Myanmar Education-1

in education •  7 years ago 

#Unicode

အခြေခံပညာမှရသော တန်ဖိုးဖြတ်၍မရသည့် ပညာဗဟုသုတများနှင့် မြန်မာနိုင်ငံရှိ လွတ်လပ်စွာပညာသင်ကြားခြင်းကို ကန့်သတ်ချက်အခက်အခဲများအပေါ် ရှုမြင်ကြည့်ခြင်း

ပြောချင်နေတာလည်းကြာပါပြီ။ ပညာဆိုတာ ကန့်သတ်မှုဘောင်မရှိပါ။ မိမိဦးနှောက်လိုက်နိုင်နေသရွေ့ မည်သူမဆိုလွတ်လပ်စွာ ပညာသင်ယူခွင့်ရှိတာ လူသားတစ်ယောက်ရဲ့အခြေခံရပိုင်ခွင့်တစ်ခုပါ။

မင်းက ဆရာဝန်မို့ဘာဆိုင်လို့ မိုးလေဝသပညာလေ့လာနေရတာတုန်း။ မင်းဟာမင်း ဆေးကုမနေဘဲ ဘာလို့ကျောက်မျက်တွေမှာ ဆရာလာလုပ်နေရတာတုန်း။ မင်းကဘာတတ်လို့ ဒီ Quantum Mechanics မှာ လာဝင်ရှည်ရတာတုန်း။ Schrodinger cat နဲ့မင်းနဲ့ဘာဆိုင်လို့တုန်း။မင်းတို့ဆရာဝန်တွေနဲ့ ဘူမိဗေဒက ပတ္တမြားရဲ့ origin နဲ့ဘာဆိုင်လို့တုန်း။ မင်းက ဘုန်းကြီးထက်ဘာတတ်နေလို့ ပဋ္ဌာန်းကျမ်းကိုလာဝေဖန်ရတာတုန်း။ မင်းကကျောင်းဆရာမို့ ဒီပညာရေးစနစ်ကိုလာဝေဖန်တာလား။ မင်းနဲ့ ဒီ molecular structure နဲ့ ဘာဆိုင်တုန်း။ မင်းတို့ရောဂါဗေဒနဲ့ ဒီ မြတွေ ဖရဲအူတွေ ဥဒေါင်တွေ စိန်တွေ ကျောက်စိမ်းသိုက်တွေနဲ့ ဘာဆိုင်လို့တုန်း။Bertrand Russell တို့ Jean Baudrillard တို့ကဘယ်လိုပြောတာပဲလို့ပြောလိုက်ရင် မျက်လုံးတွေက တစ်မျိုးမြင်ခံခဲ့ရတာတွေ။ Stephen Hawking ရဲ့ နောက်ဆုံးစာအုပ်ဖြစ်တဲ့ The Grand Design ကိုသူများတွေအရှေ့ဖတ်မိလို့ ကြည့်ခံခဲ့ရတဲ့ မျက်လုံးစိမ်းကြီးတွေ။ On the Origin of Species , The Voyage of the Beagle စာအုပ်တွေအကြောင်းဆွေးနွေးကြည့်ရင် အရူးတစ်ယောက်လိုအကြည့်ခံခဲ့ရတာတွေ၊ Silent Spring ကိုဖတ်ပြီး Rachel Carson ဘယ်လိုခံစားခဲ့ရတာလို့ပြောရင် အပေါတစ်ယောက်လိုထင်ခံခဲ့ရတာတွေ။Philosophy , Psychology လေ့လာတဲ့လူဆို အရူးကြပ်မပြည့်တဲ့ကောင်လို့ အထင်ခံရတာတွေ။

ကြားနေကျဖြစ်တဲ့ ဝေဖန်မှုတွေ feedback တွေပါ။ အစကတော့ ဝမ်းနည်းမိပါတယ်။ ဘာကမှားနေတာလဲလို့ တစ်သက်လုံးပြန်သုံးသပ်မိပါတယ်။

မင်းဟာမင်း အေးဆေး Internal Medicine ဖတ်နေစမ်းပါ။

ငါပဲမှားနေတာလား ။
သူတို့ပဲမှားနေတာလား။
ငါပဲကြောင်နေတာလား။
သူတို့ပဲ ပုံမှန်ဖြစ်နေတာလား။
ငါပဲ လောကကြီးရဲ့အလိုက်အထိုက်မနေနိုင်တာလား။
ငါကိုက ဟိုဟာသိချင် ဒီဟာလည်းသိချင် စပ်စုနေတာလား။
ငါပဲလျှာရှည်နေတာလား။

ကျွန်တော် သိတတ်တဲ့အရွယ်ကစလို့ ဘာကိုစိတ်ဝင်စားတယ်လို့မေးရင် Science လို့ပဲဖြေတာလေးကို မှတ်မိနေပါသေးတယ်။ ရုပ်မြင်သံကြားက Science ဆိုတဲ့ အစီအစဉ်လေးကို 1990 နောက်ပိုင်းမှာ ဗုဒ္ဓဟူးနဲ့စနေ တစ်ပတ်နှစ်ခါလွှင့်တာ မလွတ်တမ်းကြည့်မိတာကို အမှတ်ရနေဆဲ။
ဒီလိုနဲ့ အလယ်တန်းရောက်လာတော့ ဘာကိုစိတ်ဝင်စားဆုံးလဲမေးရင် ပထဝီနဲ့ သိပ္ပံက အဓိက။ ပြီးတော့ သချၤာ ၊ အင်္ဂလိပ်။ ကျန်တာကတော့ အပြင်မှာအမေးအမြန်းထူတာပါပဲ။အရာရာကို သံသယများပြီးလွယ်လွယ်မယုံတတ်သလို လက်သင့်ခံနိုင်မှသာယုံတတ်တာ ခေါင်းသိပ်မာတာ အကျင့်တစ်ခုပါ။

ကျွန်တော်တို့တုန်းက ပထဝီဆိုတာ အခြေခံသဘာဝပထဝီဝင်၊ မြန်မာ့ပထဝီဝင်၊ ကမ္ဘာ့ပထဝီဝင်၊ လက်တွေ့ပထဝီဝင်။ ဒီလိုခွဲသင်တယ်။ အခုလည်း ဒါနဲ့မနီးရိုးစွဲသင်တာပဲ။ဘာကွာသွားလဲဆိုရင် ထင်သာမြင်သာရှိတာ စာအုပ်အရွယ်အစား။ ကျွန်တော် ရှစ်တန်းတုန်းက သချၤာ (၁) စာအုပ်ပြီးရင် ပထဝီက အထူဆုံး။ ပြီးတော့ သိပ္ပံစာအုပ်။ အခုကလေးတွေကို ဘယ်လိုမှတ်ရတယ်ကျက်ရတယ်ပြောရင် ရူးလောက်တယ်။
သင်ရတာတွေကလည်း ငါးတန်းကစလို့ ရှစ်တန်းအထိစာမထပ်ဘူူး။ ကျွန်တော် တော်တော်သဘောကျတာက မြန်မာ့ပထဝီဝင်နဲ့ ကမ္ဘာ့ပထဝီဝင်။ အခြေခံသဘာဝပထဝီဝင်နဲ့ လက်တွေ့ပထဝီဝင်က သိပ္ပံဆန်တော့ ကျွန်တော်က သိပ္ပံလို့ပဲ သတ်မှတ်တာ။ ကမ္ဘာ့ပထဝီအသုံးဝင်ပုံများ အခုမေးကြည့် အမေရိကနှစ်တိုက်စလုံးကြိုက်တဲ့ Geography and Geology ၊ အာဖရိက၊ ဥရောပ၊ အာရှနဲ့ သြစတြေးလျရော။ အန္တာတိကရော။ အပလေချီယန်ကုန်းပြင်မြင့်ကဘယ်နားမှာ။ လက်ဘရဒေါကုန်းပြင်မြင့်ကဘယ်လို။ စိန့်အန်ဒရီးယားစ်ပြတ်ရွေ့ကဘယ်လို။ ရဲလိုးစတုန်းအမျိုးသားဥယျာဉ်က ရေပူစမ်းတွေ၊ ဆီအာရာနီဗားဒါးက ဘယ်နား။ မစ္စစ္စပီမြစ်နဲ့ မစ်ဇူရီမြစ်တို့ စိန့်လူးဝစ်မြို့နားပေါင်းဆုံပုံတွေ၊ ဂရိတ်ဘာရီယာသန္တာကျောက်တန်းနဲ့ ဂရိတ်ဒီဗိုင်းဒင်းတောင်တန်းကဘယ်လို။ မီးတောင်ရှင်ရပ်ဝန်းထဲမှာ ဘာတွေပါတယ်။ အီကွေတာနဲ့နီးပြီးတော့ တောင်တန်းကမြင့်လွန်းလို့ ထာဝရရေခဲတွေရှိနေတဲ့ တောင်တန်းအကြောင်းတွေ။ အာဖရိကတိုက်က တစ်ခုတည်းသောရေခဲတောင်ရှိတဲ့နိုင်ငံအကြောင်း။မက်ဒါဂါစကားကျွန်းရဲ့ သဘာဝပေါက်ပင်နဲ့ တိရစ္ဆာန်မျိုးရင်းတွေ၊ ရိုင်းမြစ်၊ရုန်းမြစ်၊ဗော်ဂါမြစ်၊ ဒင်းညုမြစ်တွေအကြောင်း။ ယူရယ်လ်တောင်တန်းရဲ့တည်နေရာအရေးပါမှု။ ပရေရီမြက်ခင်းနဲ့ စတက်မြက်ခင်းကွာခြားနေပုံတွေ။ အာတာကားမားကန္တာရကဘယ်လို၊ ဆာဟာရကဘယ်လို၊ဂိုဘီကဘယ်လို၊ တာကလီမာကန်ကဘယ်လို။
အကုန်မှတ်မိနေပါသေးတယ်။
ဒီတော့ မရောက်ဖူးလည်း ရောက်ဖူးသလိုပဲ။
အသက်အရွယ်ရလာတော့ အင်္ဂလိပ်လိုတစ်ခေါက်ပြန်ဖတ်ကြည့်တာ ဒါတွေက အကုန်သင်ပြီးသားမှတ်မိပြီးသားချည်းပဲ။

မြန်မာ့ပထဝီဝင်ဆိုလည်း သဘာဝအပိုင်းကြီးကိုးပိုင်း။တန်ဖိုးဖြတ်လို့မရတဲ့ပညာတွေ။ တစ်ပြည်လုံးရဲ့ မြစ်ချောင်းတောတောင်အနေအထား၊ လူဦးရေနှင့်လူမျိုး၊ ထွက်ကုန်ပစ္စည်း၊ သတ္ထုသိုက်တွေ။ အစုံပဲ။ ဟိန္ဒား၊ ဟာမြင်းကြီးကဘယ်နား၊ သဗြုကဘယ်နား၊ ကျားတွင်းရေကဘယ်နား ဘာထွက်၊ ပင်းပက်ကဘာထွက်၊ ချင်းက မြွေတောင် ဖားတောင်တွေ၊ ကြေးစင်တောင်၊ စံပယ်တောင်၊လက်ပတောင်းတောင်တွေ၊ ရခိုင်က စွန်တောင်ကဘာထွက်၊ တနင်္သာရီရဲ့အမြင့်ဆုံးတောင်ထွဋ်ရှိတဲ့တောင်တန်း၊ အိနိ္ဒယကိုသွားလို့ရတဲ့တောင်ကြားလမ်းအစဉ်လိုက်၊ တရုတ်တိဘက်ကို သွားလို့ရတဲ့တောင်ကြားလမ်းအစဉ်လိုက်၊ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တစ်ခုမကျန်ရဲ့နာမည်တွေ၊ တစ်ပြည်လုံးသစ်တောပေါက်ရောက်ပုံနဲ့ပေါက်ရောက်တဲ့အပင်အကြောင်းတွေ။ တန်ဖိုးဖြတ်မရ။
အခြေခံသဘာဝပထဝီဝင်နဲ့ လက်တွေ့ပထဝီဝင်လည်း ဘယ်လောက်အသုံးကျတုန်းမေးကြည့်။ နေ့နဲ့ညဖြစ်ပေါ်ပုံကအစ၊ လေကြောင်းများပြောင်းလဲတိုက်ခတ်ပုံကို ကမ္ဘာလည်ခြင်းကပါ လွှမ်းမိုးထားမှုအလယ်၊ သန္တာကျွန်းသုံးမျိုး၊တောင်လေးမျိုး၊ ကျောက်သုံးမျိုးအဆုံး။ မာကျူရီဂြိုလ် နက်ပကျွန်းဂြိုလ်အကုန်။ ပိရမစ်ပုံ မက်တဟွန်းတောင်ထိပ်တွေ၊ ရေခဲမြစ်ရဲ့ တိုက်စားခြင်း၊သယ်ဆောင်ခြင်း၊ပို့ချခြင်းတွေ။ မြောက်ယာဉ်စွန်းတန်းနဲ့ တောင်ယာဉ်စွန်းတန်းတွေရဲ့အရေးပါပုံတွေ။
ဟုတ်ပါတယ်။ မြန်မာလိုသင်သော်လည်း အသံထွက်ပဲဖလှယ်သင်ခံခဲ့ရတာပါ။ သိပ္ပံမှာလည်း Mechanics ရဲ့အခြေခံသဘောတရားတွေဖြစ်တဲ့ movement,heat,sound and light တွေ၊ Chemistry နဲ့ Biology တွေရဲ့ အခြေခံတွေချည်းပဲ။
အထက်တန်းရောက်ပြန်တော့ ထုံးစံအတိုင်း အတွဲ (၇) ပေါ့ဗျာ။ တော်သေးတာက မြန်မာစာကလွဲလို့ ကျန်တာ အင်္ဂလိပ်လိုသင်ရတာ။ အခုသင်နေရတဲ့ သင်ရိုးညွှန်းတမ်းရဲ့အပြောင်း ဒုတိယမြောက်နှစ်ပေါ့ဗျာ။
ပြောချင်တာ အခုမှရောက်တယ်။ လူတစ်ယောက်ပညာသင်ကြားခြင်းကို ကန့်သတ်ချုပ်ခြယ်ပြီး ဘဝပျက်သွားစေတာ တော်တော့်ကို အကုသိုလ်ကြီးတဲ့အမှုပါ။ ဆယ်တန်းဘာသာတွဲရွေးချယ်စေမှုကြောင့် သိသင့်သိထိုက်တဲ့ ပညာဗဟုသုတတွေကို အခြေခံပညာအဆင့်မှာ လူတိုင်းသိသင့်တာကို ကန့်သတ်လိုက်တာလို့ပဲ ရှင်းရှင်းမြင်ပါတယ်။ ဘာကိုဝါသနာပါမှန်းမသိသေးတဲ့ ကလေးသာသာမြီးကောင်ပေါက်အရွယ်လေးတွေကို တစ်လုံးမကျန်အတိအကျအလွတ်ကျက်စေခြင်းဆိုတဲ့ ညှင်းဆဲဖိနှိပ်တဲ့နည်းနဲ့ လိုချင်တဲ့အမှတ် လိုချင်တဲ့တက္ကသိုလ်မရရင် ဘဝပါပြောင်းသွားစေနိုင်လောက်အောင်ကြောက်စရာကောင်းလှတဲ့ စနစ်နဲ့ ဖိနှိပ်ထားတာလို့ပဲမြင်ပါတယ်။ ဒီတော့ ဇီဝဗေဒကို မသိတဲ့ကျောင်းသားတွေ တက္ကသိုလ်ရောက်တော့ မှားမိမှားရာ ဘယ်လိုဖြစ်ရင်ဗိုက်ကြီးတတ်တယ်ဆိုတာကိုမသိတော့။ ပန်းကန်ပြားပျံနဲ့ ဘာမြူဒါတြိဂံအကြောင်း share ထားတဲ့ပုဂ္ဂိုလ်က ရူပဗေဒဘွဲ့ရ။ ဟိုအရွက်ကိုထောင်း အရည်ညှစ်သောက်ရင် ကင်ဆာပျောက်တယ် share တဲ့သူက ရုက္ခဗေဒဘွဲ့နဲ့။ တစ်ချို့ကလည်း ထိတိုင်းရွှေဖြစ်အောင် ဓာတ်လုံးဖိုထိုးကြ။ တစ်ချို့ကလည်း စက္ကောမအတတ်ဆိုတာ အာကာသအထိဘယ်လိုမိုးပျံတာ ဆွေးနွေးနေကြ။ တစ်ချို့ကလည်း ပတ်ကွိုင်တောင်တန်းပေါ် အိနိ္ဒယနယ်စပ်က နောင်ယားကန်ထဲကနဂါးအကြောင်းပြောကြ။ အချိန်ခရီးသွားတွေဘယ်လိုရှိလို့ အခုခေတ်ကတူတစ်ချောင်းကျောက်ထဲမြုပ်နေတာကိုအားရပါးရပြောကြ။ ရှေးတုန်းက လူကြီးတွေအရပ်ဆယ်ပေကျော်တယ်ဆိုပြီး အရိုးအတုတွေပြလည်း ဘုရားဟောဆိုပြီးယုံကြ။ မြွေမြင်ရင်ကို အခုပဲထိုင်ရှိခိုးရတော့မလို ရိုက်သတ်ရတော့မလို ထွက်ပြေးရတော့မလို။

နောက်တစ်ခုက ဗဟုသုတပညာကို သင်ရိုးညွှန်းတမ်းနဲ့ကန့်သတ်လိုက်တာပါ။ ဟိုးအရင်ပညာတွေနဲ့ဆိုင်မဆိုင်မသိတော့။ အခုသင်ရိုးကိုပြန်ကြည့်ပါအုံးဗျာ။ ဥပမာ ပထဝီဝင်ကိုကြည့်။ တစ်နှစ်လာလည်း အာဆီယံဆယ်နိုင်ငံ။ နောက်တစ်တန်းတက်လည်း ဒီဆယ်နိုင်ငံ။နောက်တစ်တန်းရောက်လည်း ဒီဆယ်နိုင်ငံ။ ဆယ်တန်းမှာ မယူမနေရအင်္ဂလိပ်စာမှာလည်း ဒီဆယ်နိုင်ငံ။ ဟိုနိုင်ငံတွေမှာ ကျွန်သွားခံရင် တမင်လွယ်အောင်လုပ်ပေးထားသလို။
မြန်မာနိုင်ငံကို ပိုင်းခြားပြတဲ့သဘာဝအပိုင်းကြီးကိုးပိုင်းဆိုတာ ဝါးတားတား။ တနင်္သာရီသိန္ဓောမှာဘာထွက်မှန်းမသိ၊ ချင်းပြည်နယ်မြွေတောင်ဖားတောင်မှာ ဘာထွက်တယ်မသိ၊ ပင်းပက်မှာဘာတွေထွက်ပြီး ဘယ်မှာမှန်းလဲမသိ၊ သိကြတဲ့တရုတ်တွေ က တူးနေပြီ ၊ ပေါင်းစားကုန်ကြပြီ၊ ဒီကလူတွေက ဘွဲ့ရအလုပ်သမားတွေဖြစ်လို့၊ စဉ်းစားရင်း မျက်ရည်ကျမိတယ်။
ကျောက်သုံးမျိုးပြောပါဆိုရင်
၁.လမ်းခင်းကျောက်
၂.ငရုပ်ဆုံလုပ်တဲ့ကျောက်
၃.ဘုရားထုတဲ့ကျောက်တဲ့။

နေ့နဲ့ည ၊ဒီရေနဲ့ နေကြတ်လကြတ်ပုံတွေ၊ ရာသီအလိုက်လေကြောင်းတိုက်ခတ်ပုံတွေ၊ မြောက်အမေရိကတိုက်ရဲ့အမြင့်ဆုံးတောင်ထွဋ်ဘာလဲလို့မေးကြည့်၊ အာဖရိကတိုက်မှာရေခဲတောင်ရှိလားမေးကြည့် ၊ အာဆီယံနိုင်ငံမှာ မြန်မာမဟုတ်တဲ့ရေခဲတောင်ရှိတဲ့နိုင်ငံမေးကြည့်။ မှန်အောင်လက်တန်းဖြေနိုင်တဲ့ကျောင်းသား ရွှေတစ်ကျပ်သားပေးမယ်။ လောင်းကြေး။

မြန်မာလိုသင်သင့်တာကို မြန်မာလိုသင်ပေးပြီး အင်္ဂလိပ်လိုသင်သင့်တာကို အင်္ဂလိပ်လိုသင်ပေးမှ နောင်ရှေ့လျှောက်ဘွဲ့လွန်များဆက်လေ့လာရင် အဆင်ပြေမှာပါ။သေချာတာတစ်ခုက ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံအနေနဲ့ သုတေသနဦးဆောင်နိုင်ငံဖြစ်လာဖို့ နောင်အနှစ်ငါးဆယ်မလွယ်။ဒီတော့ သူများတွေ သုတေသနလုပ်လို့ ရှာဖွေတွေ့ရှိချက်တွေကို လေ့လာနိုင်ဖို့ အသုံးချနိုင်ဖို့ အင်္ဂလိပ်လို သိမှလုပ်လို့ရမှာပါ။
ဒီလောက်အထိတောင် ပညာသင်ခွင့်ကို ကန့်သတ်နေကြတာ ပညာဆိုတာ နိုင်ငံတစ်ခုဆည်ဆောက်ရေးမှာအရေးအကြီးဆုံးဆိုတာ အပြောသက်သက်မဟုတ်ပါ။
မိမိကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ပညာသင်ယူနိုင်ခွင့်ရှိအောင်လုပ်ရမှာပါ။ ပညာတတ်လာမှ ကမ္ဘာမှာ အယဉ်ကျေးဆုံးလူမျိုးပြန်ဖြစ်လာမှာပါ။ အခုတော့ သတင်းတစ်ခုခုဆိုရင် ရေးကြတဲ့ကွန်မန့်တွေကို မြင်ရ ကြားရတာ မျက်စိနား မချမ်းသာပါ။ ဝမ်းနည်းစရာ။

ကျွန်တော်ဘာကြောင့် ဒီလိုပြောနေရတာလဲဆိုရင် ကျွန်တော်အရင်တုန်းက Primary,Secondary , O level , SAT ,TOFEL, IELTS အကုန်သင်ပေးဖူးပါတယ်။ Cambridge , Edexcel, Longman အကုန်သင်ဖူးပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ အရမ်းကွာနေပါပြီ။ O level ဆိုတာဆယ်တန်းနဲ့တူတူပါ။ O level Biology မှာ DNA ရဲ့ Base တွေဖြစ်တဲ့ Adenine,Guanine ,Cytosine,Uricil အကုန်သင်နေရပါပြီ။O level ကလေးတစ်ယောက် အမျိုးသမီးရာသီစက်ဝန်း ဘယ်အချိန်သားဥကြွေတယ်၊ ဘယ်အချိန်ရာသီသွေးပေါ်တယ်၊ ဘယ်အချိန်ဆို ကိုယ်ဝန်ရနိုင်တယ် အကုန်သိနေပါပြီ။ ပန်းခြံတစ်ခုခုထဲရောက်ရင် သဘာဝပေါက်ပင်တွေဘယ်လိုရှိကြတယ်၊ ဂေဟစက်ဝန်းမှာ Food-chain and Food-web တွေဘယ်လိုရှိတယ် သိနေပါပြီ။တစ်ချို့ကပြောပါတယ်။ မြန်မာဆယ်တန်းက O level ကရူပဗေဒထက်ပိုခက်သလိုလို ဒီကပဲပိုမြင့်သလိုလို။ ဒါမျိုး Reason ဆင်ခြေဆင်လက်ကို လုံးဝမကြိုက်ပါ။ ကျွန်တော်တို့မှာ O level ထက် ပိုသင်နေရတဲ့ဘာသာရှိသလို လိုအပ်နေသေးတဲ့တစ်ခြားဘာသာရပ်တွေမှာ ပိုသင်ရမှာပါ။ ဒီလိုမှ ကမ္ဘာကိုအမှီလိုက်နိုင်မှာ။

နောက်ဆုံးမှာပြောင်းလဲစေချင်တဲ့အချက်သုံးချက်ပဲရှိပါတယ်။
၁. ပညာဆိုတာ မည်သူမဆိုလွတ်လပ်စွာ အကန့်အသတ်မဲ့ အသက်အရွယ်မရွေး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့မည်သည့်ပညာမဆိုသင်ယူခွင့်ရှိရပါမယ်။
၂. ပညာကိုမြတ်နိုးစွာရှာသလို သိတဲ့ပညာကို အသုံးချတတ်ရပါမယ်။အသုံးချလို့လွယ်အောင်လည်း အလုပ်အကိုင်ဖန်တီးပေးရပါမယ်။ သညာထက် ပညာပိုတတ်စေရပါမယ်။
၃. သင်ရိုးညွှန်းတမ်းတွေ အသုံးမကျဖြစ်နေပါတယ်။ အားလုံးကို မြန်မာလိုသင်ကြားစေခြင်းလို မလိုလားအပ်ဘဲ နောက်ပြန်ဆုတ်စေတဲ့ပြောင်းလဲမှုမျိုးမဟုတ်ဘဲ သိသင့်သိထိုက်တာအကုန်ပါအောင်သင်ကြားရမယ့် သင်ရိုးညွှန်းတမ်းအဖြစ်ပြောင်းလဲစေပြီး အလွတ်ကျက်တာထက်ကောင်းတဲ့ Teaching methodology တွေကို အသုံးပြုသင်ကြားပေးကြဖို့ပါ။

ကျွန်တော်ကတော့ အခြေခံပညာမှာရော ဆိုင်ရာအဆင့်မြင့်တက္ကသိုလ်များမှာပါ အစည်းအဝေးခန်းထဲကပြောင်းလဲခြင်းမဟုတ်ဘဲ စာသင်ခန်းထဲကပြောင်းလဲခြင်း လက်တွေ့ခန်းထဲကပြောင်းလဲခြင်းတွေဖြစ်အောင် တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးချင်ပါတယ်။

ဟိုလိုအခက်အခဲရှိတွေရှိမှာပေါ့။ ဒီလိုပြောင်းလို့မရဘူးလေ။ ဟိုအစည်းအဝေးမှာ ဟိုကဆုံးဖြတ်မှလုပ်လို့ရမှာ။ တိုင်ပင်ကြပါအုံး။ ဟိုလိုအစည်းအဝေးတွေခေါ်လေ။အထက်လူကြီးကို တင်ပြရမှာ။ အောက်ကလိုက်လည်းမလုပ်ကြဘူး။

အခုထိရှိနေပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်တစ်ခုကနေ ထွက်ရတဲ့အခါ မိမိစိတ်ကြိုက်ပညာသင်ကြားခွင့်မရတာတွေ။ ကျောင်းသားတွေကို စာကိုကြောက်လာအောင်၊ ကျောင်းမလာချင်အောင်၊ ပညာဆိုတာဘွဲ့ရမင်္ဂလာဆောင်ရင် နာမည်အောက်မှာအမြီးရှည်ဖြစ်တာထက်မပိုအောင်လုပ်ထားတာတွေ။ ဘွဲ့လွန်ပညာဆက်လက်သင်ယူဖို့ သင့်လျော်တဲ့သူတိုင်းမသင်ယူနိုင်အောင် တစ်ဖက်သတ်ကန့်သတ်ချက်တွေ။ What's ashamed .

ဟုတ်ကဲ့ နှစ်တွေဆယ်ချီနေပါပြီ။ ဒါ့ထက်လည်းစုတ်စရာမရှိလောက်အောင် စုတ်ပျက်သတ်နေပါပြီ။
တော်ကြပါတော့။ ပြောင်းလဲတယ်ဆိုတာ အခုပြောင်းလဲဖို့ပဲလိုတာပါ။ Generation by Generation မြင့်လာမှ ဘဝဆိုတာပြည့်စုံတာပါလို့ပဲခံယူပါတယ်။ မိမိနေထိုင်ရာတိုင်းပြည်ကို ပညာဖြင့်ပြည့်စုံစေခြင်းသည်သာ အကောင်းဆုံးအလုပ်အကျွေးပြုခြင်းမည်ပါတယ်။

Zawgyi

အေျခခံပညာမွရေသာ တန္ဖိုးျဖတ္၍မရသည့္ ပညာဗဟုသုတမ်ားနွင္႕ ျမန္မာနိုင္ငံရွိ လြတ္လပ္စြာပညာသင္ျကားျခင္းကို ကန္႕သတ္ခ်က္အခက္အခဲမ်ားအေပၚ ရွဳျမင္ျကည့္ျခင္း

ေျပာခ်င္ေနတာလည္းျကာပါျပီ။ ပညာဆိုတာ ကန္႕သတ္မႈေဘာင္မရိွပါ။ မိမိဦးေႏွာက္လိုက္နိုင္ေနသေရြ႕ မည္သူမဆိုလြတ္လပ္စြာ ပညာသင္ယူခြင့္ရွိတာ လူသားတစ္ေယာက္ရဲ႕အေျခခံရပိုင္ခြင့္တစ္ခုပါ။

မင္းက ဆရာဝန္မို႕ဘာဆိုင္လို႕ မိုးေလဝသပညာေလ႕လာေနရတာတုန္း။ မင္းဟာမင္း ေဆးကုမေနဘဲ ဘာလို႕ေက်ာက္မ်က္ေတြမွာ ဆရာလာလုပ္ေနရတာတုန္း။ မင္းကဘာတတ္လို႕ ဒီ Quantum Mechanics မွာ လာဝင္ရွည္ရတာတုန္း။ Schrodinger cat နဲ႕မင္းနဲ႕ဘာဆိုင္လို႕တုန္း။မင္းတို႕ဆရာဝန္ေတြနဲ႕ ဘူမိေဗဒက ပတၲျမားရဲ႕ origin နဲ႕ဘာဆိုင္လို႕တုန္း။ မင္းက ဘုန္းျကီးထက္ဘာတတ္ေနလို႕ ပ႒ာန္းက်မ္းကိုလာေဝဖန္ရတာတုန္း။ မင္းကေက်ာင္းဆရာမို႕ ဒီပညာေရးစနစ္ကိုလာေဝဖန္တာလား။ မင္းနဲ႕ ဒီ molecular structure နဲ႕ ဘာဆိုင္တုန္း။ မင္းတို႕ေရာဂါေဗဒနဲ႕ ဒီ ျမေတြ ဖရဲအူေတြ ဥေဒါင္ေတြ စိန္ေတြ ေက်ာက္စိမ္းသိုက္ေတြနဲ႕ ဘာဆိုင္လို႕တုန္း။Bertrand Russell တို႕ Jean Baudrillard တို႕ကဘယ္လိုေျပာတာပဲလို႕ေျပာလိုက္ရင္ မ်က္လံုးေတြက တစ္မ်ိဳးျမင္ခံခဲ႕ရတာေတြ။ Stephen Hawking ရဲ႕ ေနာက္ဆံုးစာအုပ္ျဖစ္တဲဲ႕ The Grand Design ကိုသူမ်ားေတြအေရွ႕ဖတ္မိလို႕ ျကည့္ခံခဲ႕ရတဲ႕ မ်က္လံုးစိမ္းျကီးေတြ။ On the Origin of Species , The Voyage of the Beagle စာအုပ္ေတြအေျကာင္းေဆြးေႏြးျကည့္ရင္ အရူးတစ္ေယာက္လိုအျကည့္ခံခဲ႕ရတာေတြ၊ Silent Spring ကိုဖတ္ျပီး Rachel Carson ဘယ္လိုခံစားခဲ႕ရတာလို႕ေျပာရင္ အေပါတစ္ေယာက္လိုထင္ခံခဲ႕ရတာေတြ။Philosophy , Psychology ေလ႕လာတဲ႕လူဆို အရူးျကပ္မျပည့္တဲ႕ေကာင္လို႕ အထင္ခံရတာေတြ။

ျကားေနက်ျဖစ္တဲ႕ ေဝဖန္မႈေတြ feedback ေတြပါ။ အစကေတာ့ ဝမ္းနည္းမိပါတယ္။ ဘာကမွားေနတာလဲလို႕ တစ္သက္လံုးျပန္သံုးသပ္မိပါတယ္။

မင္းဟာမင္း ေအးေဆး Internal Medicine ဖတ္ေနစမ္းပါ။

ငါပဲမွားေနတာလား ။
သူတို႕ပဲမွားေနတာလား။
ငါပဲေျကာင္ေနတာလား။
သူတို႕ပဲ ပံုမွန္ျဖစ္ေနတာလား။
ငါပဲ ေလာကျကီးရဲ႕အလိုက္အထိုက္မေနနိုင္တာလား။
ငါကိုက ဟိုဟာသိခ်င္ ဒီဟာလည္းသိခ်င္ စပ္စုေနတာလား။
ငါပဲလ်ွာရွည္ေနတာလား။

ကၽြန္ေတာ္ သိတတ္တဲ႕အရြယ္ကစလို႕ ဘာကိုစိတ္ဝင္စားတယ္လို႕ေမးရင္ Science လို႕ပဲေျဖတာေလးကို မွတ္မိေနပါေသးတယ္။ ရုပ္ျမင္သံျကားက Science ဆိုတဲ႕ အစီအစဥ္ေလးကို 1990 ေနာက္ပိုင္းမွာ ဗုဒၶဟူးနဲဲ႕စေန တစ္ပတ္နွစ္ခါလႊင့္တာ မလြတ္တမ္းျကည့္မိတာကို အမွတ္ရေနဆဲ။
ဒီလိုနဲ႕ အလယ္တန္းေရာက္လာေတာ့ ဘာကိုစိတ္ဝင္စားဆံုးလဲေမးရင္ ပထဝီနဲ႕ သိပၸံက အဓိက။ ျပီးေတာ့ သခ်ၤာ ၊ အဂၤလိပ္။ က်န္တာကေတာ့ အျပင္မွာအေမးအျမန္းထူတာပါပဲ။အရာရာကို သံသယမ်ားျပီးလြယ္လြယ္မယံုတတ္သလို လက္သင့္ခံနိုင္မွသာယံုတတ္တာ ေခါင္းသိပ္မာတာ အက်င္႕တစ္ခုပါ။

ကၽြန္ေတာ္တို႕တုန္းက ပထဝီဆိုတာ အေျခခံသဘာဝပထဝီဝင္၊ ျမန္မာ႕ပထဝီဝင္၊ ကမၻာ႕ပထဝီဝင္၊ လက္ေတြ႕ပထဝီဝင္။ ဒီလိုခြဲသင္တယ္။ အခုလည္း ဒါနဲ႕မနီးရိုးစြဲသင္တာပဲ။ဘာကြာသြားလဲဆိုရင္ ထင္သာျမင္သာရွိတာ စာအုပ္အရြယ္အစား။ ကၽြန္ေတာ္ ရွစ္တန္းတုန္းက သခ်ၤာ (၁) စာအုပ္ျပီးရင္ ပထဝီက အထူဆံုး။ ျပီးေတာ့ သိပၸံစာအုပ္။ အခုကေလးေတြကို ဘယ္လိုမွတ္ရတယ္က်က္ရတယ္ေျပာရင္ ရူးေလာက္တယ္။
သင္ရတာေတြကလည္း ငါးတန္းကစလို႕ ရွစ္တန္းအထိစာမထပ္ဘူူး။ ကၽြန္ေတာ္ ေတာ္ေတာ္သေဘာက်တာက ျမန္မာ႕ပထဝီဝင္နဲ႕ ကမၻာ႕ပထဝီဝင္။ အေျခခံသဘာဝပထဝီဝင္နဲ႕ လက္ေတြ႕ပထဝီဝင္က သိပၸံဆန္ေတာ့ ကၽြန္ေတာ္က သိပၸံလို႕ပဲ သတ္မွတ္တာ။ ကမၻာ႕ပထဝီအသံုးဝင္ပံုမ်ား အခုေမးျကည့္ အေမရိကနွစ္တိုက္စလံုးျကိဳက္တဲ႕ Geography and Geology ၊ အာဖရိက၊ ဥေရာပ၊ အာရွနဲ႕ ျသစေျတးလ်ေရာ။ အႏၲာတိကေရာ။ အပေလခ်ီယန္ကုန္းျပင္ျမင့္ကဘယ္နားမွာ။ လက္ဘရေဒါကုန္းျပင္ျမင့္ကဘယ္လို။ စိန္႕အန္ဒရီးယားစ္ျပတ္ေရြ႕ကဘယ္လို။ ရဲလိုးစတုန္းအမ်ိဳးသားဥယ်ာဥ္က ေရပူစမ္းေတြ၊ ဆီအာရာနီဗားဒါးက ဘယ္နား။ မစၥစၥပီျမစ္နဲ႕ မစ္ဇူရီျမစ္တို႕ စိန္႕လူးဝစ္ျမိဳ႕နားေပါင္းဆံုပံုေတြ၊ ဂရိတ္ဘာရီယာသႏၲာေက်ာက္တန္းနဲ႕ ဂရိတ္ဒီဗိုင္းဒင္းေတာင္တန္းကဘယ္လို။ မီးေတာင္ရွင္ရပ္ဝန္းထဲမွာ ဘာေတြပါတယ္။ အီေကြတာနဲ႕နီးျပီးေတာ့ ေတာင္တန္းကျမင့္လြန္းလို႕ ထာဝရေရခဲေတြရွိေနတဲ႕ ေတာင္တန္းအေျကာင္းေတြ။ အာဖရိကတိုက္က တစ္ခုတည္းေသာေရခဲေတာင္ရွိတဲဲ႕နိုင္ငံအေျကာင္း။မက္ဒါဂါစကားကၽြန္းရဲ႕ သဘာဝေပါက္ပင္နဲ႕ တိရစၧာန္မ်ိဳးရင္းေတြ၊ ရိုင္းျမစ္၊ရုန္းျမစ္၊ေဗာ္ဂါျမစ္၊ ဒင္းညဳျမစ္ေတြအေျကာင္း။ ယူရယ္လ္ေတာင္တန္းရဲ႕တည္ေနရာအေရးပါမႈ။ ပေရရီျမက္ခင္းနဲ႕ စတက္ျမက္ခင္းကြာျခားေနပံုေတြ။ အာတာကားမားကႏၲာရကဘယ္လို၊ ဆာဟာရကဘယ္လို၊ဂိုဘီကဘယ္လို၊ တာကလီမာကန္ကဘယ္လို။
အကုန္မွတ္မိေနပါေသးတယ္။
ဒီေတာ့ မေရာက္ဖူးလည္း ေရာက္ဖူးသလိုပဲ။
အသက္အရြယ္ရလာေတာ့ အဂၤလိပ္လိုတစ္ေခါက္ျပန္ဖတ္ျကည့္တာ ဒါေတြက အကုန္သင္ျပီးသားမွတ္မိျပီးသားခ်ည္းပဲ။

ျမန္မာ႕ပထဝီဝင္ဆိုလည္း သဘာဝအပိုင္းျကီးကိုးပိုင္း။တန္ဖိုးျဖတ္လို႕မရတဲ႕ပညာေတြ။ တစ္ျပည္လံုးရဲ႕ ျမစ္ေခ်ာင္းေတာေတာင္အေနအထား၊ လူဦးေရနွင့္လူမ်ိဳး၊ ထြက္ကုန္ပစၥည္း၊ သတၴဳသိုက္ေတြ။ အစံုပဲ။ ဟိႏၵား၊ ဟာျမင္းျကီးကဘယ္နား၊ သျဗဳကဘယ္နား၊ က်ားတြင္းေရကဘယ္နား ဘာထြက္၊ ပင္းပက္ကဘာထြက္၊ ခ်င္းက ေျမြေတာင္ ဖားေတာင္ေတြ၊ ေျကးစင္ေတာင္၊ စံပယ္ေတာင္၊လက္ပေတာင္းေတာင္ေတြ၊ ရခိုင္က စြန္ေတာင္ကဘာထြက္၊ တနသၤာရီရဲ႕အျမင္႕ဆံုးေတာင္ထြဋ္ရွိတဲဲ့ေတာင္တန္း၊ အိႏိၵယကိုသြားလို႕ရတဲ႕ေတာင္ျကားလမ္းအစဥ္လိုက္၊ တရုတ္တိဘက္ကို သြားလို႕ရတဲ႕ေတာင္ျကားလမ္းအစဥ္လိုက္၊ ဧရာဝတီျမစ္ရဲ႕ ျမစ္လက္တက္တစ္ခုမက်န္ရဲ႕နာမည္ေတြ၊ တစ္ျပည္လံုးသစ္ေတာေပါက္ေရာက္ပံုနဲ႕ေပါက္ေရာက္တဲ႕အပင္အေျကာင္းေတြ။ တန္ဖိုးျဖတ္မရ။
အေျခခံသဘာဝပထဝီဝင္နဲ႕ လက္ေတြ႕ပထဝီဝင္လည္း ဘယ္ေလာက္အသံုးက်တုန္းေမးျကည့္။ ေန႕နဲ႕ညျဖစ္ေပၚပံုကအစ၊ ေလေျကာင္းမ်ားေျပာင္းလဲတိုက္ခတ္ပံုကို ကမၻာလည္ျခင္းကပါ လႊမ္းမိုးထားမႈအလယ္၊ သႏၲာကၽြန္းသံုးမ်ိဳး၊ေတာင္ေလးမ်ိဳး၊ ေက်ာက္သံုးမ်ိဳးအဆံုး။ မာက်ဴရီျဂိဳလ္ နက္ပကၽြန္းျဂိဳလ္အကုန္။ ပိရမစ္ပံု မက္တဟြန္းေတာင္ထိပ္ေတြ၊ ေရခဲျမစ္ရဲ႕ တို္က္စားျခင္း၊သယ္ေဆာင္ျခင္း၊ပို႕ခ်ျခင္းေတြ။ ေျမာက္ယာဥ္စြန္းတန္းနဲ႕ ေတာင္ယာဥ္စြန္းတန္းေတြရဲ႕အေရးပါပံုေတြ။
ဟုတ္ပါတယ္။ ျမန္မာလိုသင္ေသာ္လည္း အသံထြက္ပဲဖလွယ္သင္ခံခဲ႕ရတာပါ။ သိပၸံမွာလည္း Mechanics ရဲ႕အေျခခံသေဘာတရားေတြျဖစ္တဲ႕ movement,heat,sound and light ေတြ၊ Chemistry နဲ႕ Biology ေတြရဲ႕ အေျခခံေတြခ်ည္းပဲ။
အထက္တန္းေရာက္ျပန္ေတာ႕ ထံုးစံအတိုင္း အတြဲ (၇) ေပါ့ဗ်ာ။ ေတာ္ေသးတာက ျမန္မာစာကလြဲလို႕ က်န္တာ အဂၤလိပ္လိုသင္ရတာ။ အခုသင္ေနရတဲ႕ သင္ရိုးညႊန္းတမ္းရဲ႕အေျပာင္း ဒုတိယေျမာက္နွစ္ေပါ့ဗ်ာ။
ေျပာခ်င္တာ အခုမွေရာက္တယ္။ လူတစ္ေယာက္ပညာသင္ျကားျခင္းကို ကန္႕သတ္ခ်ဳပ္ျခယ္ျပီး ဘဝပ်က္သြားေစတာ ေတာ္ေတာ္႕ကို အကုသိုလ္ျကီးတဲ႕အမႈပါ။ ဆယ္တန္းဘာသာတြဲေရြးခ်ယ္ေစမႈေျကာင့္ သိသင့္သိထိုက္တဲ႕ ပညာဗဟုသုတေတြကို အေျခခံပညာအဆင့္မွာ လူတိုင္းသိသင့္တာကို ကန္႕သတ္လိုက္တာလို႕ပဲ ရွင္းရွင္းျမင္ပါတယ္။ ဘာကိုဝါသနာပါမွန္းမသိေသးတဲ႕ ကေလးသာသာျမီးေကာင္ေပါက္အရြယ္ေလးေတြကို တစ္လံုးမက်န္အတိအက်အလြတ္က်က္ေစျခင္းဆိုတဲ႕ ညွင္းဆဲဖိနွိပ္တဲ႕နည္းနဲ႕ လိုခ်င္တဲ႕အမွတ္ လိုခ်င္တဲ႕တကၠသိုလ္မရရင္ ဘဝပါေျပာင္းသြားေစနိုင္ေလာက္ေအာင္ေျကာက္စရာေကာင္းလွတဲ႕ စနစ္နဲ႕ ဖိနွိပ္ထားတာလို႕ပဲျမင္ပါတယ္။ ဒီေတာ႕ ဇီဝေဗဒကို မသိတဲ႕ေက်ာင္းသားေတြ တကၠသိုလ္ေရာက္ေတာ့ မွားမိမွားရာ ဘယ္လိုျဖစ္ရင္ဗိုက္ျကီးတတ္တယ္ဆိုတာကိုမသိေတာ့။ ပန္းကန္ျပားပ်ံနဲ႕ ဘာျမဴဒါျတိဂံအေျကာင္း share ထားတဲ႕ပုဂၢိဳလ္က ရူပေဗဒဘြဲ႕ရ။ ဟိုအရြက္ကိုေထာင္း အရည္ညွစ္ေသာက္ရင္ ကင္ဆာေပ်ာက္တယ္ share တဲ႕သူက ရုကၡေဗဒဘြဲ႕နဲ႕။ တစ္ခ်ိဳ႕ကလည္း ထိတိုင္းေရႊျဖစ္ေအာင္ ဓာတ္လံုးဖိုထိုးျက။ တစ္ခ်ိဳ႕ကလည္း စေကၠာမအတတ္ဆိုတာ အာကာသအထိဘယ္လိုမိုးပ်ံတာ ေဆြးေႏြးေနျက။ တစ္ခ်ိဳ႕ကလည္း ပတ္ကိြဳင္ေတာင္တန္းေပၚ အိႏိၵယနယ္စပ္က ေနာင္ယားကန္ထဲကနဂါးအေျကာင္းေျပာျက။ အခ်ိန္ခရီးသြားေတြဘယ္လိုရိွလို႕ အခုေခတ္ကတူတစ္ေခ်ာင္းေက်ာက္ထဲျမဳပ္ေနတာကိုအားရပါးရေျပာျက။ ေရွးတုန္းက လူျကီးေတြအရပ္ဆယ္ေပေက်ာ္တယ္ဆိုျပီး အရိုးအတုေတြျပလည္း ဘုရားေဟာဆိုျပီးယံုျက။ ေျမြျမင္ရင္ကို အခုပဲထိုင္ရွိခိုးရေတာ့မလို ရိုက္သတ္ရေတာ့မလို ထြက္ေျပးရေတာ့မလို။

ေနာက္တစ္ခုက ဗဟုသုတပညာကို သင္ရိုးညႊန္းတမ္းနဲ႕ကန္႕သတ္လိုက္တာပါ။ ဟိုးအရင္ပညာေတြနဲ႕ဆိုင္မဆိုင္မသိေတာ့။ အခုသင္ရိုးကိုျပန္ျကည့္ပါအံုးဗ်ာ။ ဥပမာ ပထဝီဝင္ကိုျကည့္။ တစ္နွစ္လာလည္း အာဆီယံဆယ္နိုင္ငံ။ ေနာက္တစ္တန္းတက္လည္း ဒီဆယ္နိုင္ငံ။ေနာက္တစ္တန္းေရာက္လည္း ဒီဆယ္နိုင္ငံ။ ဆယ္တန္းမွာ မယူမေနရအဂၤလိပ္စာမွာလည္း ဒီဆယ္နိုင္ငံ။ ဟိုနိုင္ငံေတြမွာ ကၽြန္သြားခံရင္ တမင္လြယ္ေအာင္လုပ္ေပးထားသလို။
ျမန္မာနိုင္ငံကို ပိုင္းျခားျပတဲ႕သဘာဝအပိုင္းျကီးကိုးပိုင္းဆိုတာ ဝါးတားတား။ တနသၤာရီသိေႏၶာမွာဘာထြက္မွန္းမသိ၊ ခ်င္းျပည္နယ္ေျမြေတာင္ဖားေတာင္မွာ ဘာထြက္တယ္မသိ၊ ပင္းပက္မွာဘာေတြထြက္ျပီး ဘယ္္မွာမွန္းလဲမသိ၊ သိျကတဲ႕တရုတ္ေတြ က တူးေနျပီ ၊ ေပါင္းစားကုန္ျကျပီ၊ ဒီကလူေတြက ဘြဲ႕ရအလုပ္သမားေတြျဖစ္လို႕၊ စဥ္းစားရင္း မ်က္ရည္က်မိတယ္။
ေက်ာက္သံုးမ်ိဳးေျပာပါဆိုရင္
၁.လမ္းခင္းေက်ာက္
၂.ငရုပ္ဆံုလုပ္တဲ႕ေက်ာက္
၃.ဘုရားထုတဲ႕ေက်ာက္တဲ႕။

ေန႕နဲ႕ည ၊ဒီေရနဲ႕ ေနျကတ္လျကတ္ပံုေတြ၊ ရာသီအလိုက္ေလေျကာင္းတိုက္ခတ္ပံုေတြ၊ ေျမာက္အေမရိကတိုက္ရဲ႕အျမင့္ဆံုးေတာင္ထြဋ္ဘာလဲလို႕ေမးျကည့္၊ အာဖရိကတိုက္မွာေရခဲေတာင္ရိွလားေမးျကည့္ ၊ အာဆီယံနိုင္ငံမွာ ျမန္မာမဟုတ္တဲ႕ေရခဲေတာင္ရွိတဲ႕နိုင္ငံေမးျကည့္။ မွန္ေအာင္လက္တန္းေျဖနိုင္တဲ႕ေက်ာင္းသား ေရႊတစ္က်ပ္သားေပးမယ္။ ေလာင္းေျကး။

ျမန္မာလိုသင္သင့္တာကို ျမန္မာလိုသင္ေပးျပီး အဂၤလိပ္လိုသင္သင့္တာကို အဂၤလိပ္လိုသင္ေပးမွ ေနာင္ေရွ႕ေလ်ွာက္ဘြဲ႕လြန္မ်ားဆက္ေလ႕လာရင္ အဆင္ေျပမွာပါ။ေသခ်ာတာတစ္ခုက ကၽြန္ေတာ္တို႕လို ဖြံ႕ျဖိဳးဆဲနိုင္ငံအေနနဲ႕ သုေတသနဦးေဆာင္နိုင္ငံျဖစ္လာဖို႕ ေနာင္အနွစ္ငါးဆယ္မလြယ္။ဒီေတာ့ သူမ်ားေတြ သုေတသနလုပ္လို႕ ရွာေဖြေတြ႕ရွိခ်က္ေတြကို ေလ႕လာနိုင္ဖို႕ အသံုးခ်နိုင္ဖို႕ အဂၤလိပ္လို သိမွလုပ္လို႕ရမွာပါ။
ဒီေလာက္အထိေတာင္ ပညာသင္ခြင့္ကို ကန္႕သတ္ေနျကတာ ပညာဆိုတာ နိုင္ငံတစ္ခုဆည္ေဆာက္ေရးမွာအေရးအျကီးဆံုးဆိုတာ အေျပာသက္သက္မဟုတ္ပါ။
မိမိကိုယ္စြမ္း ဥာဏ္စြမ္းရိွသေရြ႕ ပညာသင္ယူနိုင္ခြင့္ရိွေအာင္လုပ္ရမွာပါ။ ပညာတတ္လာမွ ကမၻာမွာ အယဥ္ေက်းဆံုးလူမ်ိဳးျပန္ျဖစ္လာမွာပါ။ အခုေတာ့ သတင္းတစ္ခုခုဆိုရင္ ေရးျကတဲ႕ကြန္မန္႕ေတြကို ျမင္ရ ျကားရတာ မ်က္စိနား မခ်မ္းသာပါ။ ဝမ္းနည္းစရာ။

ကၽြန္ေတာ္ဘာေျကာင့္ ဒီလိုေျပာေနရတာလဲဆိုရင္ ကၽြန္ေတာ္အရင္တုန္းက Primary,Secondary , O level , SAT ,TOFEL, IELTS အကုန္သင္ေပးဖူးပါတယ္။ Cambridge , Edexcel, Longman အကုန္သင္ဖူးပါတယ္။ ကၽြန္ေတာ္တို႕နိုင္ငံနဲ႕ အရမ္းကြာေနပါျပီ။ O level ဆိုတာဆယ္တန္းနဲ႕တူတူပါ။ O level Biology မွာ DNA ရဲ႕ Base ေတြျဖစ္တဲ႕ Adenine,Guanine ,Cytosine,Uricil အကုန္သင္ေနရပါျပီ။O level ကေလးတစ္ေယာက္ အမ်ိဳးသမီးရာသီစက္ဝန္း ဘယ္အခ်ိန္သားဥေျကြတယ္၊ ဘယ္အခ်ိန္ရာသီေသြးေပၚတယ္၊ ဘယ္အခ်ိန္ဆို ကိုယ္ဝန္ရနိုင္တယ္ အကုန္သိေနပါျပီ။ ပန္းျခံတစ္ခုခုထဲေရာက္ရင္ သဘာဝေပါက္ပင္ေတြဘယ္လိုရွိျကတယ္၊ ေဂဟစက္ဝန္းမွာ Food-chain and Food-web ေတြဘယ္လိုရိွတယ္ သိေနပါျပီ။တစ္ခ်ိဳ႕ကေျပာပါတယ္။ ျမန္မာဆယ္တန္းက O level ကရူပေဗဒထက္ပိုခက္သလိုလို ဒီကပဲပိုျမင့္သလိုလို။ ဒါမ်ိဳး Reason ဆင္ေျခဆင္လက္ကို လံုးဝမျကိဳက္ပါ။ ကၽြန္ေတာ္တို႕မွာ O level ထက္ ပိုသင္ေနရတဲ႕ဘာသာရွိသလို လိုအပ္ေနေသးတဲ႕တစ္ျခားဘာသာရပ္ေတြမွာ ပိုသင္ရမွာပါ။ ဒီလိုမွ ကမၻာကိုအမီွလိုက္နိုင္မွာ။

ေနာက္ဆံုးမွာေျပာင္းလဲေစခ်င္တဲ႕အခ်က္သံုးခ်က္ပဲရိွပါတယ္။
၁. ပညာဆိုတာ မည္သူမဆိုလြတ္လပ္စြာ အကန္႕အသတ္မဲ႕ အသက္အရြယ္မေရြး ကိုယ္စြမ္း ဥာဏ္စြမ္းရိွသေရြ႕မည္သည့္ပညာမဆိုသင္ယူခြင့္ရွိရပါမယ္။
၂. ပညာကိုျမတ္နိုးစြာရွာသလို သိတဲ႕ပညာကို အသံုးခ်တတ္ရပါမယ္။အသံုးခ်လို႕လြယ္ေအာင္လည္း အလုပ္အကိုင္ဖန္တီးေပးရပါမယ္။ သညာထက္ ပညာပိုတတ္ေစရပါမယ္။
၃. သင္ရိုးညႊန္းတမ္းေတြ အသံုးမက်ျဖစ္ေနပါတယ္။ အားလံုးကို ျမန္မာလိုသင္ျကားေစျခင္းလို မလိုလားအပ္ဘဲ ေနာက္ျပန္ဆုတ္ေစတဲ႕ေျပာင္းလဲမႈမ်ိဳးမဟုတ္ဘဲ သိသင့္သိထိုက္တာအကုန္ပါေအာင္သင္ျကားရမယ့္ သင္ရိုးညႊန္းတမ္းအျဖစ္ေျပာင္းလဲေစျပီး အလြတ္က်က္တာထက္ေကာင္းတဲ႕ Teaching methodology ေတြကို အသံုးျပဳသင္ျကားေပးျကဖို႕ပါ။

ကၽြန္ေတာ္ကေတာ့ အေျခခံပညာမွာေရာ ဆိုင္ရာအဆင့္ျမင့္တကၠသိုလ္မ်ားမွာပါ အစည္းအေဝးခန္းထဲကေျပာင္းလဲျခင္းမဟုတ္ဘဲ စာသင္ခန္းထဲကေျပာင္းလဲျခင္း လက္ေတြ႕ခန္းထဲကေျပာင္းလဲျခင္းေတြျဖစ္ေအာင္ တစ္ေထာင့္တစ္ေနရာကေနပါဝင္ကူညီေပးခ်င္ပါတယ္။

ဟိုလိုအခက္အခဲရွိေတြရွိမွာေပါ့။ ဒီလိုေျပာင္းလို႕မရဘူးေလ။ ဟိုအစည္းအေဝးမွာ ဟိုကဆံုးျဖတ္မွလုပ္လို႕ရမွာ။ တိုင္ပင္ျကပါအံုး။ ဟိုလိုအစည္းအေဝးေတြေခၚေလ။အထက္လူျကီးကို တင္ျပရမွာ။ ေအာက္ကလိုက္လည္းမလုပ္ျကဘူး။

အခုထိရွိေနပါေသးတယ္။ အေျကာင္းအမ်ိဳးမ်ိဳးေျကာင့္ တကၠသိုလ္တစ္ခုကေန ထြက္ရတဲ႕အခါ မိမိစိတ္ျကိဳက္ပညာသင္ျကားခြင့္မရတာေတြ။ ေက်ာင္းသားေတြကို စာကိုေျကာက္လာေအာင္၊ ေက်ာင္းမလာခ်င္ေအာင္၊ ပညာဆိုတာဘြဲ႕ရမဂၤလာေဆာင္ရင္ နာမည္ေအာက္မွာအျမီးရွည္ျဖစ္တာထက္မပိုေအာင္လုပ္ထားတာေတြ။ ဘြဲ႕လြန္ပညာဆက္လက္သင္ယူဖို႕ သင့္ေလ်ာ္တဲ႕သူတိုင္းမသင္ယူနိုင္ေအာင္ တစ္ဖက္သတ္ကန္႕သတ္ခ်က္ေတြ။ What's ashamed .

ဟုတ္ကဲ႕ နွစ္ေတြဆယ္ခ်ီေနပါျပီ။ ဒါ့ထက္လည္းစုတ္စရာမရွိေလာက္ေအာင္ စုတ္ပ်က္သတ္ေနပါျပီ။
ေတာ္ျကပါေတာ့။ ေျပာင္းလဲတယ္ဆိုတာ အခုေျပာင္းလဲဖို႕ပဲလိုတာပါ။ Generation by Generation ျမင့္လာမွ ဘဝဆိုတာျပည့္စံုတာပါလို႕ပဲခံယူပါတယ္။ မိမိေနထိုင္ရာတိုင္းျပည္ကို ပညာျဖင့္ျပည့္စံုေစျခင္းသည္သာ အေကာင္းဆံုးအလုပ္အေကၽြးျပဳျခင္းမည္ပါတယ္။

image

image

image

image

Photo from google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Upvoted ☝ Have a great day!