အခုတစ်လော ငယ်စဉ်ဘဝက အကြောင်းအရာများကို ပြန်သတိရမိနေတက်ပါတယ်။ အထူးသဖြင့် ငယ်ငယ်တုန်းက ကစားခဲ့ကျတဲ့ ကစားနည်းလေးတွေ အကြောင်းပါ။ ယခုခေတ်ကလေးသူငယ်များနဲ့ ကျွန်မတို့ ခေတ်ကလေးသူငယ်များမှာ အကွာခြားကြီးကွာခြင်းသွားသည်ကို လူတိုင်း သတိပြုမိကျပါလိမ့်မယ်။ ယခုခေတ်ကလေးများသည် မူလတန်းအရွယ်မှာပင် လူကြီးစိတ်ဝင်ကာ ခုန်ပျံကျော်လွှား မကစားတော့ပေ။ ကွန်ပျူတာတို့ ဖုန်းတို့သည်ပင် သူတို့ ရဲ့ ကစားစရာပါ။ စော့ကစားရန် အဖော်မရှာ။ ဖုန်းတစ်လုံးနဲ့ ငြိမ်နေတက်ပါတယ်။ ကာတွန်းစာအုပ်ဖတ်နေသော ကလေးသူငယ်များကို တွေ့ရဖို့ အလွန်ရှားသွားပါပြီ။ ဆယ်ကျော်သက်များပင်လျှင် စာရေးဆရာကြီးများကို မေးလျှင် မသိပါဟုဖြေကျတာများပါတယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကျမည့် ကလေးသူငယ်များသည် ယခုအချိန်ကပင် အသင်းအဖွဲ့နှင့် နေကျင့် မရှိကျသောအခါ ခေတ်ရေစီကြောင်းကိုဘဲ အပြစ်မြင်ရမည်လား မခွဲခြားနိုင်ပါ။
ကျွန်တော်တို့ ခေတ်က အလယ်တန်းအထိ ခုန်ပျံကျော်လွှား ကစားကျတုန်းပါ။ ထုတ်စည်းထိုးမလား ဖန်ခုန်တမ်းကစားမလား ကြက်ဖခွပ်မလား ဇယ်တောက်မလား တူတူပုန်းမလား။ ကစားနည်းတွေကလည်း စုံလင်လှပါသည်။ ကစားနည်း အားလုံးသည်လည်း အုပ်စုဖွဲ့ ကစားနည်းပုံစံများ များပါသည်။ အသင်းအဖွဲ့နှင့် တက်ညီလက်ညီ ကစားနိုင်မှသာ မိမိပါသည့် အသင်းသည် အောင်မြင်မှုရနိုင်ပါတယ်။ အသင်းသားအချင်းချင်း ယုံကြည်မှုစည်းလုံးမှုသည် ထိုကစားနည်းများ၏ ရေသောက်မြစ်ဖြစ်ပါသည်။
ထုတ်စည်းထိုးကစားနည်းဆိုစို့။ ဒီကစားနည်းဟာ အုပ်စု ၂စု ယှဉ်ပြိုင် ကစားနိုင်ပါတယ်။ အသင်းတစ်သင်းမှာ ၆ဦးဆီ အနည်းဆုံး ကစားနိုင်ပါတယ်။ ခေါင်သူကြီးရယ် အသင်းသားတွေရယ် ဖွဲ့စည်းထားတဲ့ ကစားနည်းလေးပါ။ ကျွန်မနဲ့သက်တူရွယ်တူလောက်တွေကတော့ လူတိုင်းနီးပါး ကစားဖူးကျပါလိမ့်မယ်။ တဖက်အသင်းကို ချောင်ပိတ်ဖမ်းသောနည်း ခေါင်သူကြီး၏ ဖျက်ထိုးဥာဏ် အသင်းသားများ၏ စည်းလုံးခြင်းနဲ့ လျှင်မြန်ဖြတ်လက်မှုတို့ကို အခြေခံထားတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။ ခေါင်သူကြီးရဲ့ ဆုံးဖြတ်မှုဟာ အင်မတန် ပါးနပ်ဖို့လိုပါတယ်။ တဖက်အသင်းကလူ ဘယ်သူဟာအားနည်းလည်း။ ဘယ်စည်းမှာ ပိတ်ဖမ်းမလဲ ပန်းမဝင်အောင် ဘယ်လိုခုခံမလဲ။ ဒါတွေကို ကျွမ်းကျင်ပိုင်နိုင်ရမှာက မိမိတို့ ခေါင်းဆောင်တင်ထားတဲ့ ခေါင်သူကြီးမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပါ။
မြေပေါ်စည်းအဖြစ်တားထားတဲ့ ထုံးဖြူ ဖြူပေါ်မှာ ခေါင်စည်းမှသည် နောက်ဆုံးစည်း အထိ လျှင်မြန်ဖျတ်လက်စွာလှုပ်ရှား သွားလာနေရတာ ခေါင်သူကြီးပါ။ ခေါင်သူကြီးသည် ထိပ်ဆုံးမှသည် အောက်ခြေအထိ ဆင်းကြည့်ဖို့ လိုအပ်ပါတယ်။ သို့မှသာ မိမိအသင်းရဲ့ အားနည်းချက်တွေကို ထိန်းနိုင်မှာဖြစ်ပါတယ်။ အသင်းသူအသင်းသားတွေကလည်း မိမိကျရာနေရာမှာ မိမိရဲ့စည်းကို တစ်ဖက်အသင်းကလူတွေ ဖောက်ထွက်မသွားနိုင်ဖို့ လျှင်မြန်ဖျတ်လက်စွာ ကာကွယ်တက်ရပါတယ်။ တဖက်အသင်းရဲ့ အကျီင်္စလေးဖြစ်ဖြစ် ဆံပင်စလေးဖြစ်ဖြစ် ထိမိလိုက်ပြီဆိုရင်တော့ မိမိတို့ နိုင်ပါတယ်။
နောက်ကစားနည်းတွေထဲက ကြက်ဖခွပ်တမ်းကစားတဲ့ ကစားနည်းလေးဟာ ဆိုရင်လည်း မြန်မာ့ရိုးရာ ကစားနည်းတစ်ခုဖြစ်ပါတယ်။ ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင် သူတို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံးဟေ့လို့ သံပြိုင်ရွက်ဆိုကျရင်း တဖက်အသင်းမခံချင်အောင် စနောက်လို့ ကစားရတဲ့နည်းလေးပါ။ ကြက်ဖလုပ်တဲ့ အသင်းသားကလည်း ဇွဲကြီးစွာနဲ့ အနိုင်မခံ အရှုံးမပေး နိုင်အောင်ခွက်ပါတယ်။ ကစားနေရင်း ချွေးလေးသုတ်မိရင်တောင် အရှုံးပေးလိုက်တော့လို့ ဘေးကနေ ဝိုင်းဝန်းထောပနာပြုတက်ကျပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီကစားနည်းလေးဟာ အင်မတန်ဇွဲရှိမှ ကစားနိုင်မယ်ဆိုတာ ပေါ်လွင်စေပါတယ်။ တော်ရုံဇွဲလောက်နဲ့တော့
ကျွန်တော်တို့ ငယ်ငယ်က ကစားခဲ့ကျတဲ့ ကစားနည်းလေးတွေကို တစ်ခုစီ လေ့လာကြည့်မယ်ဆိုရင် ကစားနည်းလေးတွေ တစ်ခုခြင်းဆီမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ တွေ့နိုင်ပါတယ်။ အဓိကကတော့ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ စည်းလုံးညီညွှတ်ခြင်းဟာ ပန်းတိုင်ကို တက်လှမ်းနိုင်စေတယ်ဆိုတဲ့ အသိကိုရရှိစေသလို ဇွဲရှိခြင်းနဲ့ နည်းစနစ်ကျနတဲ့ အဖွဲ့အစည်းကိုလည်း ပုံဖော်စေပါတယ်။ ထိုကစားနည်းများကို ယနေ့ခေတ်တွင် လူဖြစ်လာကျသော ကလေးသူငယ်များကိုလည်း ကစားစေချင်မိပါတယ်။ ထိုထိုသော အကြောင်းများကြောင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်တဲ့ ဒီကစားနည်းလေးတွေကို ပြန်လည်အသက်ဝင် ထွန်းတောက်လာစေရန် များစွာမျှော်လင့်နေမိပါတယ်။ တိမ်မြှပ်ပျောက်ကွယ်သွားတော့မဲ့ ခေတ်ရေစီးကြောင်းထဲမှာ ဒီကစားနည်းလေးတွေ မျှောပါမသွားစေရန် မည်သို့မည်ပုံကြိုးစားသင့်ပါသလဲလို့ မိမိကိုယ်ကို မေးခွန်းထုတ်နေမိပါတော့တယ်။ayeaye
@ayeaye