ဘယ်ကိစ္စမဆို အကောင်းဘက်က တွေးပါ ****************************

in artzone •  6 years ago 

image
photo credit

ဘယ်ကိစ္စမဆို အကောင်းဘက်က တွေးပါ


ဖတ်ကြည့်နော်…

ငါက ကံကောင်းလေ့မှ မရှိတာ။
ဒီလို ဖြစ်လာလိမ့်မယ်လို့ ထင်တော့ထင်သားပဲ။

ငါ့ကျမှပဲ ဒီလိုအဆိုးတွေ ဖြစ်ရတယ်လို့။
ငါ့လိုတော့ ဘယ်သူမှ ဖြစ်မှာမဟုတ်ဘူး။

ငါက တသက်လုံး စိတ်ညစ်နေရမယ့် ကံ ပါတယ်နဲ့
တူတယ်။
ငါ့ဘဝမှာ ပျော်နေရတဲ့အချိန်ဆိုတာ မရှိသလောက်
ပါပဲ။

လူတိုင်းလူတိုင်း အကျပ်အတည်း၊အခက်အခဲတွေ၊
ပြဿနာတွေ ရှိတာချင်း အတူတူ
ကိုယ်က ဘာလို့ အဲဒီလို အတွေးမျိုး တွေးနေမှာလဲ။

မှားယွင်းတဲ့ ကိုယ့်ရဲ့ အယူအဆကြောင့် ကိုယ့်စိတ်ကို
ဒုက္ခပေးရာ ရောက်ပါတယ်။

ဖြစ်ချိန်တန်လို့ ဖြစ်သွားတဲ့ကိစ္စတစ်ခုကို ဘယ်လို
ဖြေရှင်းရမလဲ။
မဖြေရှင်းနိုင်ရင်လည်း ဘယ်လို ကျော်ဖြတ်ရမလဲ
လို့ပဲ စဉ်းစားပါ။

ဒီပြဿနာရဲ့ ရှေ့က ပြဿနာတွေ၊
မဖြစ်သေးတဲ့ နောက် ပြဿနာတွေကိုပါ
ထည့်မတွေးပါနဲ့။

ပြဿနာသေးသေးလေးကနေ အကြီးကြီး ဖြစ်သွားပြီး
စိတ်ညစ်စရာ ကောင်းသွားပါလိမ့်မယ်။

တစ်ခါတုန်းက…
လုပ်ငန်းရှင် သူဌေးတစ်ယောက်ဟာ
စီးပွားရေးအဆင်မပြေမှုတွေ ဆက်တိုက်ကြုံတွေ့ပြီး
နေ့ချင်း ညချင်း ဆိုသလို ဆင်းရဲသွားခဲ့ပါတယ်။

သူ့ဘဝကို စိတ်ပျက်လွန်းမက စိတ်ပျက်ပြီး
ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အတွက် မနက်အစောကြီး
ထွက်လာခဲ့တယ်တဲ့။

လမ်းမှာ သူ့ကို ပြုံးရွှင်နေတဲ့ မျက်နှာထားနဲ့ လူတစ်
ယောက်က…
မင်္ဂလာနံနက်ခင်းပါ၊
ဒီနေ့ အရမ်းသာယာတာပဲနော် လို့ နှုတ်ဆက်သွားပါတယ်။

အဲဒီလောက် ပျော်ရွှင်တက်ကြွနေတဲ့ လူကို
သူကြည့်လိုက်တော့
ခြေထောက်နှစ်ဖက်လုံး မရှိတာကို တွေ့ရတယ်။

သူက သူ့ဘဝမှာ စည်းစိမ်ဥစ္စာတွေ မရှိတော့လို့
သေလောက်အောင် စိတ်ညစ်နေတဲ့အချိန်မှာ
ခြေထောက်နှစ်ဖက်စလုံး မရှိတဲ့လူက ပျော်ပျော်ရွှင်ရွှင်
နေထိုင်နိုင်နေတာကို တွေ့ရတယ်။

အဲဒါနဲ့ သူဟာ အင်အားတွေ ပြန်ပြည့်လာတယ်တဲ့။

စီးပွားရေးကို တစ်ကနေ ပြန်စတယ်။
ဒီလိုနဲ့ သူပြန်ပြီးတော့ သူဌေးဖြစ်သွားခဲ့ပါတယ်။

စိတ်ညစ်စရာ၊စိတ်ပျက်စရာတွေကို ထပ်ခါတလဲလဲ
တွေးနေတတ်တဲ့သူဟာ…
အဲဒီ စိတ်ညစ်စရာတွေနဲ့ အကျွမ်းဝင်သွားပြီး
အမြဲတမ်း
စိတ်ညစ်နေရလိမ့်မယ်။

ကိုယ့်ကိုယ်ကို ကံဆိုးတယ်လို့ ခံယူထားတဲ့
သူဟာ
ကိုယ်လက်ခံထားတဲ့ အစွဲအလမ်းကြောင့်ပဲ
အမြဲတမ်း ကံဆိုးနေရပါလိမ်မယ်။

ဒါကြောင့် ဘယ်ကိစ္စမဆို အကောင်းဘက်ကတွေးတဲ့
အလေ့အကျင့်ကို မွေးပါ။

တော်သေးတာပေါ့…
ဒီလောက်ဒုက္ခ သေးသေးလေးနဲ့ ကြုံရတာ။
ငါ့ထက် အဖြစ်ဆိုးတဲ့သူတွေ အများကြီးပဲ။
ငါ တော်တော် ကံကောင်းလို့…ဆိုတဲ့ အတွေးမျိုးပဲ
တွေးပါ။

ပြီးရင်လည်း မေ့ပစ်လိုက်ပါ။

စိတ်ညစ်ခြင်းကို အကြာကြီး မွေးမထားပါနဲ့။

စိတ်ပျက်စရာ အတွေးတွေကို ကိုယ့်အနားမှာ
အကြာကြီး မနေခိုင်းပါနဲ့။

မောင်းထုတ်ပစ်လိုက်ပါ။

ဒီနေ့ထက် ပိုကောင်းအောင် မနက်ဖြန်မှာ ကြိုးစားပါ။
စိတ်ညစ်စရာ အတွေးတွေကို ကြိုးစားခြင်းနဲ့
အနိုင်ယူပါ။
အကောင်းဘက်ကတွေးခြင်းနဲ့ ဖယ်ရှားပစ်ပါ။

သောကကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်
နေနိုင်အောင်
အဆိုးဘက်က တွေးခြင်းကို ရှောင်…ဆိုတဲ့

ဆောင်ပုဒ်လေးကိုတော့ မမေ့ပါနဲ့နော်…

သင်္ဘောသီးကျောက်ကျော

ပြုလုပ်ပုံလေးကလွယ်ပါတယ်

၁.အာဂါအာဂါ တံဆိပ်

၂.သကြား ၂၅ကျပ်သား

၃.နွားနို့ အုန်းနို့ ရေ ဆတူ ၁လီတာခွဲ

၎.ကျောက်ကျောမှုန့်နဲ့သကြားကို ဆတူမွှေထားပါ

၅.သဘောင်္သီးတလုံးမှည့်ကောင်းတဲ့ဟာကိုအစေ့ထုတ် အတွင်းသားလေးနည်းနည်းပါခြစ်ထုတ်ထားပေးပါ

၆.မိမိထည့်လိုသော အသီးလေးတွေပြင်ထားပါ

ရေ အုန်းနို့ နွားနို့ဆတူကိုဆူလာပြီဆို ခုနက သကြားနဲ့ကျောက်ကျောမှူန်ရောထားတာလေးထည့်ပြီး၈မိနစ်လောက်ဆက်တိုက်မွှေပေးပြီး သဘောင်္သီးခြမ်းထဲကိုထည့်ပေးပါ အသီးလေးတွေ ထည့်ပေးပါ ၅မိနစ်လောက်အပြင်မှာထားပြီးရင်ရေခဲသေတ္တာထဲထည့်လိုက်ပါကပိုကောင်းပါတယ်

မထည့်လဲရပါတယ်ရှင့့်
ပိုတဲ့ကျောက်ကျောကိုတော့ ဗန်းတခုထဲ ထ့်ပြီး လိုချင်သလို သီးစုံထည့်လို့ ရပါတယ်ရှင်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

World of Photography
>Visit the website<

You have earned 6.50 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.30
Block time: 2018-05-25T02:43:39
Account Level: 1
Total XP: 130.00/200.00
Total Photos: 20
Total comments: 0
Total contest wins: 0
And have also received a 0.40 percent upvote.

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank