ရုန်းထွက်ခွင့်ပြုပါ မနေတက်ဘူး နှုတ်ဆက်ခွင့်ပြုပါ ငါဆုတောင်းနေတယ်
နောက်ထပ်ရောက်လာမယ် မနေ့ကလိုနောက်ထပ် မနက်ဖန်များ
ဟောင်းနွမ်းမသွားတဲ့ မနေ့ကလို နောက်တစ်ရက်များ အဲ့ဒါတွေက မြူးကြွတဲ့ ရော့ခ် သီချင်းတွေ
ထဲ တစ်ချို့တလေပေါ့
ကိုယ်တွေးမိတာက ကိုယ့်အဖြစ်ကိုယ်နဲ့ ကိုယ့်အခြေအနေကိုယ်ပါ
မနေ့ကလည်း ဒါ မနက်ဖန်လည်း ဒါ ဒီနေ့လည်း ဒါ ဒါတွေချည့်ထပ်နေခဲ့တယ်
စတီးမစ် စတီးမစ်မှာ စာရေးတယ် ကော်ပီမကူးနဲ့ ပြသနာရှိတယ် ကော်ပီကူးတယ်ဆိုတာကလည်း
စကားတိုတိုလေး ဆိုပေမယ့် ဖွင့်ဆိုချက်တွေကတော့ ကျယ်ပြန့်စွာရှိလိမ့်မယ်
ပညာရှင် တစ်ယောက် အမြင်တစ်မျိုး အဆိုအမိန့်တစ်မျိုးနဲ့ ပြန်ကြားလိမ့်မယ် သူ့အယူအဆတို့နဲ့သူပေါ့
ဒါပေမယ့် အားလုံး ခြုံငုံမိစေလောက်တဲ့ အများလက်ခံရသော စနစ် စံသက်မှတ်ချက်တော့ ရှိမှာဘဲ
ကိုယ်ကြိုက်တာကိုယူပြီး ကိုယ်မကြိုက်တာကို ပယ် ဆိုတဲ့ တရားသေ ကိုယ်ပိုင်ဥပဒေနဲ့ ဒါကို ချိုးဖျက်လို့တော့မရဘူး ဘာလို့လဲ အများလက်ခံထားတဲ့ စံ သက်မှတ်ချက်ကို လိုက်နာရမယ်
ကောင်းပြီ ဒါကတော့ ဒီလိုအခြေအနေရှိတယ် သိပြီ
ကိုယ့်အခြေအနေ ပြန်သွားကြည့်
မနေ့က ဒီအကြောင်း ရေးတယ် ဒီနေ့လည်း ဒီအကြောင်းရေးတယ် မနက်ဖန် ဒီအကြောင်းဘဲ
ရေးနေဦးမယ် ဒါဆို အဲ့ဒီ သတ်မှတ်ချက်ဆိုတာကြီးနဲ့ ပွတ်ကာသီကာလေး လွတ်တယ်
အပြစ်လွတ်တယ်ပေါ့ ဒီအတိုင်းသွားနေတာ
ကြာတော့လည်း မကောင်းတော့ဘူးလားလို့ အသစ်အဆန်းလေး အတွေ့အကြုံသစ်လေး
စိန်ခေါ်မှုအသစ်လေး လုပ်ကြည့်ချင်လာတယ်
အများအားဖြင့်တော့ ကိုယ့်အကြောင်းကိုယ် ရေးဖြစ်တယ် အော်ရီဂျင်နယ် စစ်စစ်ပေါ့
သေချာတာကတော့ ကွေ့ကာ ရှောင်ကာ ရေးရတယ်လေ အားလုံးချရေးလို့လည်း အလုပ်မဟုတ်သေးဘူး ဖော့ရေးရတာတွေများတယ် ဟိုမရောက် ဒီမရောက်ကများတယ်
ဒါဆို တစ်မျိုး လုပ်စမ်းကြည့်မယ်
ပညာရပ်တစ်ခု ချပြစရာရှိလား မရှိဘူး ရှိတယ်ထား နေ့စဉ် ချရေးလို့ မကုန်ဘူးလား နေ့စဉ် ရေးနိုင်ပါ့မလား မသေချာဘူး
အသစ်ဖန်တီးနိုင်တဲ့ အခြေအနေမရှိဘူးလား အများအားဖြင့် မရှိဘူး
ဒါဆို အဟောင်းကို ရီဆိုက်ကယ်လုပ်ပြီး ပြန်သုံးကြမယ် သွားချင်တာအဲ့ဒီလို
ငါတော့ အသစ်တွေဖန်တီးနိုင်တယ် မလုပ်ပါနဲ့ နေ့တိုင်းဖန်တီးနိုင်သလား ဒါက ရှောင်လွှဲလို့မရဘူး စာကနေ့တိုင်းရေးရမှာ အရေအတွက်က စကားပြောလာပြီ
အဟောင်းကြီး တလည်လည် လုပ်နေရတာ ကြာတော့ ပျင်းလာပြီ
အသစ်အဆန်းလေ ပုံစံတစ်မျိုး လေး နောက်၇က်တွေ စမ်းကြည့်မယ်
မရှိတာကို အရှိလုပ်ရတာတက် ရှိပြီးသားကို ပြုပြင်မွမ်းမံရတာက ပိုကောင်းပါတယ် ခရီးရောက်ပါတယ် အသုံးတည့်စေပါတယ်။
Author : @bobokyaw
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
My best friend is now in Myanmar. He says Myanmar is one of the best places in Far East. I also would like to go there. Myanmar 4ever!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit