သီချင်းသံစဉ်များကြားထဲမှာ မိမိဘဝကိုပျော်ရွှင်အောင်
နေထိုင်ခြင်းသည်လည်းစိတ်ကိုအေးမြစေခြင်းတစ်မျိုး
ဖြစ်လေသည်။စိတ်တွေထိုင်းမှိုင်းခြင်း၊သို့မဟုတ် ညစ်
ညူးနေခြင်းများဖြစ်လျှင် ထိုစိတ်ကလေးကို လန်းဆန်း
သွားစေရန် သီချင်းသံစဉ်များနားထောင်ပေးလိုအပ်
သည်။ထိုမှသာညစ်ညူးနေသောစိတ်ကလေးပြန်လည်
လန်းဆန်းသွားမှာအမှန်ဖြစ်သည်။ထိုနေရာတွင် ဂုဏ်
တော်များပွားများနိုင်မည်ဆိုပါက သေချာပေါက်ပြန်
လည်လန်းဆန်းမည်ဖြစ်သော်လည်း ဂုဏ်တော်ပွားများ
ခြင်းအားသီးခြားထပ်မံရေးသားရန် ရှိသည့်အတွက်
ယခုနေရာတွင် သီချင်းများဖြင့်ခံစားရန်သာရေးသား
ပါမည်။သီချင်းများသည်စိတ်ကိုတက်ကြွစေရန်တစ်
နည်းတစ်ဖုံအထောက်ကူပြုလေ၏။ယခုခေတ်တွင်တော့
သီချင်းအမျိုးအစားများ ပိုမိုထွက်ပေါ်လာခဲ့သည်။ယခင်
လိုဆိုင်းဝိုင်းတူရိယာလောက်နှင့်ပင်မကတော့ dram
Pad များဖြင့်လည်း မြူးကြွသောတေးဂီတကို အသံပိုင်း
ရောနှောကာ တီထွင်လာကြလေသည်။ထိုသည်မှာ
ဂီတထဲတွင်စီးဝင်မျှောစအချိန်အတွက် အလွန်နှစ်သက်
စရာကောင်းသည်ဟုမြင်သည်။မည်သို့သော အနှစ်သာ
ရကိုအသာထားပြီး မြူးကြွသော ဂီတသံစဉ်ကို အရင်
ကြားလိုက်စဉ်ကပင် ကိုယ်ခန္ဓာပါ စတင်လှုပ်ရှားလာ
မည်ဖြစ်၏။စိတ်ထဲတွင် အလွန်ပျော်ရွှင်ကာ ကချင်ခုန်
ချင်မိလာသည့်အချိန်မှာတော့ စိတ်ထဲတွင် အဆင်
မပြေမှုများကြောင့်ပင်ပန်းလျက်ညစ်ညူးနေတဲ့စိတ်များ
လည်းတခဏတာ ကုန်ဆုံးသွားဖြစ်ပါသည်.....။
ဆက်လက်ရေးသားပါအုံးမည်....
Original Writer By @julybrave
Video and image by google.com and youtube.com