### ဆုတောင်းခြင်း ###

in esteem-awesome •  7 years ago  (edited)

image

      ဗုဒ္ဓဘာသာဝင်တို့ဓလေ့တခုကားအလှူအတန်းကုသိုလ်တခုခုပြုပြီတိုင်းဆုတောင်းလေ့ရှိခြင်းပင်။
       ဆုတောင်းလျှင်မိမိဖြစ်ချင်တာလိုချင်တာအားလုံးပြီးပြည့်စုံနိုင်ပါ၏လော။
          ရလာလျင်ဤအရာတို့ကားအစ်အမှန်ဖြစ်ပါ၏လော။

ယခုခေတ်အခါတွင် ဆုတောင်းခြင်းကိစ္စ အလွန်ပေါ်ပြူလာ ဖြစ်နေပါသည်။ တချို့ဆိုလျှင် လုပ်တာကနည်းနည်း တောင်းလိုက်တဲ့ ဆုက များလွန်း နေသည်ကို တွေ့ရပါသည်။

ဆုတောင်းပြည့်ဘုရား၊ ဆုတောင်းပြည့်စေတီ ဆိုပြီးတော့လည်း စေတီတွေ၊ ဘုရားဆင်းတု တော်တွေကို တည်ဆောက်နေကြပါသည်။

တပည့်တော်မေးလျှောက်လိုသည်မှာ အလှူ ဒါန သို့မဟုတ် ကောင်းမှု တစ်ခုပြုလုပ်ပြီးပါ က ထိုကောင်းမှုသည် ကောင်းကျိုးကိုပေးမည်ဧကန်ဖြစ်၍ ဆုတောင်း နေစရာလိုပါသေးသလား။ ဆုမတောင်းရင်ရော ကောင်းကျိုးကို မရတော့ ဘူးလားဆိုတာကို ကျမ်းဂန်အတိအကျဖြင့်သိမှတ်လိုပါသည် ဘုရား။

ဗုဒ္ဓဓမ္မဦးခင်အောင် (ခေတ္တမွမ်ဘိုင်းမြို့)

ပရိယတ္တိနှင့် အသင့်နှလုံးသွင်း


တစ်ခါတလေ အပြောတစ်သွင် အထင်တစ်မျိုးနဲ့ ကြုံရတတ် တယ်ဆိုတာရယ်၊ ကိုယ့်နှလုံးသားမှာ ပရိယတ္တိ (သင်ယူလေ့လာထားမှု) အခြေခံမရှိရင် မဇ္ဈိမပဋိပဒါနဲ့ လွဲတတ်တယ်ဆိုတာရယ်ကို ဗုဒ္ဓဓမ္မဆရာ တို့ သတိထားပါကုန်။

တစ်ခါက ပုဂံမှာ ဘုရားတွေ အများကြီးတည်ခဲ့တဲ့ ရှေးမြန်မာတွေကို 'အရူးထတာ'လို့ လှိမ့်ဝေဖန်တဲ့လူတစ်ယောက်နဲ့ ဆုံ ဖူးတယ်။

ဒါပေမဲ့ ကျစွာမင်းနဲ့ သံပျင်မင်းသမီးတို့ဆိုရင် 'ဘုန်းကြီးကို စာချ'နိုင်တယ်။ ကမ္ဘာကျော် သဒ္ဒနီတိကျမ်းဟာ ပုဂံခေတ်ကရေးတာ။ ရှင်အရဟံလိုပဋိပတ္တိ(အကျင့်) ထူးချွန်သူတွေလည်း အများကြီးပါပဲ။ အမှန်က အဲဒီပုဂံသင်္ကေတတွေဟာ တစ်ချိန်က ကြွယ်ဝခဲ့တဲ့ ပုဂံသားတွေ ရဲ့သဒ္ဓါပညာ တူမျှမှုအတွက် နှုတ်မမြွက်တဲ့ သက်သေတွေပဲလို့ အသင့် နှလုံးသွင်းနိုင်ရင် ကုသိုလ်မရပေဘူးလား။

လုပ်တာနည်းပေမယ့်


အဋ္ဌသာလိနီအဋ္ဌကထာကို ပို့ချတဲ့ဆရာဘုန်းကြီးဟာ တစ်နေ့ သုံးကြိမ် ဘုရားသောက်တော်ရေကပ်တယ်။ ကြွေကျနေတဲ့ တရုတ်စကား ပန်းတွေကို ကောက်ယူဆေးကြော၊ ပန်းကန်ဝိုင်းထဲ စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျ စီထည့်ပြီး အနည်းဆုံးတစ်ပတ်ကို သုံးရက်ပန်းကပ် တယ်။

အလွန်ကြည်ညိုစရာကောင်းတဲ့ ဆရာတော်ပါ။ ပြီး တိုင်း ဆုတောင်းပုံက 'ဣဒံ မေ ပုညံ.ဣဒံ မေပုညံ. ဣဒံ မေ ပုညံ.သဗ္ဗုညုတ ဥာဏဿ ပစ္စယောဟောတု' တဲ့။

တစ်ခါတစ်ရံ မြန်မာလို 'ဤကောင်းမှု..ဤ ကောင်းမှု..ဤကောင်း မှုသည် သဗ္ဗညုတဥာဏ်၏ အထောက်အပံ့ဖြစ်ပါစေသတည်း'တဲ့။

ဆရာတော်ဟာ တကယ့်ကို အလေးအနက်ပြုပြီး ဆုတောင်းတာတွေ့ ရတယ်။ အဲဒီတုန်းက ဆရာတော်ရဲ့စကားလုံး တွေ၊ အသံတွေကိုကြားတိုင်း ကြက်သီးထ လောက်အောင် ခံစားမိခဲ့ဖူးတယ်။

ဝိပဿီဗုဒ္ဓ ပရိနိဗ္ဗာန်စံတဲ့အခါ အ လောင်းတော်တစ်ခုလုံးကို ဌာပနာပြီး စေတီ တည်တယ်။ စေတီတော်ထီးတင်ပွဲမှာ ဆင်း ရဲသား ဥပါသကာ တစ်ယောက်ဟာ ပိတ်ဖြူစလေးတစ်ထည်ကို စေတီ ပေါ်က လွှမ်းခြုံလှူဒါန်းပြီး စေတီစောင့်နတ်ဖြစ်ဖို့ ဆုတောင်းတယ်။ ဒီကုသိုလ်ကြောင့် ဂေါတမဗုဒ္ဓလက်ထက်မှာ အင်မတန် ကိုယ်ခန္ဓာကျစ် လျစ်သန်မာတဲ့ အရှင်ဥပဝါဏမထေရ်ဖြစ်လာတယ်။ ဗုဒ္ဓပရိနိဗ္ဗာန်စံခါနီး ဗုဒ္ဓရဲ့ မျက်နှာတော်ရှေ့က ထိုင်နေရာမှာ အရှင်မြတ်ရဲ့ကိုယ်ကို နတ်တွေ တောင် ထွင်းဖောက်မမြင်နိုင်လို့ နေရာရွှေ့ပေးရတယ်။(ဒီ-ဋ္ဌ ၂၊ ၁၇၁)။

ဒါကြောင့် ဘဝသံသရာမှာ နည်းများမဟူ ကောင်းမှုတစ်ခု ပြုလုပ်ပြီးရင် ကိုယ့်ဆန္ဒအတိုင်း ဘယ်သူမဆို ဆုတောင်းခွင့်ရှိတယ် ဆိုတာကိုတော့ မြဲမြဲမှတ်သားထိုက်တယ်။

ဆုတောင်းစရာ လိုသလား


ကုသိုလ်ပြုပြီးရင် ဆုတောင်းဖို့မမေ့ပါနဲ့။ ဆုတောင်းဖို့လို တယ်။ ကျမ်းဂန်အတိအကျရှိလို့ အဲဒီအတိုင်းပဲမှတ်တာပေါ့။

၁။ ယဿ ပဉ္စဓမ္မာ အတ္ထိ န ပတ္ထနာ၊ တဿ ဂတိ အနိဗ္ဗဒ္ဓါ။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဟူသော တရားငါးပါးရှိ၏။ ကုသိုလ်ကောင်းမှုလည်း ပြုလုပ်ပါ၏။ ဒါပေမဲ့ ဆုတောင်းမှု(ပတ္ထနာ)ကိုမပြုရင် အဲဒီပုဂ္ဂိုလ်လားရာဂတိမမြဲဘူး။ ဆုမတောင်းရင် ကောင်းမှု ပြုပေမယ့် လားချင်ရာကို လားမယ်ဆိုတဲ့သဘောပေါ့။

၂။ ယဿ ပတ္ထနာ အတ္ထိ န ပဉ္စဓမ္မ၊ တဿဝိ ဂတိ အနိဗ္ဗဒ္ဓါ။

လိုချင်၊ ဖြစ်ချင်တဲ့ဆုကိုတော့ တောင်းပါ၏။ အဲဒီတရားငါးမျိုး မရှိရင်လည်း ဂတိမမြဲဘူး။ ဘာမှမလုပ်ဘဲ ဆုတောင်းလိုက်ရုံနဲ့တော့ ဘယ်ရနိုင်မလဲ။ နည်းများမတူ ထိုက်တန်တဲ့ အရင်းအနှီးတစ်ခုကိုတော့ မှန်မှန်ကန်ကန် မဆုတ်မနစ် စိတ်ပါလက်ပါလုပ်ရတယ်။

၃။ ယေသံ ဥဘယ မတ္ထိ၊ တေသံ ဂတိ နိဗ္ဗဒ္ဓါ။

သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာတရားငါးပါးနှင့်လည်း ပြည့်စုံ ၏။ ကောင်းမှုလည်းပြု၏။ တောင်းဆုလည်းဆို၏။ ဒီလိုဆိုရင် အဲဒီလူ ဂတိမြဲတယ်၊ ဆုတောင်းပြည့်တယ်ဆိုတာ အဲဒါမျိုးပေါ့။

ကောင်းကင်ကိုပစ်တင်လိုက်တဲ့ တုတ်ချောင်းဟာ အရင်းနဲ့ကျ လာမှာလား၊ အဖျားနဲ့ကျလာမှာလား၊ အလယ်နဲ့ကျလာမှာလားဆို တာကို မသတ်မှတ်နိုင်သလို သတ္တဝါတို့ရဲ့ ပဋိသန္ဓေယူခြင်းဆိုတာဟာ လည်း ဘယ်လိုဖြစ်မယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူး။ ဒါကြောင့် ကုသိုလ် ကောင်းမှုတစ်ခု ပြုလုပ်ပြီးတဲ့အခါ ဆုတောင်းရပါတယ်(မ-ဋ္ဌ ၄၊ ၁ဝ၇)။

ဆုတောင်းမှန်စေ


ဂတိမြဲတယ်ဆိုရင် အပယ်တံခါးပိတ်လို့ စိတ်ချရတယ်။ ဒီလို ပုဂ္ဂိုလ်ကို စူဠသောတာပန်လို့လည်း ခေါ်နိုင်တယ်။ ဒါကြောင့် ကောင်းမြတ် တဲ့ဆုမျိုးကို တောင်းကောင်းတယ်။ သူတစ်ပါးကိုဒုက္ခပေးမယ့် ဆုမျိုးကို တော့ မတောင်းသင့်ဘူး။

ဥပမာ နောင်ဘဝမှာ ဘီလူးဖြစ်ပြီး ဒီဘဝတုန်း က ဒုက္ခပေးသူတွေကို စားရပါလို၏ဆိုရင် မသင့်ပါဘူး။ ဥမ္မာဒန္တီတို့ရဲ့ ဆုတောင်းမျိုးလည်း မသင့်ပါဘူး။ ချစ်သူခင်သူ မိသားစု၊ ညီအစ်ကို မောင်နှမအနေနဲ့ ဘဝသံသရာမှာ အတူတူဖြစ်ချင်သေးတယ် ဆိုသူတွေ အတွက် အထက်ကပြောပြထားတဲ့ ပဉ္စဓမ္မာအရ တရားငါးပါးကို ဒီဘဝမှာ စိတ်တူကိုယ်တူပြုပြီး ဆုတောင်းအထူးပြုကြရင် ဘဝတိုင်းမဟုတ်ရင် တောင် အတော်နီးနီးစပ်စပ်ဖြစ်နိုင်ဖို့အခွင့်အရေးတွေ ရှိနေပါလိမ့်မယ်။

ခြွင်းချက်


သံသရာဒုက္ခမှလွတ်ဖို့ဆိုရင် ဆုတောင်းမှုထက် ကျင့်သုံးမှု (စရဏ) အဓိကဖြစ်သင့်တယ်။ ဥပမာ သြကာသကန်တော့ခန်းနဲ့ 'ဆွေ မျိုးပျက်၊ စည်းစိမ်ပျက်၊ ရောဂါရ၊ သီလပျက်၊ အယူပျက်ဆိုတဲ့ ပျက်စီးခြင်း (ဗျသန)ငါးမျိုးမှ လွတ်ပါရစေ'လို့ ဆုတောင်းရာမှာ ကိုယ်တိုင်က ဘာသီလ မှ မဆောက်တည်ဘဲနဲ့ သီလပျက်ခြင်းမှလွတ်ပါရစေလို့ ဆုတောင်းလို့ မရနိုင်ဘူး။

ဆုတောင်းသူဟာ အနည်းဆုံး သီလတော့ မဆောက်တည် သင့်ဘူးလား။ ကိုယ်ကိုယ်တိုင်က ဟိုလိုလိုဒီလိုလို လက်အုပ်ချီအဆင့် လောက်နဲ့ အယူပျက်ခြင်းမှ လွတ်ပါရစေလို့ ဆုတောင်းရင်ရော မှန်ပါ့ မလား။

ဒီအတွက် အနည်းဆုံး ယုံကြည်မှုဆိုင်ရာ ခိုင်လုံတဲ့ဆုံးဖြတ် ချက်တစ်ခုတော့ ရှိရလိမ့်မယ်။ ဒါကြောင့် ကုသိုလ်ပြုပြီး ဆုတောင်းရ မယ်ဆိုရာမှာ ဆုတောင်းနဲ့ လုပ်ငန်း တစ်ခြားစီဖြစ်
ကျင့်ကြံကျိုးကုတ်အားထုတ်အားထုတ်နိုင်ကြပါစေ။

photo credit

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good

nice

good

nice

good

ကောင်းတယ်ဗျ