မင်္ဂလာပါခင်ဗျာ။
ဖတ်စေချင်လို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ။ ဘဝတူ ဓာတ်ကြိးများ အဆင်ပြေကြပါစေ :)
သင်္ဘောပေါ်မှ REFRIGERATION SYSTEM များအကြောင်း (သို့ မဟုတ်) PROVISION CHILLER/FREEZER
၁။ BASIC PRINCIPLES OF REFRIGERATION
အငွေ့ ကိုဖိနှိပ်ပြီးတော့ အအေးခံတာကိုသင်္ဘောတွေမှာ အသုံးပြုပါတယ်။ ဖိနှိပ်ပြီး အအေးခံဖို့ အတွက် အခြေခံကျတဲ့ Component ၄ခုမှာ evaporator, compressor, condenser, နှင့် expansion valve တွေပဲဖြစ်တယ်။ အဲဒီ ၄ခုကို tube ထဲမှာ sequence ဆက်လိုက်ရင် compresson refrigeration system လို့ ခေါ်တဲ့ enclosed system cycle တစ်ခုဖြစ်ပေါ်လာပါတယ်။
Refrigeration အတွက် အလုပ်လုပ်ပေးတဲ့ ပစ္စည်းတချို့ ကို (refrigerants) refrigeration system ထဲကို ထည့်လိုက်ပါတယ်။ အဲဒီပစ္စည်းဟာ normal atmospheric pressure အောက်မှာ Low Boiling point ရှိတဲ့အချိန်မှာ ပုံမှန်အားဖြင့်တော့ အရာဝထ္ထုတစ်ခုဖြစ်တယ်။ ဒါပေမယ့် latent heat များလာတဲ့အချိန်မှာ အငွေ့ ပျံသွားပါတယ်။ R12 refrigerant ကို အများဆုံးအသုံးပြုပါတယ်။ R12 ရဲ့  boiling temperature က standard atmospheric pressure အောက်မှာ -29.8˚C ဖြစ်ပါတယ်။ ပစ္စည်းရဲ့  performance အရ saturation pressure နဲ့  saturation temperature မှာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေပါတယ်။ ဒါ့ကြောင့် refrigerant ရဲ့  pressure ပြောင်းလဲလာတာနဲ့ အမျှ ၎င်းရဲ့  boiling temperature ပါပြောင်းလဲလာပါလိမ့်မယ်။
Compressor inlet ကနေပြီးတော့ system အထဲကို refrigerant တွေ ဆွဲယူလိုက်တယ်။ ပြီးရင် ၎င်းရဲ့  pressure တိုးအောင် piston အားနဲ့  compressed လုပ်လိုက်ပါတယ်။ အဲ့ဒါကြောင့် High pressure – High temperature gas တွေဖြစ်လာပါတယ်။ အဲဒီ HP-HT refrigerant gas တွေကို condenser ထဲကို မောင်းထဲလိုက်ပါတယ်။ Condenser ထဲမှာ Seawater နဲ့ တောက်လျှောက် အအေးပေးနေတဲ့အတွက် HP-HT refrigerant gas တွေရဲ့  အပူကို heat exchanger အဖြစ် သယ်ဆောင်သွားပါတယ်။ ဒါ့ကြောင့် Low temperature – High pressure liquid ဖြစ်လာပါတော့တယ်။ အဲ့ဒီ LT-HP အရည်တွေဟာ expension valve ကိုဖြတ်လို့ evaporator အထဲကို စီးဝင်သွားတယ်။ Expension valve ကို ဖြတ်နေချိန်မှာ evaporator က သင့်တော်တဲ့ Pressure ရအောင် လျှော့ကျသွားပါတယ်။ အဲသည်လို pressure ကျတဲ့အတွက် low temperature က ပိုလျော့ကျပြီးအေးသွားပါတယ်။ အဲဒီအချိန် blower မှာ evaporator ထဲကို ဖြတ်ဝင်လာတဲ့ အအေးဓာတ်ကိုယူဖို့ လိုအပ်တဲ့နေရာတွေကို မှုတ်ထုတ်ပြီးပို့  ပေးပါတယ်။ Evaporator ထဲမှာ Liquid State မှ Vapour State သို့  vaporization ဖြစ်သွားပါတော့တယ်။ အဲသည် Vapour တွေကို compressor က စုပ်ယူ၊ဖိကျစ်ပြီး condenser မှ condenses, temperature လျှော့ချပြီး evaporator မှ vapour ပြန်ပြောင်းခြင်းနဲ့  နောက်ထပ် cycle တစ်ခုကိုရရှိပါတယ်။
၂။ Components of system
(a) Compressor
(b) Condenser
(c) Evaporator
(d) Expansion valve
(e) Oil Separator (or) Strainer
(f) Filter
(g) Solenoid valve
Compressor
Compressor ရဲ့ အလုပ်လုပ်ပုံမှာ Evaporator ထဲက low pressure refrigerant vapour ကို ဆွဲယူဖို့ နဲ့ ၊ ဆွဲယူထားတဲ့ vapour တွေကို condensed အဖြစ်ပြောင်းလဲစေဖို့  ဖိနှိပ်ပေးတယ်။ air-conditioning plant မှာ အသုံးပြုနေတဲ့ compressor များက motor dirve အမျိုးအစားတွေများပါတယ်။ Electric motor ကနေ Compressor ရဲ့  Crankshaft ကို power ပေးတယ်၊ Crankshaft လည်တဲ့အတွက်ကြောင့် connecting rod ရဲ့  အကူအညီနဲ့  piston တွေက အပေါ်အောက် ရွှေ့ လျှားသွားပါတယ်။ piston အပေါ်အောက် ရွှေ့ လျှားတာကြောင့် လေကို ဆွဲသွင်းတယ်၊ ဖိကျစ်တယ်၊ condenser အထဲကို discharging ပေးပို့ ပေးတဲ့အလုပ်တွေကို လုပ်ဆောင်ပါတယ်။
Condenser
Condenser ရဲ့  အလုပ်လုပ်ပုံမှာ သူ့ ဆီဝင်ရောက်လာတဲ့ refrigerants vapour ကို temperature လျှော့ချမယ်။ အအေးခံပြီး liquid အခြေအနေကို ပြောင်းပေးဖို့ ဖြစ်တယ်။ Refrigerant vapour ရဲ့  အောင်းပူ latent heat ကို seawater ဆီကို ရောက်ရှိသွားစေတာပဲဖြစ်တယ်။ condenser တွေဟာ Shell tube အမျိုးအစားဖြစ်ပြီးတော့ cylinder shell တစ်ခု၊ rolled-up steel plate တစ်ခု pipe plate နဲ့  welded လုပ်ထားတဲ့ cooling tubes တစ်စုံရှိပါတယ်။
Evaporator
Evaporator ရဲ့  အလုပ်လုပ်ပုံမှာ low pressure liquid refrigerant ဟာ ပတ်ဝန်းကျင်က အပူကိုစုပ်ယူပြီး evaporator ဖြစ်စေဖို့  heat transfer surface တစ်ခုပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ Evaporator ထဲမှာ liquid ကနေ vapour အခြေအနေကို ပြန်လည်ပြောင်းလဲသွားတာပဲဖြစ်တယ်။
Expansion Valve
Expansion valve ရဲ့ အလုပ်လုပ်ပုံမှာ condenser ထဲက ထွက်လာတဲ့ Liquid pressure ကို evaporator ထဲမှာ evaporate အငွေ့ ပျံနိုင်အောင် လျှော့ချပေးနိုင်ဖို့ ပဲဖြစ်ပါတယ်။ ၎င်း valve ဟာ refrigerant အရည်ရဲ့ Flow စီးဆင်းမှုကို ထိန်းချုပ်ပေးတယ်။ ပုံမှန်ဖြစ်အောင် လုပ်ဆောင်စေတယ်။ များသောအားဖြင့် capillary tube နဲ့  sensing လုပ်လေ့ရှိတယ်။
Strainer
Strainer ရဲ့  အလုပ်လုပ်ပုံမှာ Compressor ရှိ piston, crankshaft စတဲ့ friction ဖြစ်စေမယ့်နေရာတိုင်းမှာ ဆီဖြည့်ပေးရတယ်။ တစ်ခါတစ်ရံမှာ အဲဒီ ဆီတွေက Refrigerant နဲ့ ရောနှောပြီးပါလာတက်ပါတယ်။ အဲ့ဒီအခါမှာ strainer က စစ်ထုတ်ပြီးတော့ compressor အထဲကိုပြန်ထည့်ပေးပါတယ်။
Filter
Filter ရဲ့  အလုပ်လုပ်ပုံမှာ Compressor က ထွက်လာတဲ့ Refrigerant vapout ထဲမှာ ရေခိုးရေငွေ့  တွေပါလာခဲ့ရင် စစ်ထုတ်ပေးတဲ့ အလုပ်ကိုလုပ်ပေးပါတယ်။
Solenoid valve
Solenoid Valve ရဲ့  အလုပ်လုပ်ပုံမှာ Relay coil နဲ့ အဖွင့်၊အပိတ်လုပ်ပေးပါတယ်။ Cycle လမ်းကြောင်းမှာ တပ်ဆင်ထားပါတယ်။ Control signal လာခဲ့ရင် Relay coil မှာ သံလိုက်ဓာတ်ဖြစ်ပေါ်စေပြီးတော့ Valve ကိုဖွင့်ပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။
သင်္ဘောပေါ်က MARINE TYPE REFRIGRATION SYSTEM များ၏ စုံစီနဖာပြဿနာများအကြောင်း တစေ့တစောင်း
ELECTRICAIN တစ်ယောက်အနေနဲ့ တာဝန်ယူရတာအများဆုံးဖြစ်လာတဲ့အလုပ်ထဲမှာ အစားအသောက်သိုလှောင်တဲ့ အအေးခန်းတွေရဲ့ အခန်းကဏ္ဍဟာသိသိသာသာအရေးပါလာပါတယ်။ System ထဲမှာ Pressure တက်လို့ ပဲဖြစ်စေ၊ ကျလို့ ပဲဖြစ်စေ ဘယ်လိုအကြောင်းပဲ ပေါ်ပေါ်၊တကြော်ကြော်အခေါ်ခံရတာကတော့ Electrician တွေပဲဖြစ်လို့  need to know သိကိုသိနေဖို့ လိုအပ်သလို nice to know သိထားသင့်တဲ့ ပညာရပ်ထဲမှာပါပါတယ်ခင်ဗျာ။ Pressure တက်လို့ ပဲဖြစ်စေ၊ ကျလို့ ဖြစ်စေ Motor (R.P.M) လေးတစ်ချက်လောက် စစ်ပေးစမ်းပါဦးဆိုတော့ နည်းနည်းတော့ အောက်သီးအောက်သက်ဖြစ်ရပါတယ်။ တကယ်တော့ စစ်ခိုင်းတဲ့ပုဂိုလ်အများစုဟာ လျှပ်စစ်အကြောင်းကို သေသေချာချာနားမလည်လို့ ခိုင်းတာပဲဖြစ်ပါတယ်။ ဘာလို့ ဒီလိုပြောရသလဲဆိုလျှင် 3phase induction motor ဆိုတာ ဘယ်တော့မှ R.P.M မနည်းဘူးဆိုတာ သေချာနားမလည်လို့ ပြောကြတာ။ Pressure ဆိုတာ Temperature နဲ့ သာ တိုက်ရိုက်ပတ်သတ် ဆက်နွယ်နေတာပါ။ Pressure များရင် Temperature များမယ်၊ ထို့ နည်းတူ Pressure နည်းရင် Temperature နည်းမယ်။ တကယ့်ပြဿနာက Refrigeration System ထဲမှာ fault ဖြစ်နေလို့ သာ Gas pressure အတက်၊အကျဖြစ်ရတာပါ။ ဒါ့ကြောင့် Electrician တစ်ယောက်အနေနဲ့ ဒီsystem တွေအကြောင်းမသိမဖြစ်သိနေဖို့ လိုအပ်လာပါပြီ။
ဒီ System ရဲ့  အဓိကအချက်အလက်လေးတွေက Compressor, Condenser, Evaporator, Filter Drier, Expansion valve တွေပဲဖြစ်ပါတယ်။ ဒီတော့ Compressor ကအစပြုရလျှင် Compressor ဆိုတာ Liquid ကိုတော့ compress လုပ်တာမဟုတ်ဘူး ဆိုတာကိုသိထားဖို့ လိုအပ်ပါတယ်။ Suction line က ဝင်လာတာလည်း Vapour ပဲဖြစ်လို့  compressor ဆိုတာ vapour ကိုပဲ compress လုပ်နိုင်တယ်။ ဒီတော့ Liquid ကိုတော့ Compress မလုပ်နိုင်ဘူးဆိုတဲ့အချက်လေးကို သိထားဖို့ လိုပါတယ်။
From Marine Electrical Pratice Knowledge Book
Nice to meet you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit