတ္တရ ! အ
ဆင်းကို မျက်စိဖြင့် မကြည့် မမြင်ခြင်းစသည်ကို
ဣန္ဒြိယဘာဝနာဟု ဆိုသော သင့်ဆရာ ပါရာသိ
ဝိယပုံဏား၏ စကားအတိုင်းဆိုလျှင် မျက်စိကွယ်
သောသူသည် ဣနြေ္ဒကို ပွါးစေပြီးဖြစ်လိမ့်မည် ။
နားပင်းသောသူသည် ဣနြေ္ဒကို ပွါးသေပြီးဖြစ်လိမ့်
မည် ။ အို ဥတ္တရ ! အကြောင်းပြရလျှင် မျက်စိ
ကွယ်သောသူသည် မျက်စိဖြင့် အဆင်းကိုမမြင်
နားပင်းသောသူသည် နားဖြင့်အသံကို မကြား
သောကြောင့်ပေတည်း ။ ( ပါဠိနှင့် မြန်မာပြန် )
ထို့ပြင် ------ ဤဣန္ဒြိယဘာဝနာ သတ်၌၄င်း ၊ အ
ခြားသော ဝိပဿနာဆိုင်ရာ သုတ်တို့၌၄င်း ၊
စက္ခုနာ ရူပံ ဒိသွာ , သောတေန သဒ္ဒံ သုတွာ
စသည်ဖြင့် အာရုံ ၆ - ပါးကို အလျှင်းမသိမူ၍
စောင့်ရှောင့်ပုံကိုကား မပြချေ ။ သို့ဖြစ်၍ ကျမ်းဂန်
အလုံးစုံတို့နှင့် အညီ ပဉ္စဒွါရ တို့၌ ဇော ဆိတ်စေ
ခြင်းကိုပင် ၄င်းဒွါရတို့ကို ပိတ်ခြင်းဟူ၍ #နိဿသယ မှတ်ပါကုန် ။ မနောဒွါရ၌သာ အလုပ်
ကိုလုပ်ပါဟု တိုသည်မှာ " ၄င်းဒွါရ၌သာလျှင် ရှု
မှတ်မှု ဝိပဿနာ ဇော ဖြစ်ပါစေ " ဟု ဆိုလို၏
အတိုချုပ်အားဖြင့်ကား #ဆဠင်္ဂုပေက္ခာ အဖြစ်သို့
ရောက်အောင် အားထုတ်ပါလေဟု ဆိုလိုသည် ။
ထိုအခါ အရှင်ပေါဋ္ဌိလသည် အဋ္ဌကထာ
နှင့်တကွ ပိဋကတ် ၃ - ပုံဆောင်ပုဂ္ဂိုလ်ဖြစ်သည့်
အားလျော်စွာ ဤမျှလောက် ကမ္မဋ္ဌာန်းနည်းကို
ကြားရလျှင် မှောင်ထဲ၌ မီးထွန်းလိုက်သကဲ့သို့
ထင်ရှားစွာ နားလည်လေ၏ ။ ထိုနည်း အတိုင်း
အားထုတ်နေသော အခါမှာ မြတ်စွာဘုရားက ယူ
ဇနာ ၁၂၀ - ဝေးသောအရပ်မှ ရောင်ခြည်တော်
လွှတ်လျက် ကိုယ်တော်ကို ထင်ရှားပြတော်မူပြီး
လျှင် အောက်ပါဂါထာကို ဟောကြားလျက် အား
ပေးတော်မူလေ၏ ။
ယောဂါ ဝေ ဇာယတေ ဘူရီ ၊ အ - ယော
ဂါ ဘူရိသင်္ခယော ။ ဧတံ ဒွေဓာပထံ ဥ တွာ ၊ ဘဝါ
ယ ဝိဘဝါယ စ ။ တထာ နံ နိဝိသေယျ ၊ ယထာ
ဘူရီ ပ ဝဍ္ဎတိ ။ ( ဓမ္မပဒ ၊ ၂၈၂ )
#မြန်မာပြန် ။ ။ ဘာဝနာကို အားထုတ်ခြင်း
ကြောင့် ပညာသည် ဧကန်ဖြစ်၏ ။ ဘာဝနာကို
အားမထုတ်ခြင်းကြောင့် ပညာ၏ပျက်စီးခြင်းသည်
ဖြစ်၏ ။ ကြီးပွါးခြင်းငှါ ၄င်း ပျက်စီးခြင်းငှါ ၄င်း ဖြစ်
သော အားထုတ်ခြင်း အားမထုတ်ခြင်းဟူသော
ဤလမ်း ၂ - သွယ်ကို သိနားလည်၍ အကြင်အ
ခြင်းအရာဖြင့် မိမိကိုယ်ကို ချထားလိုက်လျှင်
ဝိပဿနာပညာ , မဂ်ပညာသည် တိုးပွါး၏ ။ ထိုအ
ခြင်းအရာဖြင့် မိမိကိုယ်ကို ချထားရာ၏ ။
ဤဂါထာ၏ အဆုံး၌ အရှင်ပေါဋ္ဌိလ
ရဟန္တာဖြစ်သည်ဟု ဓမ္မပဒအဋ္ဌကထာ၌ ဆို၏ ။
ဤသည်ကား မြင်ဆဲ၌ မြင်တယ်ဟု မှတ်
သောသူအား ဉာဏ်အထူးရင့်သန်လတ်သော် ဝိပဿနာရှုဆဲမှာပင် ဆဠင်္ဂုပေက္ခာ တိုင်အောင်
ရောက်လျက် ကိလေသာကွာငြိမ်းမှု ထင်ရှားပုံ
တည်း ။ ကြားဆဲခဏ စသည်တို့၌လည်း " ကြား
တယ် ကြားတယ် " စသည်ဖြင့် မှတ်၍ တရားတ
ခုခုကို ပဓာနပြုလျက် သိပုံမှစ၍ ဆဠင်္ဂုပေက္ခာဖြစ်
ပုံတိုင်အောင် အဓိပ္ပါယ် အကျယ်ကို ဤမြင်ဆဲ
ခဏ နည်းတူပင် သိအပ်၏ ။
ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်
သြဝါဒစရိယ ကျေးဇူးတော်ရှင် မဟာစည်ဆရာ
တော်ဘုရားကြီး၏
ဝိပဿနာရှုနည်းကျမ်း ( ပထမတွဲ နှာ - ၃၂၂ ,
၃၂၃ , ၃၂၄ , ၃၂၅ ,၃၂၆ , ၃၂၇ ) တို့မှ ထုတ်ယူ
ပူဇော်ပါသည်