The man of something.

in artzone •  6 years ago 

image
Just 0 It is important to know the truth. The meat does not elaborate, no one is without sin.
Sin means ideas "through book" tale remember.
Let's narrow that draw into the novel recalls.

Once religious persons, a group of 0 Jean Isaac (Jesus Christ) brought the oil is not a prostitute. The woman works bad because there is a sin to call these people to do just that. When Jean Kazakhstan, a religious person
"Must be punished prostitutes and throwing stones had been ordered by Moses (MOSES), What do you do," Jean said in this regard Kazakhstan 0 unfair.

Jean did not hold them up, I'm writing on the ground with his finger. Jean from Kazakhstan until they are asking these people. So, Jean rein them up yourself, "you see the innocent he was being the first woman to lead," he said.

When Jean Kazakhstan prostitutes, nobody has been another one of the lead and did not pinch you do when no one is left out.

They return to Virginia Kazakhstan, prostitutes, and other sins, Evil can not be allowed to go.

♦ Think about the sins of others established to remember the small tale to tell. This story is everyone else who had been just a little story. I received the message. -18 points for women, such as his Natmauk Lane (1) In Bahan 0 Department employees keep this direction. And then the whole day if Dana costing forty thousand. Whether dawn, If sub-afternoon meal or feed.

♦ They are a first-year-old children. The first children ages 0 wrong path of responsibility, everyone knows.

♦ Because the cycle of a relative who had not.
Whether Whether sister, Sisters, or The final was his wife or anything. often far from "0, I'm going green." All relatives alone.
If the cycle to turn a relative of their children was also good. Thanks, I sense that can be done to help them position to assist.

♦ In fact, they do not seem caught. There are various reasons behind the cover. Is no longer the people's kindness moral reparation Unlike ordinary persons are to believe. So when the other firm Doubt, dominated by resentment and frustration are going to stay.
Based on the injury 0 Game Finally and was not sure if this is the most effective way. This is a spiritual standpoint tears. Health care and care here. Together with other 0-shaped kid who seems to mind since the best. I love light.

And then fed light.
I want justice. Especially 0 Game Finally, I would like to focus. How can you sit. How come when walking in the corridor. When you get up, Newcomer When dining, the ledge when he ventured urine ....
Registration is sketchy. I want to show how to overcome obstacles.
This is not a situation where. What kind of position are to be modified to recognize the psychological 0 Game Finally, working with the best and most effective. Insight to exert effort in favor of understanding children will enter 0.

The effort will not come immediately. And over at 0. Is divided into physical and spiritual .Established to distinguish good about poor, Unpredictable, come see Brandy.

While understanding the ongoing work to solve. We will know whether true genius if 0-shaped, it can get even better still young then. The truth is very best. If so, the elders It came right pronoun may suffer.

Anyway, the point is 0 and received clearly. I received four difficult. So to 0 when the story seems to exert 0 light and have an opportunity to know the truth of anything.

The article Lanka to make a conclusion, let's go.

  1. person, Place to be It is extremely hard.
    Rarely, By nature, And is exhausted.

  2. person, To live It is extremely hard.
    With difficulty, , Main Street.

  3. Law, 5 files, It is extremely hard.
    Old lead The law, Main Street.

  4. The missionaries, To meet It is extremely hard.
    With difficulty, Islam, Have been found.

Cut into strips, about And enjoying, It is extremely hard.
Meet with difficulty, Cut into strips They meet.

Cut into strips, about The strike at meet It should be a noble path.

[Now I '(supreme Inn)]
Authoritative than - Software, The spirit is not exactly novel.
(Bishop supreme (Inn) of the thoughts and Allianz)

လူဟာ ကိုယ့်ဘ၀ကိုယ် အမှန်အတိုင်း သိသွား ဖို့ပဲ အရေးကြီးပါတယ်။ ပုထုဇဉ်ပီပီ ဘယ်သူမှအပြစ်အကင်းကြပါဘူး။
အပြစ်ဆိုလို့ "ဆရာနန္ဒာသိန်းဇံ" ရဲ့ " မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ "စာအုပ်ထဲက ပုံဝတ္ထုလေးတစ်ပုဒ်ကို သွားသတိရပါတယ်။
အဲဒီဝတ္ထုလေးထဲကို ခပ်ကျဉ်းကျဉ်းလောက် ပြန်ပြောပြရအောင်ပါ။

တစ်ခါတုန်းက ဘာသာရေးပုဂ္ဂိုလ်တွေအပါအ၀င် လူတစ်စုဟာ ဂျီးဇက် (Jesus Christ) ဆီကို ပြည့်တန်ဆာမတစ်ဦးကို ခေါ်လာကြတယ်။ အဲ့ဒီအမျိုးသမီးဟာ မကောင်းတဲ့အကျင့်ကို ပြုတဲ့အတွက်အပြစ်ရှိတယ်ဆိုပြီး ဒီလူတွေကခေါ်လာကြတာပါ။ ဂျီးဇက်ဆီရောက်တဲ့အခါကျတော့ အဲဒီဘာသာရေးပုဂ္ဂိုလ်
တွေက " ပြည့်တန်ဆာမကို ကျောက်ခဲနဲ့ ပစ်ပေါက်အပြစ်ပေးရမယ်လို့ မောရှေ (MOSES) ကအမိန့်ချခဲ့ကြောင်း၊ ဒီကိစ္စမှာ သင်ကော ဘယ်လိုအမိန့်ချမလဲ" လို့ ဂျီးဇက်ကို ၀ိုင်းမေးကြပါတယ်။

ဂျီးဇက်ဟာ သူတို့ကို မော့မကြည့်ဘဲ သူ့လက်ချောင်းနဲ့ မြေကြီးပေါ်မှာ စာရေးနေပါတယ်တဲ့။ ဂျီးဇက်ဆီကအဖြေစကားမရမချင်း ဒီလူတွေက မေးနေကြပါတယ်။ဒီတော့ ဂျီးဇက်က သူတို့ကို မော့ကြည့်ပြီးတော့ " သင်တို့အထဲက ကိုယ့်ကိုယ်ကို အပြစ်ကင်းတယ်ဆိုတဲ့သူဟာ ရှေးဦးစွာပဲ ဒီအမျိုးသမီးကို ခဲနဲ့ပေါက် "လို့ ပြောလိုက်ပါတယ်။

ဂျီးဇက် စကားကြားလိုက်တော့ ပြည့်တန်ဆာမကို ဘယ်သူမှ ခဲနဲ့မပေါက်ဖြစ်တော့ဘဲ တစ်ယောက်နောက်တစ်ယောက်လိုက်ပြီး ထွက်သွားကြလိုက်တာ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူးတဲ့။

သူတို့အားလုံးပြန်သွားမှ ဂျီးဇက် က ပြည့်တန်ဆာမကို နောက်ထပ်အပြစ်တွေ၊ မကောင်းမှု တွေ မလုပ်နဲ့လို့ဆုံးမပြီး သွားလိုရာသွားဖို့ ခွင့်ပြုလိုက်ပါတယ်။

♦ သူတစ်ပါးအပြစ်အကြောင်း စဉ်းစားမိတိုင်း ဆရာနန္ဒာသိန်းဇံ ပြောပြတဲ့ ပုံဝတ္ထုလေးကို သတိရမြဲပါ။ ဒီပုံဝတ္ထုလေးက ဂျာနယ်မှာ ပါလာကတည်းက စွဲခဲ့တဲ့ ပုံဝတ္ထုလေးပါ။ဟိုတလောလေးကပဲ သတင်းတစ်ခု ရောက်လာပါတယ်။ ၀ိမလာတို့လို အမျိုးသမီးတွေကို အမှတ်-၁၈၊နတ်မောက်လမ်းသွယ်(၁)၊ ဗဟန်းမှာရှိတဲ့ လုမှု ၀န်ထမ်းဦးစီးဌာနမှာ ပြုပြင်စောင့်ရှောက်ပေးထားတယ်တဲ့။ ဆွမ်းဒါနပြုမယ်ဆိုရင်လည်း တစ်နေ့တာလုံးမှလေးသောင်းပဲကျပါတယ်တဲ့။ ကိုယ်နိုင်ရာ အရုဏ်ပဲဖြစ်ဖြစ်၊ နေ့လယ်ဆွမ်းပဲဖြစ်ဖြစ်ခွဲကျွေးရင်လည်း ရပါတယ်တဲ့။

♦ သူတို့လေးတွေဟာ တကယ့် ပထမအရွယ်လေးတွေပါ။ ဒီပထမအရွယ်လေးတွေမှာ ဘ၀လမ်းကြောင်းမှားနေတာဟာ သိတဲ့လူတိုင်းမှာ တာဝန်ရှိပါတယ်။

♦ ဘာဖြစ်လို့လဲဆိုတော့ သံသရာမှာ ဆွေမျိုးမတော်ခဲ့သူဆိုတာ ရှိကိုမရှိပါဘူး။
အမေပဲဖြစ်ဖြစ်၊ အစ်မပဲဖြစ်ဖြစ်၊ ညီမပဲဖြစ်ဖြစ်၊ နောက်ဆုံး ဇနီးမယားပဲ ဖြစ်ဖြစ် တော်ခဲ့ကြမှာပါ။ယောဆရာတော်ဘုရား မကြာခဏဟောသလို "ဘ၀တွေဝေးသွားလို့ တစိမ်းတွေ ဖြစ်သွားကြတာပါ။ "အားလုံးဟာ ဆွေမျိုးတွေချည်းပါပဲ။
သံသရာတစ်ကွေ့မှာ ဆွေမျိုးတော်ခဲ့ရင် သူတို့ရဲ့ ကျေးဇူးလေးတွေလည်း ရှိခဲ့မှာပါ။အဲဒီကျေးဇူးလေးတွေကို အာရုံပြုပြီး ကိုယ်က သူတို့ကို ကူညီလို့ရတဲ့ အနေအထားနဲ့ ကူညီပေးဖို့ပါ။

♦ တကယ်တော့ သူတို့ဟာ ဖြစ်ချင်လို့ဖြစ်သွားရတာ မဟုတ်ပါဘူး။ နောက်ကွယ်မှာ အကြောင်းအမျိုးမျိုး ရှိနေကြမှာပါ။ ပြီးတော့ လူတွေရဲ့ အကြင်နာကို မရတော့ စိတ်ဓာတ်ရေးရာအရလည်း သာမန်ပုဂ္ဂိုလ်တွေနဲ့ မတူဘဲ ဖြစ်နေတတ်ပါတယ်။ဒီတော့ တစ်ဖက်သားကိုကြည်တဲ့အခါ မယုံတဲ့စိတ်၊ သံသယဖြစ်တဲ့စိတ်၊နာကြည်းတဲ့စိတ်၊အလိုမကျတဲ့စိတ်တွေကလည်း လွှမ်းမိုးနေမှာပါ။
စိတ်ကြောင့်ဖြစ်တဲ့ဒဏ်ရာကို စိတ်ကိုအခြေခံပြီးရှုရတဲ့ ၀ိပဿနာနဲ့ ကုလိုက်တာဟာ အထိရောက်ဆုံးဖြစ်မယ်လို့ထင်ပါတယ်။ဒါကတရားသဘောဓမ္မရှုထောင့်က ပြောတာပါ။ ဌာနက ပြုစုစောင့်ရှောက်နည်းတွေနဲ့လည်း ပြုစုစောင့်ရှောက်ပေါ့လေ။ တစ်ဖက်က ၀ိပဿနာလေးပါတွဲသွားနိုင်ရင် အကောင်းဆုံးပါပဲ။သတင်းကြားကတည်းက စိတ်ထဲမှာ တေးထားလိုက်တာပေါ့လေ။

ဆွမ်းလည်းကျွေးရင်းပေါ့ လေ။
ပြီးတော့ တရားလည်း ဟောချင်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀ိပဿနာတရား အဓိကထားဟောခဲ့ချင်ပါတယ်။ ထိုင်မှတ် မှတ်တဲ့အခါ ဘယ်လိုမှတ်ရတယ်။ စင်္ကြကြွတဲ့အခါ ဘယ်လိုကြွရတယ်။ အိပ်ရာထတဲ့အခါ၊ မျက်နှာသစ်တဲ့အခါ၊ ထမင်းစားတဲ့အခါ၊အောက်ထစ်ဆုံး ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါ ....
စသည်ဖြင့်ပေါ့လေ။ ဘယ်လိုမှတ်ရတယ်ဆိုတာ ဟောပြပေးခဲ့ချင်တာပါ။
ဒီလို အနေအထားရောက်နေတဲ့သူတင် မဟုတ်ပါဘူး။ ဘယ်လို အနေအထားပဲ ရောက်နေ၊ရောက်နေစိတ်ဓာတ်ရေးရာအရပြုပြင်ယူရတဲ့အခါ ၀ိပဿနာနဲ့ပြုပြင်ယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးပါ။ ၀ိပဿနာအားထုတ်ရင်း အားထုတ်ရင်းနဲ့ ဥာဏ်စဉ်လေးတွေ ၀င်ဝင်လာပါလိမ့်မယ်။

အားထုတ်ခါစမှာတော့ ချက်ချင်းဝင်လာဦးမှာ မဟုတ်ဘူး။ ရက်ကလေးရလာတာနဲ့ ၀င်လာမှာပါ။ ရုပ်နဲ့နာမ်ခွဲခြားပြီးသိသွားတာ၊ အကြောင်းနဲ့အကျိုးကို ခွဲခြားသိသွားတာ၊မမြဲတဲ့သဘော ဆင်းရဲတဲ့သဘော ၊ အစိုးမရတဲ့သဘောတွေကို မြင်လာတာ စသည်ဖြင့်ပေါ့။

ဥာဏ်စဉ်တွေဝင်လာတာနဲ့ ကိုယ်လုပ်နေတဲ့အလုပ်မှားသလား မှန်သလားဆိုတာပါ သိသွားမှာပါ။ပါရမီပါခဲ့ရင် ၀ိမလာတို့လို တရားထူး တရားမြတ်တွေတောင်ရသွားနိုင်ပါတယ်။ပြီးတော့ ငယ်တုန်း တရားအားထုတ်ရတာ အကောင်းဆုံးပါပဲ။ အသက်ကြီးလာရင် ရုပ်ကလည်းအို၊ နာမ်ကလည်းအိုလာပြီး တရားအားထုတ်ရတာ မကောင်းတော့ပါဘူး။

ဘာပဲပြောပြော ကိုယ်က လူဘ၀ကို ပီပီပြင်ပြင် ရထားတယ်။ ပြီးတော့ ရခဲခြင်းလေးပါးကိုလည်း ရထားတယ်။ဒီတော့ ၀ိပဿနာတရားကိုလည်း အားထုတ်လိုက်ရင် ဘ၀ရဲ့အမှန်တရားကို အလင်းတစ်ခုအနေနဲ့သိခွင့်ရလိုက်ကြမှာပါ။

ဒီဆောင်းပါးကို မဟာစည်ဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးတွေနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။

၁။ လူတစ်ယောက်ဟာ ၊ ဖြစ်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
ဖြစ်ခဲလှစွာ ၊ လူဆိုတာ ၊ ဖြစ်ကာနေကြပြီ ။

၂။ လူတစ်ယောက်ဟာ ၊ ရှင်ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
ရှင်ခဲလှစွာ ၊ သက်ဆိုတာ ၊ ရှင်ကာနေကြပြီ ။

၃။ တရားတော်ဟာ ၊ နာဖို့ရာ ၊ လွန်စွာခဲယဉ်းသည်။
နာရခဲစွာ ၊ တရားဟာ ၊ နာကာနေကြပြီ ။

၎။ သာသနာဟာ ၊ တွေ့ဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
တွေ့ခဲလှစွာ ၊ သာသနာ ၊ တွေ့ကာနေကြပြီ ။

အကြောင်းလေးဖြာ ၊ ဆုံဖို့ရာ ၊ လွန်စွာခဲယဉ်းသည် ။
ဆုံခဲလှစွာ ၊ ကြောင်းလေးဖြာ ၊ ဆုံကာနေကြပြီ ။

အကြောင်းလေးဖြာ ၊ ဆုံခိုက်မှာ ၊ အရိယာမဂ်ဟာ ရသင့်သည် ။

  • [အရှင်ရာဇိန္ဒ ( ရဝေနွယ်-အင်းမ)]
    ကျမ်းကိုး - ထေရီအဋ္ဌကထာ ၊ ၀ိမလာထေရီဝတ္ထု ။
    (ဆရာတော် ရဝေနွယ် (အင်းမ) ၏ အတွေးများနှင့်မိတ်ဖွဲ့ခြင်း မှ-)
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!