Another betel warning, but is anyone listening?
The latest campaign against chewing betel follows indications that the deeply-ingrained national habit is becoming more popular, including among women.
ကွမ်းစားခြင်းကို တိုက်ဖျက်သော စီမံကိန်းကို ကြည့်ရှုခြင်းအားဖြင့် တစ်နိုင်ငံလုံး အမြစ်တွယ်နေသော ထိုအလေ့အကျင့်သည် ပိုမိုရေပန်းစားကြောင်း တွေ့ရှိရသည်။
By SU MYAT MON | FRONTIER
စုမြတ်မွန် ရေးသားသည်။
CHEWING BETEL is proving a hard habit to kick in Myanmar, despite being linked to cancer of the mouth, with the latest campaign to call for abstinence promoting its message on Facebook with the slogan, #StopBetelMyanmar.
ကွမ်းစားခြင်းသည် ခံတွင်းကင်ဆာ ဖြစ်ပွားမှုနှင့် ဆက်နွယ်နေသော်လည်း မြန်မာနိုင်ငံတွင် ဖျောက်ဖျက်မရသော အကျင့်တစ်ခု ဖြစ်နေသည်။ ကွမ်းစားခြင်းသည် အမျိုးသားများမက အမျိုးသမီးများအကြားတွင်ပင် ပိုမိုရေပန်းစားလာကြောင်း facebook တွင် နောက်ဆုံးပြုလုပ်သည့် ဆန့်ကျင်တိုက်ဖျက်ရေး စီမံကိန်းကို ကြည့်ရှုပြီး သိရှိနိုင်သည်။
The six-week campaign was launched by the Ministry of Health and Sports and a non-profit group, the People’s Health Foundation, in Yangon on October 8.
သီတင်းပတ် ၆ ပတ်တာ ကြာမြင့်မည့် ထိုစီမံကိန်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် People’s Health Foundation တို့က အောက်တိုဘာလ ၈ ရက်နေ့တွင် ရန်ကုန်တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
It’s the latest in a series of campaigns aimed at highlighting the dire health consequences of chewing betel, but there are indications that the warnings are having little impact.
၎င်းမှာ ကွမ်းစားခြင်း၏ ကျန်းမာရေး ဆိုးကျိုးများကို ဖော်ပြသော ပညာပေး စီမံကိန်း များစွာထဲမှ နောက်ဆုံးလုပ်ဆောင်ခဲ့သော စီမံကိန်းဖြစ်သော်လည်း ထိုသို့ပညာပေးမှုများသည် ထိရောက်မှု အနည်းငယ်သာ ရရှိနေကြောင်း သိရသည်။
Betel chewing and spitting is ubiquitous in Myanmar, and the ceremonial offering of betel quids to household guests is a deeply-rooted tradition of the country.
ကွမ်းစားခြင်းနှင့် ကွမ်းတံတွေး ထွေးခြင်းသည် မြန်မာနိုင်ငံတွင် ပြဿနာတစ်ခု ဖြစ်လာနေပြီး အိမ်ကိုလာလည်သော ဧည့်သည်ကို ကွမ်းဖြင့် ဧည့်ခံခြင်းသည် ရှေးရိုးကတည်းက အမြစ်တွယ်နေသော အစဥ်အလာတစ်ခု ဖြစ်နေသည်။
Figures for Myanmar from the Delhi-based Southeast Asia regional office of the World Health Organization show that the number of betel users increased among men and women in the five years to 2014. Betel was used by 62.2 percent of men and 24.2 percent of women in 2014, up from 51.4 percent and 16.1 percent, respectively, in 2009.
ဒေလီမြို့ အခြေစိုက် World Health Organization ၏ အရှေ့တောင်အာရှ ဒေသတွင်း ရုံးခွဲ၏ ကိန်းဂဏာန်းများအရ ၂၀၁၄ ခုနှစ်မတိုင်မီ ၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် အမျိုးသား အမျိုးသမီး ကွမ်းစားသူ အရေအတွက် တိုးပွားလာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အမျိုးသား ကွမ်းစားသူ ၆၂.၂ ရာနှုန်း အမျိုးသမီး ကွမ်းစားသူ ၂၄.၂ ရာနှုန်း ရှိလာခဲ့သည်ဟု သိရသည်။ ၎င်းမှာ ၂၀၀၉ ခုနှစ်တွင် အမျိုးသား ၅၁.၄ ရာနှုန်း အမျိုးသမီး ၁၆.၁ ရာနှုန်းမှ တိုးပွားလာခြင်း ဖြစ်သည်။
Ministry of Health and Sports figures show that more than 7.2 million adults and 152,000 children aged 13 to 15 consume tobacco or tobacco products each day.
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိန်းဂဏာန်းများအရ ဆေးရွက်ကြီးနှင့် ဆက်စပ်ထုတ်ကုန်များကို စားသုံးသူ လူကြီး ၇.၂ သန်း ရှိပြီး အသက် ၁၃ နှစ်မှ ၁၅ နှစ် ကလေး ၁၅၂ ၀၀၀ ခန့် ရှိသည်ဟု သိရသည်။
There’s limited data on the link between betel chewing and cancer, but one survey of 67 patients with head or neck cancer at Taungoo General Hospital in 2016 found that all were betel chewers, while many also smoked tobacco and drank alcohol. Cancer of the oral cavity was the most common type (34.3 percent) followed by larynx (25.4 percent), according to the study, which was presented at the ESMO Asia 2017 Congress.
ကွမ်းစားခြင်းနှင့် ကင်ဆာဖြစ်ပွားမှုကြား ဆက်နွယ်မှုကို လေ့လာထားသော သုတေသန နည်းပါးသည်။ သို့သော် ၂၀၁၆ ခုနှစ် တောင်ငူ အထွေထွေဆေးရုံတွင် ဦးခေါင်းနှင့် လည်ပင်းကင်ဆာ ဖြစ်ပွားသူ ၆၇ ဦးကို လေ့လာကြည့်ရာ အားလုံးသည် ကွမ်းစားသူများ ဖြစ်ကြသည်ကို တွေ့ရှိရသည်။ ဆေးလိပ်သောက်သူနှင့် အရက်သောက်သူ အများအပြားလည်း ပါဝင်သည်။ ခံတွင်းပေါက်နှင့် ပတ်သက်သော ကင်ဆာများသည် အများစုဖြစ်ပြီး ၃၄.၃ ရာနှုန်း ရှိသည်။ ထို့နောက်တွင် အသံအိုး ကင်ဆာက ၂၅.၄ နှုန်း ရှိကြောင်း ESMO Asia 2017 Congress တွင် ဖော်ပြသော ယင်းသုတေသနအရ သိရှိရသည်။
Dr Thein Swe, vice president of the People’s Health Foundation, said that there was no national data for what proportion of oral cancer patients are regular betel users, and the foundation is currently undertaking such research.
People Health Foundation ၏ ဒုဥက္ကဌဖြစ်သူ ဒေါက်တာ သိန်းဆွေက ပြောကြားရာတွင် ခံတွင်းကင်ဆာ ဖြစ်ပွားသူများ၏ အချိုးအစား မည်မျှသည် ကွမ်းစားသူများဖြစ်ကြောင်း မြန်မာနိုင်ငံတွင် တိကျသည့် သုတေသန မရှိသေးကြောင်း ၎င်းကို ဖောင်ဒေးရှင်းက လုပ်ဆောင်လျှက် ရှိသည်ဟု ဆိုသည်။
But he said that it was clear that betel chewing remained a major health issue.
သို့သော် ကွမ်းစားခြင်းသည် ကျန်းမာရေးအတွက် အဓိက ပြဿနာဖြစ်သည်မှာ သေချာပြီး ဖြစ်သည်ဟု ဆိုသည်။
“Despite the campaigns, there is a long way to go and more needs to be done including a multi-sectoral approach to end betel quid chewing,” Thein Swe said at the October 8 launch.(pic)
ယခု လုပ်ဆောင်သော စီမံကိန်းဖြင့် ကွမ်းစားခြင်းကို ထိရောက်စွာ တိုက်ဖျက်နိုင်မည် မဟုတ်ကြောင်း ကဏ္ဍ အစုံပါဝင်သော ချဥ်းကပ်မှုများဖြင့် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု အောက်တိုဘာလ ၈ ရက် စီမံကိန်း ဖွင့်ပွဲတွင် ဒေါက်တာသိန်းဆွေက ပြောကြားသည်။
Dr Kyaw Kan Kaung, director of the ministry’s department of public health for non-communicable diseases, told the event it was important to work together with other ministries to help reduce the consumption of betel and smokeless tobacco.
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အများပြည်သူ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကံကောင်းက ဖွင့်ပွဲတွင် ပြောကြားရာတွင် ကွမ်းနှင့် အငွေ့မထွက်သော ဆေးရွက်ကြီး စားသုံးမှုကို လျှော့ချရန် တခြားသော ဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။
“We have asked the concerned department of the government to reform the central tobacco committee to be in line with the current age,” Kyaw Kan Kaung said.
ကျွန်တော်တို့က အစိုးရရဲ့ သက်ဆိုင်တဲ့ ဌာနကို ဗဟိုဆေးရွက်ကြီး ကော်မတီကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုထားပါတယ်ဟု ကျော်ကံကောင်းက ပြောပြသည်။
He also said the issue needs to be raised in the Union Hluttaw, which should consider measures aimed at reducing consumption such as higher taxes on betel sales, as well as on smokeless tobacco, which is imported for making betel quids.
ဒီကိစ္စကို ပြည်ထောင်စု လွှတ်တော်အထိ တင်ပြဖို့ လိုအပ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ကွမ်းယာစားသုံးမှု လျော့ကျစေဖို့ ကွမ်းနဲ့ အငွေ့မထွက် ဆေးရွက်ကြီး ထုတ်ကုန်တွေကို အခွန်တိုးမြင့် ကောက်ခံနိုင်ပါတယ်ဟု သူက ဆိုသည်။
However, any move to target sellers would affect thousands of small stall-holders throughout the country and the farmers and others who supply their raw materials.
သို့သော် ရောင်းချသူများကို ပစ်မှတ်ထားခြင်းသည် နိုင်ငံတစ်ဝန်းရှိ ကွမ်းယာဆိုင်များ ကွမ်းယာ ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်သောသူများ ကွမ်းစိုက်ပျိုးသူများကို ထိခိုက်နိုင်ပါသည်။
Among them are Daw Moe Thu Zar, 42, and her younger sister, Ma Phyu Phyu Thin, 29, who began selling betel near Aung San Stadium nine months ago after encountering difficulties making a living as seamstresses.
၎င်းတို့ထဲတွင် အသက် ၄၂ နှစ်အရွယ် ဒေါ်မိုးသူဇာနှင့် သူမ၏ ညီမ မဖြူဖြူသင်း အသက် ၂၉ နှစ်တို့လည်း ပါဝင်သည်။ သူတို့သည် စက်ချုပ်လုပ်ငန်းဖြင့် ဆက်လက်အသက်မွေးရန် အခက်အခဲ တွေ့လာသဖြင့် အောင်ဆန်းကွင်းအနီးတွင် လွန်ခဲ့သော ၉ လခန့်က ကွမ်းယာစရောင်းခဲ့ခြင်း ဖြစ်သည်။
“Selling betel is an easier way to make some money than being a seamstress,” Moe Thu Zar told Frontier.
စက်ချုပ်ရတာထက် ကွမ်းယာရောင်းရတာက ပိုဝင်ငွေကောင်းတယ်ဟု မိုးသူဇာက Frontier ကို ပြောပြသည်။
The sisters travel from nearby Pazundaung Township and operate their stall from 6am to 7pm.
ထိုညီအစ်မ နှစ်ယောက်သည် အနီးအနား ပုဇွန်တောင် မြို့နယ်မှ လာရောက်ပြီး ကွမ်းယာဆိုင်ကို မနက် ၆ နာရီမှ ည ၇ နာရီအထိ ဖွင့်သည်။
They usually buy their betel leaf from Pazundaung market, though they sometimes buy it from Thirimingalar wholesale market because it is cheaper, and source their areca nut from Yankin market.
သူတို့သည် ကွမ်းရွက်များကို ပုဇွန်တောင်စျေးမှ ဝယ်ယူလေ့ရှိသည်။ တစ်ခါတစ်ရံတွင် စျေးပေါစေရန် သီရိမင်ဂလာ လက်ကားစျေးမှ ဝယ်ယူတတ်သည်။ ကွမ်းသီးကို ရန်ကင်းစျေးမှ ဝယ်ယူသည်။
The most popular areca nut is produced at Taungoo in Bago Region, but most of the nut on the market is from Ye in Mon State and Dawei in Tanintharyi Region.
နာမည်ကြီး အရည်အသွေးမြင့် ကွမ်းသီးများကို ပဲခူးတိုင်း တောင်ငူမြို့တွင် ထွက်ရှိသော်လည်း စျေးကွက်ထဲရှိ ကွမ်းသီးအများစုကို မွန်ပြည်နယ် ရေးမြို့နှင့် တနင်သာရီတိုင်း ထားဝယ်မြို့မှ ရရှိသည်။
Myanmar exports areca nut to India, where chewing betel is also popular. Myanmar areca nut is even available for sale through big Chinese online retailer Alibaba.
မြန်မာနိုင်ငံသည် ကွမ်းသီးများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရသည်။ အိန္ဒိယနိုင်ငံသည်လည်း ကွမ်းယာ စားသုံးမှု များပြားသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ ကွမ်းသီးကို တရုတ်နိုင်ငံ အွန်လိုင် လက်လီစျေးဖြစ်သည့် Alibaba မှပင် ဝယ်ယူရရှိနိုင်သည်။
Another key ingredient is the betel leaf used to wrap the quid. Moe Thu Zar said the most preferred leaf in Myanmar is produced at Pantanaw Township in Ayeyarwady Region, because it is soft.
ကွမ်းယာတွင် တခြားပါဝင်သော အဓိက အရာမှာ ကွမ်းရွက်ဖြစ်သည်။ မိုးသူဇာက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် အကောင်းဆုံး ကွမ်းရွက်များကို ဧရာဝတီတိုင်း ပန်းတနော်မြို့မှ ရရှိသည်ဟု ဆိုသည်။ ပန်းတနော်မှ ထွက်ရှိသော ကွမ်းရွက်သည် နူးညံ့ပျော့ပျောင်းသည်ဟု ဆိုသည်။
The addition of tobacco makes a quid complete and the most popular brands on the market are “92” and “Queen”, while locally grown varieties known as “yellow” and “black” based on their appearance are also commonly chewed.(pic)
ကွမ်းယာထဲသို့ ပြီးပြည့်သုံသွားစေရန် ဆေးရွက်ကြီး ထည့်ရသည်။ စျေးကွက်ထဲတွင် ရရှိနိုင်သော လူကြိုက်များသည့် ဆေးရွက်ကြီး တံဆိပ်များမှာ နိုင်တီတူး ၊ ဘုရင်မ ၊ ပြည်တွင်းစိုက်ပျိုးသော ဆေးဝါ ၊ ဆေးနက် တို့ ဖြစ်ကြသည်။
Phyu Phyu Thin said there were strong regional and ethnic preferences for the tobacco added to quids.
ဆေးရွက်ကြီး အကြိုက်သည် ဒေသနှင့် လူမျိုးကိုလိုက်ပြီး ကွဲပြားသည်ဟု မဖြူဖြူသင်းက ပြောပြသည်။
People from the middle part of the country prefer yellow tobacco, those around the Mon State capital Mawlamyine like black tobacco, the favourites of Yangon residents are 92 and Queen and people of South Asian descent use a red tobacco imported from India, she said. Most women and girls in Yangon prefer tobacco-free quids.
အညာဒေသမှ လူများသည် ဆေးဝါကို နှစ်သက်ကြပြီး မွန်ပြည်နယ် မော်လမြိုင်မှ လူများသည် ဆေးနက်ကို နှစ်သက်ကြသည်။ ရန်ကုန်မြို့မှ လူများကမူ နိုင်တီတူးနှင့် ဘုရင်မကို စားသုံးကြသည်။ တောင်အာရှ မျိုးနွယ်ဝင် ကုလားများက အိန္ဒိယမှ တင်သွင်းသော ဆေးနီကို စားသုံးကြသည်။ ရန်ကုန်မှ အမျိုးသမီးများနှင့် မိန်းကလေးများက ဆေးရွက်ကြီး မပါဝင်သော ကွမ်းယာအလွတ်ကို စားသုံးကြသည်။
Customers pay K200 for a pack of five quids made with 92 and Queen tobacco or for six tobacco-free quids.
နိုင်တီတူး နှင့် ဘုရင်မ ဆေးပါဝင်သော ကွမ်းယာကို ၅ ယာ လျှင် ကျပ် ၂၀၀ ပေးရပြီး ကွမ်းယာအလွတ် စားသုံးပါက ၂၀၀ ဖိုးလျှင် ၆ ယာ ရရှိသည်။
Phyu Phyu Thin said that on a good week day the stall makes K50,000 and on weekends, at least K30,000.
ဖြူဖြူသင်က ပြောကြားရာတွင် ရုံးဖွင့်ရက်များတွင် ကွမ်းယာဆိုင်မှ ငွေကျပ် ၅၀ ၀၀၀ ခန့် ရရှိနိုင်ပြီး ရုံးပိတ်ရက်များတွင် ကျပ် ၃၀ ၀၀၀ ခန့် ရရှိသည်ဟု ဆိုသည်။
She said that Yangon City Development Committee workers sometimes check on betel stalls, but the sisters usually receive a tip-off in advance and close their business for a day.
သူမက ပြောကြားရာတွင် ရန်ကုန်မြို့တော်စည်ပင်သည် တစ်ခါတစ်ရံတွင် ကွမ်းယာဆိုင်များကို လာရောက်စစ်ဆေးတတ်သည်။ သို့သော် သူမတို့က ကြိုတင်သတင်း ရရှိထားသဖြင့် ထိုနေ့တွင် ဆိုင်ပိတ်ထားရသည်ဟု ဆိုသည်။
Both sisters said they were aware of government campaigns against chewing betel, but working from morning to night meant they had little time to watch TV or read newspapers.
ထိုညီမနှစ်ယောက်က ပြောကြားရာတွင် ကွမ်းစားခြင်းကို အစိုးရက တိုက်ဖျက်နေကြောင်း သူတို့ကြားမိသည်ဟု ဆိုသည်။ သို့သော် မနက်မှ ညအထိ စျေးရောင်းနေရသောကြောင့် တီဗွီ ကြည့်ရှုရန် သတင်းစာဖတ်ရန် အချိန်သိပ်မရှိကြောင်း ပြောပြသည်။
“We do not know in detail about the campaigns, but I heard that in Mandalay people are not supposed to spit on the road,” Phyu Phyu Thin said.
ကွမ်းယာတိုက်ဖျက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိပါဘူး။ မန္တလေးမှာတော့ လမ်းမပေါ် ကွမ်းတံတွေး မထွေးရဘူးလို့ ကြားတာပဲဟု ဖြူဖြူသင်းက ဆိုသည်။
“If we are forced to stop selling betel nut for health reasons then we’ll comply … and return to our previous work,” said Phyu Phyu Thin.
ကျွန်မတို့ကို ကျန်းမာရေး အကြောင်းပြပြီး ကွမ်းယာမရောင်းရလို့ တားမြစ်ရင်လည်း လိုက်နာရမှာပဲပေါ့။ အရင်အလုပ်ပဲ ပြန်လုပ်ရတော့မှာပေါ့ဟု ဖြူဖြူသင်းက ပြောသည်။
U Tin Nyein, 55, from Yangon’s outer North Okkalapa Township has been selling betel near a cinema on Bogyoke Aung San Road in the downtown area for more than 30 years.
မြောက်ဥက္ကလာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်ငြိမ်းသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရုပ်ရှင်ရုံဘေးတွင် ကွမ်းယာရောင်းလာသည်မှာ အနှစ် ၃၀ ကျော်ပြီဖြစ်သည်။
He says his earnings range between K30,000 and K60,000 a day and most of his customers are taxi drivers and manual workers.
ကွမ်းယာဆိုင်မှ တစ်နေ့လျှင် ကျပ် ၃၀ ၀၀၀ မှ ၆၀ ၀၀၀ အထိ ဝင်ငွေရသည်ဟု သူက ဆိုသည်။ သူ၏ ဖောက်သည် အများစုမှာ တက္ကစီ ယာဥ်မောင်းများ အလုပ်သမားများ ဖြစ်သည်ဟု ဆိုသည်။
“It’s a easy way to make cash in hand,” Tin Nyein said, echoing Moe Thu Zar, though he admitted that sales were not as buoyant as during the 1990s and the cinema was quieter during weekdays than in the past.
ကွမ်းယာရောင်းရတာ ငွေရှာရ လွယ်တယ်။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်များကလောက်တော့ ရောင်းမကောင်းဘူး။ ရုံးဖွင့်ရက်ဆို ရုပ်ရှင်ရုံက ခြောက်ကပ်နေတယ်။
“I have to do a lot of sitting since I am relying on the cinema,” he said, adding that takings were a little better on weekends when movie audiences are bigger.
ရုံးဖွင့်ရက်ဆို ထိုင်နေရတဲ့ အချိန်များတယ်။ ရုပ်ရှင်ရုံကို အမှီပြုပြီး ရောင်းနေရတာဆိုတော့ ရုံးပိတ်ရက် ရုပ်ရှင်လာကြည့်သူများရင် ရောင်းကောင်းတာပဲဟု သူက ဆိုသည်။
Tin Nyein said he became aware of a government campaign to reduce chewing betel a year ago but was sceptical about warnings linking the habit to an increased risk of developing cancer of the month.
ဦးတင်ငြိမ်းကလည်း အစိုးရ၏ ကွမ်းယာစားသုံးမှု တိုက်ဖျက်ရေး စီမံကိန်းများကို သိရှိကြောင်း ပြောသည်။ သို့သော် ကွမ်းယာစားသုံးမှုကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်သည်ကို သိပ်မယုံကြည်ပေ။
“I used to chew betel but nothing has happened to me until now,” he said, adding that the habit only caused cancer in unlucky people.
ကျွန်တော် ကွမ်းယာစားလာတာ ကြာပြီ။ အခုထိ ဘာမှ မဖြစ်သေးဘူး။ ကံမကောင်းတဲ့ လူတွေပဲ ကင်ဆာဖြစ်တာ နေမှာပါဟု သူက ဆိုသည်။
Tin Nyein said that banning betel sales would create difficulties for his family and he would have to find a new way to make a living.
ဦးတင်ငြိမ်းက ပြောကြားရာတွင် ကွမ်းယာရောင်းခြင်းကို တားမြစ်လိုက်ပါက သူ၏ မိသားစု အခက်တွေ့နိုင်သည်ဟု ဆိုသည်။ အသက်မွေးဖို့ နည်းလမ်းသစ် ရှာရတော့မည်ဖြစ်ကြောင်း ဆိုသည်။
He had chewed betel until two years ago but stopped after developing pain in his gums because he had to struggle to grind and chew the areca nut, a problem he attributed to growing old.
သူသည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ကွမ်းယာဖြတ်ခဲ့ခြင်း ဖြစ်သည်။ အသက်ကြီးလာသောကြောင့် သွားများက ကွမ်းသီးကို မဝါးနိုင်သောကြောင့် သွားဖုံးများ နာကျင်လာသောကြောင့် ဖြစ်သည်။
As part of its effort to deter betel chewing and unsightly red stains, which are especially noticeable in stairwells, the YCDC approved a by-law in June that levies a fine of between K30,000 and K50,000 on spitting betel juice in public places.
ရန်ကုန်မြို့တော် စည်ပင်သည် ကွမ်းယာစားခြင်းကို ဟန့်တားနိုင်ရန်နှင့် ကွမ်းတံတွေး ထွေးခြင်းကို တားဆီးနိုင်ရန် အများပြည်သူ နေရာများတွင် ကွမ်းတံတွေး ထွေးပါက ဒဏ်ငွေ ၃၀ ၀၀၀ မှ ၅၀ ၀၀၀ ကျပ်အထိ တပ်နိုင်သော ဥပဒေခွဲတစ်ခုကို ဇွန်လအတွင်းက သဘောတူညီခဲ့သည်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!