သိကြားမင်းသည်
လက်တစ်ဖက်က ဓာတ်ဆီပုံးနှင့်
နောက်တစ်ဖက်က
အရူးလက်မှတ်ကိုင်ကာ
လူ့ပြည်သို့ ဆင်းလတ္တံ့…
နေ့ကို လစောင့်၏။
လကုန်ရက်ကို ဝန်ထမ်းတွေစောင့်၏…
နဂါးကို စံလင်းစောင့်၏…
သွားတိုက်တံကို GFatt စောင့်၏…
အင်စတာဂရမ်ကို
ဗျူးတီးဘလော့ဂါ စောင့်၏…
ဗုတ်တင် ဖုန်းဘေကို
မြန်မာအိုင်ဒယ် စောင့်၏…
၃၄ သိန်းတန်ကို တရုတ်စောင့်၏…
ဆည်းလည်းရှိုက်သံကို
နေးထစ်စဖီခါ ဆောင့်၏…
ယခုနှစ်၌ကား
ငုံးဥပြုတ်နှင့် ဖရဲသီးစိတ်တို့ကိုကျော်လွန်၍
မိုက်ကယ်ရေခဲချောင်း နာမည်ကျော်လတ္တံ့…
ထမင်းဝအောင် စားထား
ဆိုသောကြောင့်
ကြက်သွန်နီဥများ ဈေးတက်လတ္တံ့…
ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်
ဆိုသောကြောင့်
အငြိမ်မနေလိုသော ကျောင်းသားများ
လမ်းပေါ်တက်လတ္တံ့…